• Follow Us on

Home ကခ်င္ျပည္နယ္ ဝန္ႀကီးခ်ဳပ္(ေဟာင္း)ဦးလဂြၽန္ငန္ဆိုင္း ၂၀၂၀ ေရြးေကာက္ပြဲ ၀င္ေရာက္မည္

ကခ်င္ျပည္နယ္ ဝန္ႀကီးခ်ဳပ္(ေဟာင္း)ဦးလဂြၽန္ငန္ဆိုင္း ၂၀၂၀ ေရြးေကာက္ပြဲ ၀င္ေရာက္မည္

Share this post

ျမစ္ႀကီးနား၊ ျသဂုတ္ ၃၀

၂၀၁၁ ခုႏွစ္မွ ၂၀၁၆ ခုႏွစ္အထိ ကခ်င္ျပည္နယ္တြင္ ၀န္ႀကီးခ်ဳပ္ အျဖစ္တာဝန္ယူခဲ့သည့္ လက္ရွိ ကခ်င္ျပည္နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးလဂြၽန္ငန္ဆိုင္းအေနႏွင့္ ၂၀၂၀ ေရြးေကာက္ပြဲတြင္ ထပ္မံ ၀င္ေရာက္ယွဉ္ၿပိဳင္သြားမည္ ျဖစ္ေၾကာင္း ျပည္ခိုင္ၿဖိဳးပါတီ၏ ကိုယ္စားလွယ္ေလာင္း စာရင္း ထုတ္ျပန္ခ်က္အရ သိရသည္။

လာမည့္ ၂၀၂၀ ျပည့္ႏွစ္ အေထြေထြေရြးေကာက္ပြဲတြင္ ဦးလဂြၽန္ငန္ဆိုင္း အေနႏွင့္ ကခ်င္ျပည္နယ္ မဲဆႏၵနယ္အမွတ္ (၁၀) အမ်ိဳးသားလႊတ္ေတာ္ (တႏိုင္းၿမိဳ႕နယ္) တြင္ ၀င္ေရာက္ယွဉ္ၿပိဳင္သြားမည္ ျဖစ္ေၾကာင္း ၎၏ ေဖ့ဘုတ္စာမ်က္ႏွာေပၚတြင္ ယခုကဲ့သို႔ ေရးသားေဖာ္ျပထားသည္။

“လႊတ္ေတာ္ကိုယ္စားလွယ္ေနရာေျပာင္းလဲၿပီး ေရြးေကာက္ပြဲေကာ္မရွင္သို႔ ေလ်ာက္ထားခဲ့ပါတယ္။ ၂၀၁၀ ႏွင့္ ၂၀၁၅ ေရြးေကာက္ပြဲမ်ား တြင္ ျပည္နယ္လႊတ္ေတာ္မဲဆႏၵနယ္အမွတ္(၁)၊ တႏိုင္းၿမိဳ႕နယ္မွ မဲဆႏၵနယ္ ျပည္သူမ်ားေထာက္ခံမႈျဖင့္ ေရြးခ်ယ္ခံရၿပီး ျပည္နယ္အက်ိဳးနဲ႔ တႏိုင္းၿမိဳ႕နယ္အက်ိဳးကို အတတ္ႏိုင္ဆုံးႀကိဳးစားေဆာင္ရြက္ခဲ့ပါတယ္။ ၂၀၂၀ ႏိုဝင္ဘာလ(၈)ရက္ေရြးေကာက္ပြဲတြင္ ႏိုင္ငံ့အက်ိဳး ျပည္နယ္အက်ိဳး ၿမိဳ႕နယ္အက်ိဳးကိုအုတ္တခ်ပ္ သဲတပြင့္အေနျဖင့္ ေဆာင္ရြက္ႏိုင္ေရးအတြက္
အမ်ိဳးသားလႊတ္ေတာ္ အမွတ္ (၁၀)
တႏိုင္းၿမိဳ႕နယ္တြင္ ဝင္ေရာက္ယွဉ္ၿပိဳင္ရန္ ၁/၈/၂၀၂၀ ရက္ေန႔တြင္ ျမစ္ႀကီးနားခ႐ိုင္ေကာ္မရွင္႐ုံးတြင္ ေလွ်ာက္ထားခဲ့ပါတယ္။
ေက်းဇူးတင္ပါတယ္” ဟု ေရးသားထားသည္။

ဦးလဂြၽန္ငန္ဆိုင္း သည္ ၂၀၁၀ ေရြးေကာက္ပြဲတြင္ ကခ်င္ျပည္နယ္ တႏိုင္းၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္(၁)၊ ျပည္နယ္လႊတ္ေတာ္မွ ၀င္ေရာက္ယွဉ္ၿပိဳင္ခဲ့ၿပီး အႏိုင္ရရွိကာ ၂၀၁၁ ခုႏွစ္မွ ၂၀၁၆ ခုႏွစ္အထိ ကခ်င္ျပည္နယ္တြင္ ၀န္ႀကီးခ်ဳပ္ တာဝန္အျဖစ္ ေဆာင္ရြက္ခဲ့သူ ျဖစ္သည္။

ထို႔အျပင္ ၿပီးခဲ့သည့္ ၂၀၁၅ ခုႏွစ္ ေရြးေကာက္ပြဲတြင္လည္း တႏိုင္းၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ အမွတ္(၁) မဲဆႏၵနယ္မွ ဆက္လက္ ၀င္ေရာက္ယွဉ္ၿပိဳင္ခဲ့ၿပီး ထပ္မံအႏိုင္ရရွိကာ လက္ရွိတြင္ကခ်င္ျပည္နယ္ လႊတ္ေတာ္ ကိုယ္စားလွယ္အျဖစ္ ေဆာင္ရြက္ေနသူလည္း ျဖစ္သည္။

သတင္း – ေကသီ(EPN)

ဓါတ္ပုံ – U Lajawn Ngan Seng(Facebook)

#PeopleMedia #2020election

(unicode)
ကချင်ပြည်နယ် ဝန်ကြီးချုပ်(ဟောင်း)ဦးလဂျွန်ငန်ဆိုင်း ၂၀၂၀ ရွေးကောက်ပွဲ ၀င်ရောက်မည်
…………………………………………………………………………..

မြစ်ကြီးနား၊ သြဂုတ် ၃၀

၂၀၁၁ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ ကချင်ပြည်နယ်တွင် ၀န်ကြီးချုပ် အဖြစ်တာဝန်ယူခဲ့သည့် လက်ရှိ ကချင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးလဂျွန်ငန်ဆိုင်းအနေနှင့် ၂၀၂၀ ရွေးကောက်ပွဲတွင် ထပ်မံ ၀င်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီ၏ ကိုယ်စားလှယ်လောင်း စာရင်း ထုတ်ပြန်ချက်အရ သိရသည်။

လာမည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ဦးလဂျွန်ငန်ဆိုင်း အနေနှင့် ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၁၀) အမျိုးသားလွှတ်တော် (တနိုင်းမြို့နယ်) တွင် ၀င်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း ၎င်း၏ ဖေ့ဘုတ်စာမျက်နှာပေါ်တွင် ယခုကဲ့သို့ ရေးသားဖော်ပြထားသည်။

“လွှတ်တော်ကိုယ်စားလှယ်နေရာပြောင်းလဲပြီး ရွေးကောက်ပွဲကော်မရှင်သို့ လျောက်ထားခဲ့ပါတယ်။ ၂၀၁၀ နှင့် ၂၀၁၅ ရွေးကောက်ပွဲများ တွင် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်အမှတ်(၁)၊ တနိုင်းမြို့နယ်မှ မဲဆန္ဒနယ် ပြည်သူများထောက်ခံမှုဖြင့် ရွေးချယ်ခံရပြီး ပြည်နယ်အကျိုးနဲ့ တနိုင်းမြို့နယ်အကျိုးကို အတတ်နိုင်ဆုံးကြိုးစားဆောင်ရွက်ခဲ့ပါတယ်။ ၂၀၂၀ နိုဝင်ဘာလ(၈)ရက်ရွေးကောက်ပွဲတွင် နိုင်ငံ့အကျိုး ပြည်နယ်အကျိုး မြို့နယ်အကျိုးကိုအုတ်တချပ် သဲတပွင့်အနေဖြင့် ဆောင်ရွက်နိုင်ရေးအတွက်
အမျိုးသားလွှတ်တော် အမှတ် (၁၀)
တနိုင်းမြို့နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ၁/၈/၂၀၂၀ ရက်နေ့တွင် မြစ်ကြီးနားခရိုင်ကော်မရှင်ရုံးတွင် လျှောက်ထားခဲ့ပါတယ်။
ကျေးဇူးတင်ပါတယ်” ဟု ရေးသားထားသည်။

ဦးလဂျွန်ငန်ဆိုင်း သည် ၂၀၁၀ ရွေးကောက်ပွဲတွင် ကချင်ပြည်နယ် တနိုင်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော်မှ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရရှိကာ ၂၀၁၁ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ ကချင်ပြည်နယ်တွင် ၀န်ကြီးချုပ် တာဝန်အဖြစ် ဆောင်ရွက်ခဲ့သူ ဖြစ်သည်။

ထို့အပြင် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင်လည်း တနိုင်းမြို့နယ် ပြည်နယ်လွှတ်တော် အမှတ်(၁) မဲဆန္ဒနယ်မှ ဆက်လက် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ထပ်မံအနိုင်ရရှိကာ လက်ရှိတွင်ကချင်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်နေသူလည်း ဖြစ်သည်။

သတင်း – ကေသီ(EPN)

ဓါတ်ပုံ – U Lajawn Ngan Seng(Facebook)

#PeopleMedia #2020election


Share this post