• Follow Us on
Latest News

Home ကခ်င္ျပည္နယ္ ဝိုင္းေမာ္ၿမိဳ႕နယ္ ဆဒုံးၿမိဳ႕တြင္ မဲ႐ုံဝန္ထမ္းမ်ားမွ မဲလက္မွတ္မ်ား မွားယြင္းထုတ္ေပး

ကခ်င္ျပည္နယ္ ဝိုင္းေမာ္ၿမိဳ႕နယ္ ဆဒုံးၿမိဳ႕တြင္ မဲ႐ုံဝန္ထမ္းမ်ားမွ မဲလက္မွတ္မ်ား မွားယြင္းထုတ္ေပး

Share this post

ဆဒုံး၊ နိုဝင္ဘာ ၈

မဲဆႏၵေပးသူမ်ားအတြက္ မဲလက္မွတ္ထုတ္ေပးရာမွာ မွားယြင္းစြာထုတ္ေပးမႈ ကခ်င္ျပည္နယ္ ဝိုင္းေမာ္ၿမိဳ႕နယ္၊ ဆဒုံးၿမိဳ႕ေပၚရွိ ရပ္ကြက္ ၂၊ မဲ႐ုံအမွတ္ ၄၅ တြင္ ျဖစ္ပြားခဲ့ေၾကာင္း ယင္းမဲ႐ုံမွ သိရပါတယ္။

အဆိုပါ မဲ႐ုံတြင္ ဆႏၵမဲလာေပးမည့္ ျပည္သူမ်ားကို ျပည္နယ္လႊတ္ေတာ္ အမွတ္(၂) မဲစာရြက္ထုတ္ေပးရမည့္ အစား အမ်ိဳးသားလႊတ္ေတာ္မဲစာရြက္မ်ား မွားထုတ္ေပးလိုက္ေၾကာင္း အမွတ္ ၄၅၊ မဲ႐ုံမွဴး ေဒၚေခါေလာ့မ္က ဆိုပါတယ္။

“မွားၿပီးမွ ျဖတ္ေပးလိုက္တာ။ ကၽြန္မတို႔က်ေတာ့ မမွားေအာင္ဆိုၿပီး ေျပာေတာ့ေျပာထားတာေပါ့။ သူတို႔ကို လည္း စစ္ဖို႔ ေျပာေတာ့ေျပာထားတယ္ဆိုေပမယ့္ ဒီမွာလည္း လူေတြတန္းစီေနတဲ့အခါက်ေတာ့ ကေလး ေတြလည္း မဲစာရြက္ေတြ မစုတ္ေအာင္ အဲလိုမ်ိဳးဂ႐ုစိုက္ၿပီး လုပ္ေနတဲ့အခါမွာ ေလာသြားေတာ့ မစစ္မိဘူးေလ။ မစစ္မိဘဲနဲ႔ အခုလိုျဖစ္သြားတာ” ဟု ေဒၚေခါေလာ့မ္က ေျပာပါတယ္။

အဆိုပါ လြဲမွားစြာ ထုတ္ေပးခဲ့သည့္ မဲဆႏၵရွင္ျပည္သူ ၄၉ ဦးရွိၿပီး ယင္းမွားယြင္းမႈႏွင့္ပတ္သက္၍ ျမစ္ႀကီးနား ခ႐ိုင္ ေရြးေကာက္ပြဲေကာ္မရွင္ကို အေၾကာင္းၾကားထားေၾကာင္း၊ ခ႐ိုင္ေကာ္မရွင္၏ လမ္းညြန္ခ်က္အရ ျပန္လည္စိစစ္၍ ကိုယ္စားလွယ္ေလာင္းမ်ား၏ သေဘာထားကို ညႇိႏွိုင္းေဆာင္ရြက္ထားေၾကာင္း ေဒၚေခါ ေလာ့မ္က ဆိုပါတယ္။

“မနက္စဖြင့္ၿပီးတဲ့ေနာက္မွာ ႏွစ္အုပ္ျဖတ္ၿပီးၿပီ။ တတိယအုပ္မွာျဖစ္တာ။ ၄၉ ေယာက္ထည့္ၿပီးတဲ့ေနာက္ပိုင္းမွာမွ ၅၀ ေယာက္ေရာက္မွ သတိထားမိတယ္။ ဒီကိစၥႏွင့္ ပတ္သက္ၿပီး ညြန္ၾကားလာတာကေတာ့ ဒီကိစၥကို အေကာင္းဆုံးနည္းနဲ႔ ေျဖရွင္းနိုင္တာကေတာ့ ထည့္သြားတဲ့လူေတြကို ျပန္ေဖၚမယ္။ ဒီထည့္ၿပီးသြားတဲ့ဟာကို ေတာ့ မဲေရတြက္တဲ့အခါမွာ ပယ္မဲအျဖစ္ထုတ္ထားမယ္ေပ့ါ။ က်န္တဲ့လူေတြကိုေတာ့ မဲ႐ုံကိုယ္စားလွယ္ေတြရဲ့ ဆႏၵေတာင္းၿပီးမွ ပယ္မဲလုပ္ဖို႔ေပါ့။ သူတို႔(မဲ႐ုံကိုယ္စားလွယ္)ကလည္း အားလုံးသေဘာတူတယ္” ဟု ေဒၚေခါေလာ့မ္က ေျပာပါတယ္။

အဆိုပါ မွားယြင္းစြာထုတ္ေပးခဲ့သည့္ မဲဆႏၵရွင္မ်ားကို ျပန္လည္ေခၚယူခဲ့ၿပီး လက္ရွိတြင္ မွားယြင္းမႈအတြက္ ျပန္လည္ ဆႏၵမဲေပးေနၿပီျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ဆဒုံးၿမိဳ႕ေပၚႏွင့္ ဆနာေက်းရြာအုပ္စုတြင္ မဲေပးနိုင္သည့္ ဦးေရ ၃၉၀၈ ဦးရွိေၾကာင္း ရွိေနပါတယ္။

ကိုၿဖိဳး

#PeopleMedia #EPN #2020election

(unicode)
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဆဒုံးမြို့တွင် မဲရုံဝန်ထမ်းများမှ မဲလက်မှတ်များ မှားယွင်းထုတ်ပေး
……………………………………………………….

ဆဒုံး၊ နိုဝင်ဘာ ၈

မဲဆန္ဒပေးသူများအတွက် မဲလက်မှတ်ထုတ်ပေးရာမှာ မှားယွင်းစွာထုတ်ပေးမှု ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်၊ ဆဒုံးမြို့ပေါ်ရှိ ရပ်ကွက် ၂၊ မဲရုံအမှတ် ၄၅ တွင် ဖြစ်ပွားခဲ့ကြောင်း ယင်းမဲရုံမှ သိရပါတယ်။

အဆိုပါ မဲရုံတွင် ဆန္ဒမဲလာပေးမည့် ပြည်သူများကို ပြည်နယ်လွှတ်တော် အမှတ်(၂) မဲစာရွက်ထုတ်ပေးရမည့် အစား အမျိုးသားလွှတ်တော်မဲစာရွက်များ မှားထုတ်ပေးလိုက်ကြောင်း အမှတ် ၄၅၊ မဲရုံမှူး ဒေါ်ခေါလော့မ်က ဆိုပါတယ်။

“မှားပြီးမှ ဖြတ်ပေးလိုက်တာ။ ကျွန်မတို့ကျတော့ မမှားအောင်ဆိုပြီး ပြောတော့ပြောထားတာပေါ့။ သူတို့ကို လည်း စစ်ဖို့ ပြောတော့ပြောထားတယ်ဆိုပေမယ့် ဒီမှာလည်း လူတွေတန်းစီနေတဲ့အခါကျတော့ ကလေး တွေလည်း မဲစာရွက်တွေ မစုတ်အောင် အဲလိုမျိုးဂရုစိုက်ပြီး လုပ်နေတဲ့အခါမှာ လောသွားတော့ မစစ်မိဘူးလေ။ မစစ်မိဘဲနဲ့ အခုလိုဖြစ်သွားတာ” ဟု ဒေါ်ခေါလော့မ်က ပြောပါတယ်။

အဆိုပါ လွဲမှားစွာ ထုတ်ပေးခဲ့သည့် မဲဆန္ဒရှင်ပြည်သူ ၄၉ ဦးရှိပြီး ယင်းမှားယွင်းမှုနှင့်ပတ်သက်၍ မြစ်ကြီးနား ခရိုင် ရွေးကောက်ပွဲကော်မရှင်ကို အကြောင်းကြားထားကြောင်း၊ ခရိုင်ကော်မရှင်၏ လမ်းညွန်ချက်အရ ပြန်လည်စိစစ်၍ ကိုယ်စားလှယ်လောင်းများ၏ သဘောထားကို ညှိနှိုင်းဆောင်ရွက်ထားကြောင်း ဒေါ်ခေါ လော့မ်က ဆိုပါတယ်။

“မနက်စဖွင့်ပြီးတဲ့နောက်မှာ နှစ်အုပ်ဖြတ်ပြီးပြီ။ တတိယအုပ်မှာဖြစ်တာ။ ၄၉ ယောက်ထည့်ပြီးတဲ့နောက်ပိုင်းမှာမှ ၅၀ ယောက်ရောက်မှ သတိထားမိတယ်။ ဒီကိစ္စနှင့် ပတ်သက်ပြီး ညွန်ကြားလာတာကတော့ ဒီကိစ္စကို အကောင်းဆုံးနည်းနဲ့ ဖြေရှင်းနိုင်တာကတော့ ထည့်သွားတဲ့လူတွေကို ပြန်ဖေါ်မယ်။ ဒီထည့်ပြီးသွားတဲ့ဟာကို တော့ မဲရေတွက်တဲ့အခါမှာ ပယ်မဲအဖြစ်ထုတ်ထားမယ်ပေ့ါ။ ကျန်တဲ့လူတွေကိုတော့ မဲရုံကိုယ်စားလှယ်တွေရဲ့ ဆန္ဒတောင်းပြီးမှ ပယ်မဲလုပ်ဖို့ပေါ့။ သူတို့(မဲရုံကိုယ်စားလှယ်)ကလည်း အားလုံးသဘောတူတယ်” ဟု ဒေါ်ခေါလော့မ်က ပြောပါတယ်။

အဆိုပါ မှားယွင်းစွာထုတ်ပေးခဲ့သည့် မဲဆန္ဒရှင်များကို ပြန်လည်ခေါ်ယူခဲ့ပြီး လက်ရှိတွင် မှားယွင်းမှုအတွက် ပြန်လည် ဆန္ဒမဲပေးနေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆဒုံးမြို့ပေါ်နှင့် ဆနာကျေးရွာအုပ်စုတွင် မဲပေးနိုင်သည့် ဦးရေ ၃၉၀၈ ဦးရှိကြောင်း ရှိနေပါတယ်။

ကိုဖြိုး

#PeopleMedia #EPN #2020election


Share this post