• Follow Us on

Home ကချင်ပြည်နယ် သယံဇာတဝန်ကြီးဟောင်း ဦးဒါရှီလဆိုင်းအား ထောင် ၂ နှစ်ချမှတ်

ကချင်ပြည်နယ် သယံဇာတဝန်ကြီးဟောင်း ဦးဒါရှီလဆိုင်းအား ထောင် ၂ နှစ်ချမှတ်

Share this post

မြစ်ကြီးနား၊ ဒီဇင်ဘာ ၁၃ (People Media)

 

ကချင်ပြည်နယ်အစိုးရအဖွဲ့မှ သယံဇာတဝန်ကြီးဟောင်း ဦးဒါရှီလဆိုင်းကို နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅(ခ) ဖြင့် ဒီဇင်ဘာ ၉ ရက်နေ့က ထောင် ၂ နှစ် ချမှတ်ခံလိုက်ရကြောင်း ၎င်း၏ ရှေ့နေများနှင့် မိသားစုဝင် များထံမှ သိရသည်။

 

ဖေဖော်ဝါရီ ၁ ရက်နေ့က ထိန်းသိမ်းခံရပြီး ရက်ပိုင်းအတွင်း ပြန်လွတ်လာခဲ့သည့် ပြည်နယ်ဝန်ကြီး ဦးဒါရှီလ ဆိုင်းသည် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်ကိုယ်စား ဝန်ထမ်းများရုံးမတက်ရန်နှင့် နောက်အစိုးရ သစ်မတက်မချင်း ရုံးပိတ်ထားသည်ဆိုသောစာကို လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့မှုဖြင့် ဖေဖော်ဝါရီ ၉ ရက်တွင် ဖမ်းဆီးထိန်းသိမ်းခံထားရကာ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅(ခ) ဖြင့် အမှုဖွင့်ခံခဲ့ရခြင်းဖြစ်သည်။

 

ဝန်ကြီးဟောင်း ဦးဒါရှီလဆိုင်းအား ၅၀၅(ခ)ဖြင့် တရားရင်ဆိုင်နေရသည်မှာ ၁၀ လခန့် ကြာမြင့်ခဲ့ပြီးနောက် ဒီဇင်ဘာ ၉ ရက်က မြစ်ကြီးနားမြို့နယ် တရားရုံးမှ ရာဇသတ်ကြီးပုဒ်မ ၅၀၅/(ခ)နှင့် ထောင်ဒဏ် ၂ နှစ် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

မြတ်မင်း(EPN)

 

#PeopleMedia #ဝန်ကြီးဟောင်းဦးဒါရှီလဆိုင်း #ကချင်ပြည်နယ်အစိုးရအဖွဲ့

 

(unicode)


………………………………………………………………

 


 


 


 


 


 



Share this post