• Follow Us on

Home ကချင်ပြည်နယ် အုပ်ချုပ်ရေးကောင်စီနှင့် ဆန္ဒပြသူများကြား ညှိနှိုင်းရေးအဖွဲ့ ဖွဲ့စည်းသည့် ကချင်ပြည်နယ် ပြည်သူ့ပါတီမှ ဒုဥက္ကဋ္ဌနှင့် ပါတီဝင်များကို ပါတီမှ နှုတ်ထွက်ခွင့်ပြု

ကချင်ပြည်နယ် အုပ်ချုပ်ရေးကောင်စီနှင့် ဆန္ဒပြသူများကြား ညှိနှိုင်းရေးအဖွဲ့ ဖွဲ့စည်းသည့် ကချင်ပြည်နယ် ပြည်သူ့ပါတီမှ ဒုဥက္ကဋ္ဌနှင့် ပါတီဝင်များကို ပါတီမှ နှုတ်ထွက်ခွင့်ပြု

Share this post

ရန်ကုန်၊ မတ် ၃ (People Media)

 

ကချင်ပြည်နယ်တွင် ဖြစ်ပေါ်နေလျက်ရှိသော ဆန္ဒပြမှုများနှင့် အကြမ်းဖက်ဖြိုခွင်းမှုများကို ညှိနှိုင်းဆွေးနွေးရေး နည်းဖြင့် အဖြေရှာရန် ဖွဲ့စည်းလိုက်သည့် အုပ်ချုပ်ရေးကောင်စီနှင့် ဆန္ဒပြသူများကြား ညှိနှိုင်းရေးအဖွဲ့ ဖွဲ့စည်း သည့် ကချင်ပြည်နယ် ပြည်သူ့ပါတီ KSPP မှ ဒုဥက္ကဋ္ဌနှင့် ပါတီဝင် (၄) ဦးကို ပါတီမှ နှုတ်ထွက်ခွင့်ပြုကြောင်း KSPP ပါတီ မှ ထုတ်ပြန်ကြေငြာသည်။

 

အုပ်ချုပ်ရေးကောင်စီနှင့် ဆန္ဒပြသူများကြား.ညှိနှိုင်းရေးအဖွဲ့ ဖွဲ့စည်းလိုက်သည့်အတွက် ပါတီမှ နှုတ်ထွက်ခွင့် ပြုရန် အထက်ပါလူပုဂ္ဂိုလ် ၅ ဦးက တင်ပြခဲ့ခြင်းဖြစ်ပြီး ယနေ့တွင် နှုတ်ထွက်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

 

“အတတ်နိုင်ဆုံး ဖမ်းဆီးတာမျိုးမဖြစ်ဖို့ ကြားကနေ ဖြန်ဖြေသွားဖို့ ပြည်သူဘက်ကနေ ရပ်တည်ပြီး အခုလို ဖွဲ့စည်းရတာဖြစ်တယ်” ဟု ဒေါ်ဘောက်ဂျာက ပြည်တွင်းမီဒီယာတစ်ခုအား ဖြေကြားထားမှုလဲရှိသည်။

 

လက်ရှိ ဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေအရ တပ်မတော်ဖွဲ့စည်းထားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ကောင်စီအဖွဲ့ဝင်များ ပတ်သက်ဆက်နွယ်မှုပြုသည့် နိုင်ငံရေးသမား များကို နိုင်ငံရေးပါတီတချို့မှ ထုတ်ပယ်လျက်ရှိသည်။

 

#PeopleMedia #KSPP

 

(unicode)

………………………………………………………….






#PeopleMedia #KSPP


Share this post