• Follow Us on

Home ကချင်ပြည်နယ် မြစ်ကြီးနားခရိုင်အတွင်းက ဘိန်းစိုက်ခင်းဧက တစ်ရာ့လေးဆယ်ကျော်အား ခြောက်ရက်အတွင်း ဖျက်ဆီးနိုင်ခဲ့

ကချင်ပြည်နယ် မြစ်ကြီးနားခရိုင်အတွင်းက ဘိန်းစိုက်ခင်းဧက တစ်ရာ့လေးဆယ်ကျော်အား ခြောက်ရက်အတွင်း ဖျက်ဆီးနိုင်ခဲ့

Share this post

မြစ်ကြီးနား၊ ဇန်နဝါရီ ၂၈ (People Media)
 
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်အတွင်းက ဘိန်းစိုက်ဧက တစ်ရာ့လေးဆယ်ကျော်အား ခြောက်ရက်အတွင်း ဖျက်ဆီးနိုင်ခဲ့ကြောင်း ကချင်ပြည်နယ် ရဲတပ်ဖွဲ့ရုံးမှ သိရသည်။
 
ကချင်ပြည်နယ် အတွင်း ဝိုင်းမော်မြို့နယ်နှင့် တနိုင်းမြို့နယ်တို့တွင် ဇန်နဝါရီ ၂၂ရက်နေ့မှ စပြီး ဇန်နဝါရီ ၂၇ ရက် အထိ ခြောက်ရက်အတွင်း ဘိန်းစိုက် ဧကပေါင်း တစ်ရာ့လေးဆယ်ကျော်အား သက်ဆိုင်ရာဌာနပေါင်းစုံဖြင့် ဖျက်ဆီးနိုင်ခဲ့ကြောင်း ကချင်ပြည်နယ် ရဲတပ်ဖွဲ့ ဒုတိယ ရဲမှူးကြီး ကျော်ဇင်က ပြောသည်။
 
“ကျနော်တို ဝိုင်းမော်မြို့နယ်နှင့် တနိုင်းမြို့နယ်တွေက ဘိန်းစိုက်ခင်း ဧကပေါင်း ၁၄၇.၅ ဧကကို ဖျက်ဆီးနိုင်ခဲ့ပါတယ်။ ဝိုင်းမော်မြို့နယ် ထဲက ဘိန်း စိုက်ခင်းပေါင်း (၉၅) ဧက နောက်ပြီးတော့ တနိင်းမြို့နယ်ထဲကတော့ (၅၂.၅)ဧကကို သက်ဆိုင်ရာ ဌာနပေါင်းစုံသွားရောက် ဖျက်ဆီးနိုင်ခဲ့တယ်။ ဝိုင်းမော်မြို့နယ်ထဲမှာ ဌာနပေါင်းစုံ လူအင်အားအနေဖြင့် (၁၄၇)ဦးနဲ့ တနိင်းမြို့နယ်မှာက (၁၄၃)ဦးတို့ သွားရောက် ဖျက်ဆီးခဲ့ကြတာဖြစ်တယ်”ဟု ၎င်းက ပြောသည်။
 
ထို့အပြင် ကချင်ပြည်နယ် ရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာဌာနများ ပူးပေါင်းပြီး ဝိုင်းမော်မြို့နယ်နှင့် တနိုင်းမြိုနယ်တို့တွင် ဘိန်းစိုက်ခင်းများကို ဖေဖော်ဝါရီ လဆန်းပိုင်းအထိ ဆက်လက်ရှာဖွေကာ ဖျက်ဆီးသွားမည်ဖြစ်ကြောင်း ဒုတိယ ရဲမှူးကြီး ကျော်ဇင် က ထည့်သွင်းပြောဆိုခဲ့သည်။
 
ကချင်ပြည်နယ်အတွင်း ဘိန်းစိုက်ရာသီအတွင်း နှစ်စဉ်နှစ်တိုင်းသက်ဆိုင်ရာ ဌာနပေါင်းစုံဖြင့် လိုက်လံဖျက်ဆီးခဲ့ရာ ၂၀၁၅/၂၀၁၆ ခုနှစ်တွင် (၃၈၀၇.၇၁) ဧက၊ ၂၀၁၆/၂၀၁၇ ခုနှစ်တွင် (၆၉.၂) ဧက၊ ၂၀၁၇/၁၈ တွင် (၁၆၀.၇၂) ဧက၊၂၀၁၈/၁၉ ခုနှစ်တွင် (၃၁၁.၇၂) ဧက၊ ၂၀၁၉/၂၀ ခုနစ်တွင် (၁၈၄.၅၁)ဧက နှင့် ၂၀၂၀/၂၁ ခုနှစ် ဇန်နဝါရီ ၂၇ရက်နေ့အထိ ဘိန်းစိုက်ခင်း ဧကပေါင်း (၁၄၇.၅)အထိ ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။
 
သတင်း – မင်းမင်း
 
ဓါတ်ပုံ – ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံး
 
#PeopleMedia #ကချင်ပြည်နယ် #မူးယစ
 
(unicode)
………………………………………

Share this post