• Follow Us on
Latest News

Home ကင်ဂျုံအန်ညီမက တောင်ကိုရီးယားကို ဆက်ဆံရေးဖြတ်တောက်ပစ်မည်ဟု သတိပေး

ကင်ဂျုံအန်ညီမက တောင်ကိုရီးယားကို ဆက်ဆံရေးဖြတ်တောက်ပစ်မည်ဟု သတိပေး

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၁၆ (People Media)

 

မြောက်ကိုရီးယားနှင့် တောင်ကိုရီးယားနိုင်ငံတို့က ပဲ့ထိန်းဒုံးကျည်များ အသီးသီးစမ်းသပ်ပစ်လွှတ်ခဲ့ပြီးနောက် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်၏ အာဏာအပြည့်ရှိသော ညီမဖြစ်သူကင်ယိုဂျောင်းက တောင်ကို ရီးယားသမ္မတကို သြဂုတ်လ ၁၅ ရက်နေ့က ပြစ်တင်ဝေဖန်လိုက်ပြီး နှစ်နိုင်ငံဆက်ဆံရေးကို လုံးဝဖြတ်တောက် ပစ်လိုက်မည်ဟု ခြိမ်းခြောက်လိုက်သည်။

 

အချိန်ဆွဲထားသည့် မြောက်ကိုရီးယား၏ နျူကလီးယားအစီအစဉ်များကို ရပ်တန့်သွားရန် ရည်ရွယ်သည့် ဆွေး နွေးပွဲများကျင်းပနေစဉ် နှစ်နိုင်ငံဒုံးကျည်ပစ်လွှတ်မှုများကြောင့် နှစ်နိုင်ငံကြားတင်းမာမှုများပြန်လည်ပေါ်ပေါက် လာခဲ့သည်။

 

တောင်ကိုရီးယား၏ ပထမဦးဆုံးရေငုပ်သင်္ဘောမှ ပဲ့ထိန်းဒုံးကျည်ပစ်လွှတ်မှုအပါအဝင် တောင်ကိုရီးယားနိုင်ငံ၏ ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုများကို လေ့လာကြည့်ရှုနေစဉ် တောင်ကိုရီးယားသမ္မတပြောကြားခဲ့သည့် စကားနှင့် ပတ်သက်၍ တောင်ကိုရီးယားသမ္မတမွန်းဂျေအင်အပေါ် ကင်ဂျုံအန်၏ညီမ ကင်ယိုဂျောင်းကပြစ်တင်ဝေဖန်ခဲ့ ခြင်းဖြစ်သည်။ အဆင့်မြှင့်တင်ထုတ်လုပ်ထားသောဒုံးကျည်များစသည် မြောက်ကိုရီးယားနိုင်ငံ၏ ရန်စမှုကို ဟန့် တားမှုတစ်ရပ်အဖြစ် တာဝန်ထမ်းဆောင်သွားမည်ဖြစ်ကြောင်း တောင်ကိုရီးယားသမ္မတမွန်းကပြောသည်။

 

မြောက်ကိုရီးယား၏ ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုများကို ရန်စမှုအဖြစ် ရည်ညွှန်းပြောဆိုခဲ့ခြင်းနှင့်ပတ်သက်၍ ကင်ယိုဂျောင်းက တောင်ကိုရီးယားသမ္မတမွန်းဂျေအင်အား ပြင်းပြင်းထန်ထန်ပြစ်တင်ဝေဖန်လိုက်ကြောင်း မြောက်ကိုရီးယားအစိုးရပိုင်မီဒီယာတွင်ဖော်ပြထားပြီး မြောက်ကိုရီးယားကို ဆက်လက်အသရေဖျက်ပြောဆိုနေ ပါက နှစ်နိုင်ငံဆက်ဆံရေးဖြတ်တောက်ပစ်မည်ဖြစ်ကြောင်း ကင်ယိုဂျောင်းကပြောသည်။

 

မြောက်ကိုရီးယားနိုင်ငံအနေဖြင့် နိုင်ငံတစ်ခုခုကိုပစ်မှတ်ထားခြင်းမရှိဘဲ ကိုယ့်နိုင်ငံကိုယ်ကာကွယ်နိုင်ရန် စစ် လက်နက်များထုတ်လုပ်နေခြင်းဖြစ်ကြောင်း၊ တောင်ကိုရီးယားသည်လည်း ယင်းကဲ့သို့ပင် စစ်လက်နက်များ တိုးချဲ့ထုတ်လုပ်နေကြောင်း ကင်ယိုဂျောင်းကပြောသည်။ နှစ်နိုင်ငံကြားဆက်ဆံရေးတင်မာမှုများလျှော့ချနိုင်ရန် အတွက် ဆွေးနွေးပွဲများပြုလုပ်ရန် တောင်းဆိုနေကြစဉ်အတွင်း မြောက်ကိုရီးယားနိုင်ငံက တောင်ကိုရီးယားနိုင် ငံကို ခေတ်မီလက်နက်များထုတ်လုပ်နေပြီး “သူတော်ကောင်းယောင်ဆောင်နေသည်” ဟု စွပ်စွဲပြောဆိုခဲ့သည်။

 

“တောင်ကိုရီးယားသမ္မတက ကျွန်မတို့နိုင်ငံအကြောင်း မဟုတ်မဟတ်တွေဆက်ပြောနေမယ်၊ သွားပုပ်လေလွင့် တွေဆက်ပြောနေမယ်ဆိုရင် ကျွန်မတို့ဆီက တုံ့ပြန်မှုတွေလာပါလိမ့်မယ်။ တောင်-မြောက် ကိုရီးယားဆက်ဆံ ရေး လုံးဝအဆုံးသတ်သွားတဲ့အထိ ဖြစ်လာပါလိမ့်မယ်။ ကျွန်မတို့ အဲဒီလိုဖြစ်မသွားစေချင်ပါဘူး။” ဟု သူမက ပြောသည်။

 

Ref: Kim Jong Un’s sister warns of ‘destruction’ of S.Korean ties

 

#PeopleMedia

 

(unicode)


………………………………………………………………..

 


 


 


 


 


 


 


 

Ref: Kim Jong Un’s sister warns of ‘destruction’ of S.Korean ties

 

#PeopleMedia


Share this post