• Follow Us on

Home ကင္မရြန္းနိုင္ငံ၌ ေသနတ္သမားမ်ားက စာသင္ေက်ာင္းအား စီးနင္တိုက္ခိုက္ရာ ကေလးငယ္ရွစ္ဦး ေသဆုံးၿပီး ၁၂ ဦး ဒဏ္ရာရ

ကင္မရြန္းနိုင္ငံ၌ ေသနတ္သမားမ်ားက စာသင္ေက်ာင္းအား စီးနင္တိုက္ခိုက္ရာ ကေလးငယ္ရွစ္ဦး ေသဆုံးၿပီး ၁၂ ဦး ဒဏ္ရာရ

Share this post

နိုင္ငံတကာ၊ ေအာက္တိုဘာ ၂၅
ကင္မရြန္းနိုင္ငံအေနာက္ေတာင္ပိုင္းရွိ စာသင္ေက်ာင္းတစ္ခုအား ယမန္ေန႔က ေသနတ္သမားမ်ား စီးနင္း တိုက္ခိုက္ခဲ့ရာ ကေလးငယ္ ရွစ္ဦးထက္မနည္း ေသဆုံးခဲ့ေၾကာင္း ကုလသမဂၢအဖြဲ႕က ေျပာၾကားခဲ့သည္။
Mother Francisca International Bilingual Academy ပိုင္ စာသင္ေက်ာင္းအား ေသနတ္မ်ား၊ ေတာ ခုတ္ဓားမ်ားျဖင့္ တိုက္ခိုက္မႈေၾကာင့္ ကေလးငယ္ ရွစ္ဦးထက္မနည္း ေသဆုံးခဲ့ေၾကာင္း ေအအက္ဖ္ပီသတင္းဌာန က ကုလသမဂၢ လူသားခ်င္းစာနာေထာက္ထားမႈေရးရာ ညႇိႏွိုင္းေရး႐ုံး (OCHA) အားကိုးကား၍ ေဖာ္ျပသည္။
တိုက္ခိုက္မႈေၾကာင့္ ကေလးငယ္ ၁၂ ဦး ဒဏ္ရာရရွိခဲ့ၿပီး ၄င္းတို႔ကို ေဒသႏၲရေဆး႐ုံမ်ားသို႔ ပို႔ေဆာင္ခဲ့ ေၾကာင္း၊ ယခုတိုက္ခိုက္မႈ ေဒသတြင္း၌ လက္ရွိအခ်ိန္ထိ အဆိုးရြားဆုံး တိုက္ခိုက္မႈမ်ားအနက္ တစ္ခုျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္က ဆိုသည္။
အၾကမ္းဖက္သမား ကိုးဦးပါအဖြဲ႕တစ္ဖြဲ႕က စာသင္ေက်ာင္းကို စီးနင္းတိုက္ခိုက္ကာ အသက္ ကိုးႏွစ္ႏွင့္ ၁၂ ႏွစ္ၾကား ကေလးငယ္မ်ားကို ပစ္ခတ္ခဲ့ရာ ကေလးငယ္မ်ား ေသဆုံးခဲ့ျခင္းဟု ရဲတပ္ဖြဲ႕ သတင္းရပ္ကြက္မ်ားက ေျပာသည္။
မူလတန္းေက်ာင္းသားမ်ားအေပၚ လူမဆန္ေသာတိုက္ခိုက္မႈ လုပ္ေဆာင္ခဲ့ျခင္းအတြက္ ဝမ္းနည္း ေၾကာင္းေဖာ္ျပရန္ စကားလုံးမရွိဟု အာဖရိကသမဂၢ ဥကၠဌ ေမာ့ဆာဖာကီမာဟာမတ္က တြစ္တာလူမႈကြန္ရက္၌ ေရးသားခဲ့သည္။
“ခြမ္ဘာၿမိဳ႕မွာ ကေလးငယ္ေတြအေပၚ က်ဴးလြန္ခဲ့တဲ့ ရက္စက္ၾကမ္းၾကဳတ္မႈေတြကို ကၽြန္ေတာ္ ရႈတ္ခ်ပါ တယ္” ဟု ကင္မရြန္း က်န္းမာေရးဝန္ႀကီး မာလာခ်ီမာနာေအာ္ဒါက ေျပာသည္။
တိုက္ခိုက္မႈႏွင့္ပတ္သက္၍ မည္သည့္အဖြဲ႕ကမွ ၄င္းတို႔၏လက္ခ်က္ဟု မေျပာၾကားခဲ့ေသာ္လည္း ခြမ္ဘာ ေဒသတြင္ အင္ဂလိုဖုန္း ခြဲထြက္ေရးသမားမ်ားႏွင့္ အစိုးရတပ္ဖြဲ႕မ်ားၾကား အၾကမ္းဖက္မႈျဖစ္ပြားေနသည္မွာ သုံး ႏွစ္ၾကာျမင့္ၿပီျဖစ္သည္။
ကိုးကား – ရိုက္တာ
Ref; Gunmen storm school in Cameroon, kill at least 8 students
(unicode)
ကင်မရွန်းနိုင်ငံ၌ သေနတ်သမားများက စာသင်ကျောင်းအား စီးနင်တိုက်ခိုက်ရာ ကလေးငယ်ရှစ်ဦး သေဆုံးပြီး ၁၂ ဦး ဒဏ်ရာရ
……………………………..
နိုင်ငံတကာ၊ အောက်တိုဘာ ၂၅
ကင်မရွန်းနိုင်ငံအနောက်တောင်ပိုင်းရှိ စာသင်ကျောင်းတစ်ခုအား ယမန်နေ့က သေနတ်သမားများ စီးနင်း တိုက်ခိုက်ခဲ့ရာ ကလေးငယ် ရှစ်ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ကုလသမဂ္ဂအဖွဲ့က ပြောကြားခဲ့သည်။
Mother Francisca International Bilingual Academy ပိုင် စာသင်ကျောင်းအား သေနတ်များ၊ တော ခုတ်ဓားများဖြင့် တိုက်ခိုက်မှုကြောင့် ကလေးငယ် ရှစ်ဦးထက်မနည်း သေဆုံးခဲ့ကြောင်း အေအက်ဖ်ပီသတင်းဌာန က ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုရေးရာ ညှိနှိုင်းရေးရုံး (OCHA) အားကိုးကား၍ ဖော်ပြသည်။
တိုက်ခိုက်မှုကြောင့် ကလေးငယ် ၁၂ ဦး ဒဏ်ရာရရှိခဲ့ပြီး ၄င်းတို့ကို ဒေသန္တရဆေးရုံများသို့ ပို့ဆောင်ခဲ့ ကြောင်း၊ ယခုတိုက်ခိုက်မှု ဒေသတွင်း၌ လက်ရှိအချိန်ထိ အဆိုးရွားဆုံး တိုက်ခိုက်မှုများအနက် တစ်ခုဖြစ်ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။
အကြမ်းဖက်သမား ကိုးဦးပါအဖွဲ့တစ်ဖွဲ့က စာသင်ကျောင်းကို စီးနင်းတိုက်ခိုက်ကာ အသက် ကိုးနှစ်နှင့် ၁၂ နှစ်ကြား ကလေးငယ်များကို ပစ်ခတ်ခဲ့ရာ ကလေးငယ်များ သေဆုံးခဲ့ခြင်းဟု ရဲတပ်ဖွဲ့ သတင်းရပ်ကွက်များက ပြောသည်။
မူလတန်းကျောင်းသားများအပေါ် လူမဆန်သောတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ခြင်းအတွက် ဝမ်းနည်း ကြောင်းဖော်ပြရန် စကားလုံးမရှိဟု အာဖရိကသမဂ္ဂ ဥက္ကဌ မော့ဆာဖာကီမာဟာမတ်က တွစ်တာလူမှုကွန်ရက်၌ ရေးသားခဲ့သည်။
“ခွမ်ဘာမြို့မှာ ကလေးငယ်တွေအပေါ် ကျူးလွန်ခဲ့တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ကျွန်တော် ရှုတ်ချပါ တယ်” ဟု ကင်မရွန်း ကျန်းမာရေးဝန်ကြီး မာလာချီမာနာအော်ဒါက ပြောသည်။
တိုက်ခိုက်မှုနှင့်ပတ်သက်၍ မည်သည့်အဖွဲ့ကမှ ၄င်းတို့၏လက်ချက်ဟု မပြောကြားခဲ့သော်လည်း ခွမ်ဘာ ဒေသတွင် အင်ဂလိုဖုန်း ခွဲထွက်ရေးသမားများနှင့် အစိုးရတပ်ဖွဲ့များကြား အကြမ်းဖက်မှုဖြစ်ပွားနေသည်မှာ သုံး နှစ်ကြာမြင့်ပြီဖြစ်သည်။
ကိုးကား – ရိုက်တာ
Ref; Gunmen storm school in Cameroon, kill at least 8 students


Share this post