• Follow Us on

Home ကင္းလွည့္ေရယာဉ္ေျခာက္စင္း ဗီယက္နမ္ကို ဂ်ပန္ကူညီမည္

ကင္းလွည့္ေရယာဉ္ေျခာက္စင္း ဗီယက္နမ္ကို ဂ်ပန္ကူညီမည္

Share this post

၂၀၂၀၊ ၾသဂုတ္ ၁၁

ေတာင္တ႐ုတ္ပင္လယ္အတြင္း တ႐ုတ္ႏိုင္ငံက ပိုင္နက္နယ္ေျမေတာင္းဆိုမႈမ်ား တိုးျမႇင့္လုပ္ေဆာင္ေန ခ်ိန္ ပင္လယ္ေရေၾကာင္း ဥပေဒစိုးမိုးေရး စြမ္းေဆာင္ရည္မ်ား တိုးတက္လာေစမည့္ ဗီယက္နမ္ႏိုင္ငံသို႔ ကင္းလွည့္ ေရယာဉ္ေျခာက္စင္း ေထာက္ပံ့ရန္ ဂ်ပန္ႏိုင္ငံက ယန္း ၃၆ ဒသမ ၆ ဘီလီယံ (အေမရိကန္ေဒၚလာ ၃၄၅ သန္း) တန္ေၾကးရွိ ေခ်းေငြ သေဘာတူညီခ်က္တစ္ရပ္ကို ဗီယက္နမ္ႏိုင္ငံႏွင့္ လက္မွတ္ေရးထိုးလိုက္ၿပီျဖစ္သည္။

ကမ္းလြန္အရင္းအျမစ္မ်ား ထိန္းခ်ဳပ္ရန္ႀကိဳးပမ္းမႈအျဖစ္ တ႐ုတ္ႏိုင္ငံက ေတာင္တ႐ုတ္ပင္လယ္ေရလမ္း ေၾကာင္း ဧရိယာအမ်ားစု၌ ပိုင္နက္နယ္ေျမပိုင္ဆိုင္ေၾကာင္း ဥပေဒႏွင့္မညီ ေတာင္းဆိုခဲ့ၿပီး ဗီယက္နမ္ႏိုင္ငံႏွင့္ အ ျခားတိုင္းျပည္မ်ားကို ရန္စမႈမ်ားျပဳလုပ္ေနသည္ဟုဆိုကာ အေမရိကန္ႏိုင္ငံက တ႐ုတ္ႏိုင္ငံအေပၚ ရပ္တည္ခ်က္ တင္းမာမႈျပသေနခ်ိန္ သေဘာတူညီခ်က္ ျပဳလုပ္ျခင္းျဖစ္သည္။

ဂ်ပန္ႏိုင္ငံက ေတာင္တ႐ုတ္ပင္လယ္အတြင္း ပင္ လယ္ေရေၾကာင္း လႈပ္ရွားမႈတိုးခ်ဲ႕ျခင္းအျပင္ ပိုင္နက္နယ္ေျမႏွင့္ပတ္သက္၍ တ႐ုတ္ႏိုင္ငံ၏ အျငင္းပြားနယ္ေျမ အတြင္း စစ္ဇုန္ျပဳလုပ္ျခင္းကို ဂ်ပန္ႏိုင္ငံက ျပစ္တင္ေဝဖန္ခဲ့ၿပီး ယင္းသို႔ေသာအျပဳအမူမ်ားက တစ္ဖက္သတ္ ႀကိဳးပမ္းမႈမ်ားျဖစ္သလို အေျခအေနကို တင္းမာေစသည္ဟု ေျပာသည္။

ဂ်ပန္အျပည္ျပည္ဆိုင္ရာ ပူးေပါင္းေဆာင္ရြက္ေရးေအဂ်င္စီ (JICA) က ဇူလိုင္လ ၂၈ ရက္တြင္ ဟႏြိဳင္းၿမိဳ႕ ေတာ္၌ ဗီယက္နမ္အစိုးရႏွင့္ သေဘာတူညီခ်က္ကို လက္မွတ္ေရးထိုးခဲ့ျခင္းျဖစ္ေၾကာင္း JICA က ေျပာသည္။

ဂ်ပန္ႏိုင္ငံက ဗီယက္နမ္ႏိုင္ငံသို႔ ငါးဖမ္းသေဘၤာမ်ား ေထာက္ပံ့ခဲ့ဖူးေသာ္လည္း ကင္းလွည့္ေရယာဉ္မ်ား ေထာက္ပံ့မႈ မွာ ပထမဆုံးအႀကိမ္ ျဖစ္လာမည္ဟု ႏိုင္ငံျခားေရးဝန္ႀကီးဌာနမွ တာဝန္ရွိသူတစ္ဦး၏ ေျပာၾကားခ်က္အရ သိရ သည္။

ကင္းလွည့္ေရယာဉ္ေျခာက္စင္းမွာ အသစ္မ်ားျဖစ္ၿပီး ဂ်ပန္ႏိုင္ငံထုတ္ျဖစ္ေၾကာင္း အဆိုပါပုဂၢိဳလ္က ဆို သည္။

“စီမံကိန္းအရ ဗီယက္နမ္ကမ္းေျခေစာင့္တပ္ဖြဲ႕ကို ေရယာဉ္ေတြဝယ္ယူဖို႔ ေငြေၾကးေထာက္ပံ့မွာျဖစ္သလို ပင္လယ္ေရေၾကာင္း စစ္ဆင္ေရးေဆာင္ရြက္မႈနဲ႔ ပင္လယ္ေရေၾကာင္း တရားဥပေဒစိုးမိုးေရးတို႔ တိုးတက္လာေစဖို႔ ပံ့ပိုးမွာလည္းျဖစ္ပါတယ္။ ဒါ႔အျပင္ လြတ္လပ္တဲ့ေရေၾကာင္းေမာင္းႏွင္မႈကိုလည္း ျမႇင့္တင္ေပးမွာျဖစ္ပါတယ္” ဟု JICA က ထုတ္ျပန္ခ်က္တစ္ခုအတြင္း ေျပာၾကားသည္။

တ႐ုတ္အစိုးရ၏ ေရယာဉ္မ်ားက အိမ္နီးခ်င္းတိုင္းျပည္ မ်ားမွ ငါးဖမ္းသေဘၤာမ်ားကို သတိေပးပစ္ခတ္မႈမ်ား ျပဳလုပ္ခဲ့သလို အထူးသီးသန္႔ စီးပြားေရးဇုန္အတြင္း ဗီယက္ နမ္ႏိုင္ငံ၏ ေရနံႏွင့္ဓာတ္ေငြ႕တူးေဖာ္မႈကို ဟန္႔တားေႏွာင့္ယွက္ခဲ့သည္။

ထိုစီမံကိန္းေၾကာင့္ အင္ဒို-ပစိဖိတ္ေဒသတြင္ လြတ္လပ္ေသာ ေရေၾကာင္းေမာင္းႏွင္မႈရရွိေရး အေထာက္ အကူျပဳကာ ေတာင္တ႐ုတ္ပင္လယ္အတြင္း ဘ႐ူႏိုင္း၊ မေလးရွား၊ ဖိလစ္ပိုင္၊ ဗီယက္နမ္၊ တ႐ုတ္တိုင္ေပတို႔ႏွင့္ ပိုင္ နက္နယ္ေျမအျငင္းပြားမႈ ျဖစ္ပြားေနသည့္ တ႐ုတ္ႏိုင္ငံကို တန္ျပန္ႏိုင္မည္ျဖစ္သည္။

ေတာင္တ႐ုတ္ပင္လယ္ဝန္း က်င္၌ ျဖစ္ပြားေနေသာ ျပႆနာမ်ားက အဆိုပါပင္လယ္အတြင္း အဓိကေရလမ္းေၾကာင္းရွိသည့္ ဂ်ပန္ႏိုင္ငံအ တြက္ စိုးရိမ္စရာတစ္ခု ျဖစ္လာယုံသာမက အင္ဒို-ပစိဖိတ္ေဒသတြင္ ၿငိမ္းခ်မ္းေရးႏွင့္ တည္ၿငိမ္မႈကို တိုက္႐ိုက္ ၿခိမ္းေျခာက္သည္ဟု ရႈျမင္သည့္ ႏိုင္ငံတကာ အသိုင္းအဝိုင္းအတြက္ ျပႆနာတစ္ခု ျဖစ္လာခဲ့သည္။

တင္းမာမႈမ်ား ျမင့္တက္ေစမည့္ တစ္ဖက္သတ္ ေဆာင္ရြက္ခ်က္မ်ား ေရွာင္ၾကဉ္ၾကရန္ႏွင့္ တရားဥပေဒ စိုးမိုးေရး အေျခခံစည္းမ်ဉ္းအေပၚ အေျခခံ၍ ျပဳမူၾကရန္ တ႐ုတ္အပါအဝင္ သက္ဆိုင္ရာတိုင္းျပည္မ်ားကို တိုက္ တြန္းေၾကာင္း ၿပီးခဲ့သည့္လကထုတ္ျပန္ခဲ့သည့္ စာတမ္းျဖဴအတြင္း ဂ်ပန္ ကာကြယ္ေရးဝန္ႀကီးဌာနက ေျပာသည္။

တ႐ုတ္ႏွင့္ တ႐ုတ္တိုင္ေပတို႔က ပိုင္ဆိုင္သည္ဟုဆိုေသာ, အေရွ႕တ႐ုတ္ပင္လယ္အတြင္းရွိ ဆင္ကာကူကြၽန္းစုအား ဂ်ပန္ႏိုင္ငံက အုပ္ခ်ဳပ္ရန္ႀကိဳးပမ္းမႈကို တ႐ုတ္ႏိုင္ငံက ကဖ်က္ကယက္လုပ္ရန္ ႀကိဳးပမ္းလ်က္ရွိရာ ေတာင္တ ႐ုတ္ပင္လယ္အတြင္း တ႐ုတ္ႏိုင္ငံ၏ ျပဳမူေဆာင္ရြက္ခ်က္မ်ားက ဂ်ပန္ႏိုင္ငံအတြက္ တိုက္႐ိုက္ ဂယက္႐ိုက္ခတ္မႈ မ်ား ရွိခဲ့သည္။

ကိုးကား ။ ။ က်ိဳဒိုနယူးစ္

Ref; Japan and Vietnam ink first patrol ship deal as South China Sea row heats up

#PeopleMedia

(unicode)
ကင်းလှည့်ရေယာဉ်ခြောက်စင်း ဗီယက်နမ်ကို ဂျပန်ကူညီမည်
……………………………………………..

၂၀၂၀၊ ဩဂုတ် ၁၁

တောင်တရုတ်ပင်လယ်အတွင်း တရုတ်နိုင်ငံက ပိုင်နက်နယ်မြေတောင်းဆိုမှုများ တိုးမြှင့်လုပ်ဆောင်နေ ချိန် ပင်လယ်ရေကြောင်း ဥပဒေစိုးမိုးရေး စွမ်းဆောင်ရည်များ တိုးတက်လာစေမည့် ဗီယက်နမ်နိုင်ငံသို့ ကင်းလှည့် ရေယာဉ်ခြောက်စင်း ထောက်ပံ့ရန် ဂျပန်နိုင်ငံက ယန်း ၃၆ ဒသမ ၆ ဘီလီယံ (အမေရိကန်ဒေါ်လာ ၃၄၅ သန်း) တန်ကြေးရှိ ချေးငွေ သဘောတူညီချက်တစ်ရပ်ကို ဗီယက်နမ်နိုင်ငံနှင့် လက်မှတ်ရေးထိုးလိုက်ပြီဖြစ်သည်။

ကမ်းလွန်အရင်းအမြစ်များ ထိန်းချုပ်ရန်ကြိုးပမ်းမှုအဖြစ် တရုတ်နိုင်ငံက တောင်တရုတ်ပင်လယ်ရေလမ်း ကြောင်း ဧရိယာအများစု၌ ပိုင်နက်နယ်မြေပိုင်ဆိုင်ကြောင်း ဥပဒေနှင့်မညီ တောင်းဆိုခဲ့ပြီး ဗီယက်နမ်နိုင်ငံနှင့် အ ခြားတိုင်းပြည်များကို ရန်စမှုများပြုလုပ်နေသည်ဟုဆိုကာ အမေရိကန်နိုင်ငံက တရုတ်နိုင်ငံအပေါ် ရပ်တည်ချက် တင်းမာမှုပြသနေချိန် သဘောတူညီချက် ပြုလုပ်ခြင်းဖြစ်သည်။

ဂျပန်နိုင်ငံက တောင်တရုတ်ပင်လယ်အတွင်း ပင် လယ်ရေကြောင်း လှုပ်ရှားမှုတိုးချဲ့ခြင်းအပြင် ပိုင်နက်နယ်မြေနှင့်ပတ်သက်၍ တရုတ်နိုင်ငံ၏ အငြင်းပွားနယ်မြေ အတွင်း စစ်ဇုန်ပြုလုပ်ခြင်းကို ဂျပန်နိုင်ငံက ပြစ်တင်ဝေဖန်ခဲ့ပြီး ယင်းသို့သောအပြုအမူများက တစ်ဖက်သတ် ကြိုးပမ်းမှုများဖြစ်သလို အခြေအနေကို တင်းမာစေသည်ဟု ပြောသည်။

ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) က ဇူလိုင်လ ၂၈ ရက်တွင် ဟနွိုင်းမြို့ တော်၌ ဗီယက်နမ်အစိုးရနှင့် သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း JICA က ပြောသည်။

ဂျပန်နိုင်ငံက ဗီယက်နမ်နိုင်ငံသို့ ငါးဖမ်းသင်္ဘောများ ထောက်ပံ့ခဲ့ဖူးသော်လည်း ကင်းလှည့်ရေယာဉ်များ ထောက်ပံ့မှု မှာ ပထမဆုံးအကြိမ် ဖြစ်လာမည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရ သည်။

ကင်းလှည့်ရေယာဉ်ခြောက်စင်းမှာ အသစ်များဖြစ်ပြီး ဂျပန်နိုင်ငံထုတ်ဖြစ်ကြောင်း အဆိုပါပုဂ္ဂိုလ်က ဆို သည်။

“စီမံကိန်းအရ ဗီယက်နမ်ကမ်းခြေစောင့်တပ်ဖွဲ့ကို ရေယာဉ်တွေဝယ်ယူဖို့ ငွေကြေးထောက်ပံ့မှာဖြစ်သလို ပင်လယ်ရေကြောင်း စစ်ဆင်ရေးဆောင်ရွက်မှုနဲ့ ပင်လယ်ရေကြောင်း တရားဥပဒေစိုးမိုးရေးတို့ တိုးတက်လာစေဖို့ ပံ့ပိုးမှာလည်းဖြစ်ပါတယ်။ ဒါ့အပြင် လွတ်လပ်တဲ့ရေကြောင်းမောင်းနှင်မှုကိုလည်း မြှင့်တင်ပေးမှာဖြစ်ပါတယ်” ဟု JICA က ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောကြားသည်။

တရုတ်အစိုးရ၏ ရေယာဉ်များက အိမ်နီးချင်းတိုင်းပြည် များမှ ငါးဖမ်းသင်္ဘောများကို သတိပေးပစ်ခတ်မှုများ ပြုလုပ်ခဲ့သလို အထူးသီးသန့် စီးပွားရေးဇုန်အတွင်း ဗီယက် နမ်နိုင်ငံ၏ ရေနံနှင့်ဓာတ်ငွေ့တူးဖော်မှုကို ဟန့်တားနှောင့်ယှက်ခဲ့သည်။

ထိုစီမံကိန်းကြောင့် အင်ဒို-ပစိဖိတ်ဒေသတွင် လွတ်လပ်သော ရေကြောင်းမောင်းနှင်မှုရရှိရေး အထောက် အကူပြုကာ တောင်တရုတ်ပင်လယ်အတွင်း ဘရူနိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ တရုတ်တိုင်ပေတို့နှင့် ပိုင် နက်နယ်မြေအငြင်းပွားမှု ဖြစ်ပွားနေသည့် တရုတ်နိုင်ငံကို တန်ပြန်နိုင်မည်ဖြစ်သည်။

တောင်တရုတ်ပင်လယ်ဝန်း ကျင်၌ ဖြစ်ပွားနေသော ပြဿနာများက အဆိုပါပင်လယ်အတွင်း အဓိကရေလမ်းကြောင်းရှိသည့် ဂျပန်နိုင်ငံအ တွက် စိုးရိမ်စရာတစ်ခု ဖြစ်လာယုံသာမက အင်ဒို-ပစိဖိတ်ဒေသတွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုကို တိုက်ရိုက် ခြိမ်းခြောက်သည်ဟု ရှုမြင်သည့် နိုင်ငံတကာ အသိုင်းအဝိုင်းအတွက် ပြဿနာတစ်ခု ဖြစ်လာခဲ့သည်။

တင်းမာမှုများ မြင့်တက်စေမည့် တစ်ဖက်သတ် ဆောင်ရွက်ချက်များ ရှောင်ကြဉ်ကြရန်နှင့် တရားဥပဒေ စိုးမိုးရေး အခြေခံစည်းမျဉ်းအပေါ် အခြေခံ၍ ပြုမူကြရန် တရုတ်အပါအဝင် သက်ဆိုင်ရာတိုင်းပြည်များကို တိုက် တွန်းကြောင်း ပြီးခဲ့သည့်လကထုတ်ပြန်ခဲ့သည့် စာတမ်းဖြူအတွင်း ဂျပန် ကာကွယ်ရေးဝန်ကြီးဌာနက ပြောသည်။

တရုတ်နှင့် တရုတ်တိုင်ပေတို့က ပိုင်ဆိုင်သည်ဟုဆိုသော, အရှေ့တရုတ်ပင်လယ်အတွင်းရှိ ဆင်ကာကူကျွန်းစုအား ဂျပန်နိုင်ငံက အုပ်ချုပ်ရန်ကြိုးပမ်းမှုကို တရုတ်နိုင်ငံက ကဖျက်ကယက်လုပ်ရန် ကြိုးပမ်းလျက်ရှိရာ တောင်တ ရုတ်ပင်လယ်အတွင်း တရုတ်နိုင်ငံ၏ ပြုမူဆောင်ရွက်ချက်များက ဂျပန်နိုင်ငံအတွက် တိုက်ရိုက် ဂယက်ရိုက်ခတ်မှု များ ရှိခဲ့သည်။

ကိုးကား ။ ။ ကျိုဒိုနယူးစ်

Ref; Japan and Vietnam ink first patrol ship deal as South China Sea row heats up

#PeopleMedia


Share this post