• Follow Us on

Home ကင်းထောက်လေယာဉ်အတွက် ဆုံလည်စက်အမြောက်ကို အမေရိကန်ကြည်းတပ် စမ်းသပ်ပစ်ခတ်

ကင်းထောက်လေယာဉ်အတွက် ဆုံလည်စက်အမြောက်ကို အမေရိကန်ကြည်းတပ် စမ်းသပ်ပစ်ခတ်

Share this post

နိုင်ငံတကာ၊ နိုဝင်ဘာ ၁၂ (People Media)

 

အနာဂတ်မျိုးဆက်သစ်တိုက်ခိုက်ရေးကင်းထောက်လေယာဉ် (Future Attack Reconnaissance Aircraft – FARA) တွင် တပ်ဆင်အသုံးပြုသွားမည့် ၂၀ မမ ဆုံလည်စက်အမြောက်စွမ်းရည်များကို အမေရိကန် ကြည်း တပ်က စမ်းသပ်ပစ်ခတ်ခဲ့ကြောင်းသိရသည်။

 

အရီဇိုးနားပြည်နယ်ရှိ Yuma စက်ပစ်ကွင်းတွင် ပထမဦးဆုံးအကြိမ်စမ်းသပ်ခဲ့ပြီးဖြစ်သဖြင့် အဆိုပါလက်နက် စ နစ်သစ်သည် လေယာဉ်ဦးတည်လမ်းကြောင်းမခွဲခြားဘဲ ပစ်မှတ်ကို လိုသလိုပစ်ခတ်နိုင်သည့် ဆုံလည်အောက် ခံခုံတွင်တပ်ဆင်ထားသည့် စက်အမြောက်အဖြစ် တာဝန်ထမ်းဆောင်သွားမည်ဖြစ်သည်။

 

အဆိုပါဆုံလည်စက်အမြောက်သည် (လေယာဉ်) မြန်နှုန်းမြင့်သွားလာနေသည့်အချိန်တွင် ပစ်မှတ်ကိုတိကျစွာ ပစ်ခတ်နိုင်ကြောင်း အမေရိကန်ကြည်းတပ် လေကြောင်းပစ်ခတ်မှုအကြီးအကဲ ဒုတိယဗိုလ်မှူးကြီးကမ်မရွန်ကို့ဖ် က ပြောသည်။ ဒုတိယဗိုလ်မှူးကြီးကမ်မရွန်ကို့ဖ်က ကင်းထောက်လေယာဉ် လေယာဉ်မှူးအဖြစ် ၎င်း၏အတွေ့ အကြုံကို ရည်ညွှန်းကိုးကားပြီး ဆုံလည်စက်အမြောက်၏ စွမ်းရည်ကိုထောက်ခံပြောဆိုခဲ့သည်။

 

လွန်ခဲ့သည့်နှစ်က အမေရိကန်ကြည်းတပ်သည် တစ်မိနစ်လျှင် ကျည် ၁၅၀၀ ပစ်ခတ်နိုင်ပြီး ၁၁၅ ပေါင် (၅၂ ကီ လိုဂရမ်) အလေးချိန်ရှိသည့် XM915 အမည်ရှိ  ပြောင်းသုံးခုပါ ၂၀ မမ ဆုံလည်စက်အမြောက်ကိုမိတ်ဆက်ခဲ့ သည်။

 

မျိုးဆက်သစ်တိုက်ခိုက်ရေးကင်းထောက်လေယာဉ် FARA တွင်တပ်ဆင်အသုံးပြုရန် လက်နက်အလေးချိန်ကို လျှော့ချထားသော်လည်း အဆိုပါဆုံလည်စက်အမြောက်သည် ကြည်းတပ်တွင်အသုံးပြုရန် ထိရောက်မှုအတွက် လုံလောကသောအကွာအဝေးကို ထောက်ပံ့ပေးနိုင်ကြောင်း လက်နက်ထုတ်လုပ်ရေးအင်ဂျင်နီယာများကပြော သည်။

 

 

“အင်ဂျင်နီယာကဏ္ဍဖြစ်တဲ့ ထုတ်လုပ်ရေးပိုင်းမှာတော့ သိသာထင်ရှားတဲ့တိုးတက်မှုကို ကျွန်တော်တို့ရရှိထားခဲ့ ပြီးပါပြီ။ လာမယ့်နှစ်တွေမှာဆက်လုပ်မယ့် ထုတ်လုပ်စမ်းသပ်မှုတွေကတော့ စစ်လေယာဉ်တွေအတွက် နည်းပ ညာပိုင်းမှာ အလွန်အရေးကြီးတဲ့အပိုင်းဖြစ်ပါတယ်။” ဟု ခေတ္တ Future Vertical Lift စုဆောင်းရေးဦးဆောင်သူ မိုက်ကယ်ကာနယ်လိုက ၂၀၂၀ ပြည့်နှစ်တွင်ပြောကြားခဲ့သည်။

 

လေယာဉ်ကင်းထောက်တာဝန်ထမ်းဆောင်နေစဉ်အတွင်း ပြောင်းရွှေ့ရလွယ်ကူပြီး ဘေးအန္တရာယ်ကင်းရှင်းမှု ပိုမိုရရှိစေရန်အတွက် မျိုးဆက်သစ်တိုက်ခိုက်ရေးကင်းထောက်လေယာဉ် FARA အနေဖြင့် ပေါ့ပါးသည့် စက် အမြောက်များကို ဦးစားပေးရွေးချယ်လိုကြောင်း XM915 ၂၀ မမ ဆုံလည်စက်အမြောက်ထုတ်လုပ်သူများကို ပြောပြထားခဲ့သည်။

 

အပြန်အလှန်အားဖြင့် လက်နက်ထုတ်လုပ်သည့်အင်ဂျင်နီယာများက လက်နက်ပုံစံထောင်နှင့်ချီ၍ ထုတ်လုပ်ခဲ့ ကြသလို လေယာဉ်နှင့် လက်နက် ကိုက်ညီစေရန်အတွက် သဏ္ဍန်တူပစ်ခတ်လေ့ကျင့်မှုများကိုလည်းပြုလုပ်ခဲ့ ကြကြောင်းသိရသည်။

 

Ref: US Army Tests New Gatling Gun for Reconnaissance Aircraft

 

#PeopleMedia

 

(unicode)


……………………………………………………….

 


 


 


 


 


 


 

 


 


 


 

Ref: US Army Tests New Gatling Gun for Reconnaissance Aircraft

 

#PeopleMedia


Share this post