• Follow Us on

Home ကတ္ရွ္မီးယားတြင္ အိႏိၵယက မစ္ဇိုင္းေလာင္ခ်ာမ်ားခ်ထားဟု ပါကစၥ တန္က ကုလကို စာေရးသားေပးပို႔

ကတ္ရွ္မီးယားတြင္ အိႏိၵယက မစ္ဇိုင္းေလာင္ခ်ာမ်ားခ်ထားဟု ပါကစၥ တန္က ကုလကို စာေရးသားေပးပို႔

Share this post

အိႏၵိယထိန္းခ်ဳပ္ထားတဲ့ ကတ္ရွ္မီးယားေဒသမွာ အိႏၵိယက မစ္ဇိုင္းေလာင္ခ်ာေတြခ်ထားေၾကာင္း အခုလ အတြင္း ကုလသမဂၢကို စာေရးသားေပးပို႔ အသိေပးခဲ့ေၾကာင္း ပါကစၥတန္ႏုိင္ငံျခားေရး၀န္ႀကီးက ဒီဇင္ဘာ ၁၉ ရက္ေန႔မွာ ေျပာပါတယ္။

ေပးပို႔ခဲ့တဲ့စာထဲမွာ ကတ္ရွ္မီးယားေဒသတြင္း လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြကို အာ႐ုံလႊဲဖုိ႔အတြက္ အိႏၵိယက ပါကစၥတန္ကို တိုက္ခိုက္ဖို႔ ျပင္ဆင္ေနတာကို စိုးရိမ္မိေၾကာင္း ေရးသားထားတယ္လို႔ ပါကစၥတန္၀န္ႀကီးခ်ဳပ္ရွာ မာမြတ္ ကူရက္ရွိက ေျပာပါတယ္။

အခုလို စြပ္စြဲခ်က္အတြက္ ၄င္းက သက္ေသအေထာက္အထားတစ္စံုတစ္ရာကို ေဖာ္ျပေျပာဆိုျခင္းမရွိခဲ့ပါဘူး။

ၿပီးခဲ့တဲ့ ၾသဂုတ္လ ၅ ရက္မွာ အိႏၵိယက ၄င္းတို႔ထိန္းခ်ဳပ္ထားတဲ့ ကတ္ရွ္မီးယားေဒသရဲ႕ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ကို ဖယ္ရွားခဲ့ၿပီးေနာက္ အိႏၵိယနဲ႔ ပါကစၥတန္တို႔ၾကား အေျခအေနတင္းမာမႈေတြျမင့္တက္လာခဲ့ပါတယ္။

Ref; abcnews.go.com

#PeopleMedia #International

(Unicode)
ကတ်ရှ်မီးယားတွင် အိန္ဒိယက မစ်ဇိုင်းလောင်ချာများချထားဟု ပါကစ္စ တန်က ကုလကို စာရေးသားပေးပို့
…………………………………………………………

အိန္ဒိယထိန်းချုပ်ထားတဲ့ ကတ်ရှ်မီးယားဒေသမှာ အိန္ဒိယက မစ်ဇိုင်းလောင်ချာတွေချထားကြောင်း အခုလ အတွင်း ကုလသမဂ္ဂကို စာရေးသားပေးပို့ အသိပေးခဲ့ကြောင်း ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးက ဒီဇင်ဘာ ၁၉ ရက်နေ့မှာ ပြောပါတယ်။

ပေးပို့ခဲ့တဲ့စာထဲမှာ ကတ်ရှ်မီးယားဒေသတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အာရုံလွှဲဖို့အတွက် အိန္ဒိယက ပါကစ္စတန်ကို တိုက်ခိုက်ဖို့ ပြင်ဆင်နေတာကို စိုးရိမ်မိကြောင်း ရေးသားထားတယ်လို့ ပါကစ္စတန်ဝန်ကြီးချုပ်ရှာ မာမွတ် ကူရက်ရှိက ပြောပါတယ်။

အခုလို စွပ်စွဲချက်အတွက် ၄င်းက သက်သေအထောက်အထားတစ်စုံတစ်ရာကို ဖော်ပြပြောဆိုခြင်းမရှိခဲ့ပါဘူး။

ပြီးခဲ့တဲ့ ဩဂုတ်လ ၅ ရက်မှာ အိန္ဒိယက ၄င်းတို့ထိန်းချုပ်ထားတဲ့ ကတ်ရှ်မီးယားဒေသရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ဖယ်ရှားခဲ့ပြီးနောက် အိန္ဒိယနဲ့ ပါကစ္စတန်တို့ကြား အခြေအနေတင်းမာမှုတွေမြင့်တက်လာခဲ့ပါတယ်။

Ref; abcnews.go.com

#PeopleMedia #International


Share this post