• Follow Us on

Home ကတ္႐ွ္မီးယားေဒသအထူးအေျခအေနျပန္႐ုတ္သိမ္းခံသည့္ေန႔တြင္ ဆႏၵျပရန္ စီစဥ္ထားေသာ္လည္း အိႏၵိယအစိုးရက ညမထြက္ရအမိန္႔ထုတ္

ကတ္႐ွ္မီးယားေဒသအထူးအေျခအေနျပန္႐ုတ္သိမ္းခံသည့္ေန႔တြင္ ဆႏၵျပရန္ စီစဥ္ထားေသာ္လည္း အိႏၵိယအစိုးရက ညမထြက္ရအမိန္႔ထုတ္

Share this post

နယူးေဒလီ၊ ၾသဂုတ္ ၄

ကတ္႐ွ္မီးယားေဒသကို အထူးအေျခအေနကျပန္႐ုတ္သိမ္းခဲ့သည့္ၾသဂုတ္ ၅ ရက္တြင္ အိႏၵိယထိန္းခ်ဳပ္သည့္ ကတ္႐ွ္မီးယားဘက္ျခမ္းတြင္ ဆႏၵျပပြဲမ်ားစီစဥ္ထားေသာ္လည္း အိႏၵိယအစိုးရက ညမထြက္ရအမိန္႔ထုတ္ခဲ့သည္။

ၾသဂုတ္ ၅ ရက္ကို အနက္ေရာင္ေန႔အျဖစ္ ျမင္ေတြ႕ရရန္စီစဥ္ေနၾကသည့္အဖြဲ႔မ်ား၏ အၾကမ္းဖက္လုပ္ရပ္မ်ားကို ကာကြယ္ႏိုင္ရန္ ညမထြက္ရအမိန္႔ထုတ္ျပန္ျခင္းဟု အိႏၵိယအရာ႐ွိမ်ားကေျပာသည္။ COVID-19 ေၾကာင့္ လူအမ်ားအျပားစုေ၀းျခင္းကို ခြင့္ျပဳမထားေၾကာင္းလည္းေျပာသည္။

ၿပီးခဲ့သည့္ႏွစ္တြင္ ထိုေဒသကို အိႏၵိယဗဟိုအစိုးရအုပ္ခ်ဳပ္သည့္ေဒသ ၂ ခုအျဖစ္ခြဲၿပီး တစိတ္တပိုင္းကို ယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသအေျခအေနကိုလည္း ျပန္႐ုတ္သိမ္းခဲ့သည္။

တစ္ႏွစ္ျပည့္ႏွစ္ပတ္လည္ေန႔တြင္ ေဒသတြင္းတင္းမာမႈမ်ား႐ွိေနၿပီး အိႏၵိယအစိုးရက တပ္ဖြဲ႔မ်ားပိုမိုေနရာခ်ထား သည္။

ၿပီးခဲ့သည့္ႏွစ္က တစိတ္တပိုင္းကိုယ္ပိုင္ခ်ဳပ္ခြင့္ရေဒသအျဖစ္ျပန္႐ုတ္သိမ္းၿပီးေနာက္ အိႏၵိယတစ္ႏိုင္ငံလံုးက ဆံုးျဖတ္ခ်က္ကို က်ယ္က်ယ္ျပန္႔ျပန္႔ႀကိဳဆိုခဲ့ေသာ္လည္း ကတ္႐ွ္မီးယားတြင္ ေဒါသတႀကီးတံု႔ျပန္ခဲ့ၾကသည္။

ညမထြက္ရအမိန္႔ထုတ္ခဲ့ၿပီး လူေထာင္ခ်ီကိုထိန္းသိမ္းခဲ့သည့္အျပင္ အဆက္အသြယ္လည္းျဖတ္ေတာက္ခဲ့ သည္။

Ref : Article 370: Curfew in Kashmir as protesters plan ‘black day’

#PeopleMedia

(unicode)
ကတ်ရှ်မီးယားဒေသအထူးအခြေအနေပြန်ရုတ်သိမ်းခံသည့်နေ့တွင် ဆန္ဒပြရန် စီစဉ်ထားသော်လည်း အိန္ဒိယအစိုးရက ညမထွက်ရအမိန့်ထုတ်
………………………………………………………

နယူးဒေလီ၊ ဩဂုတ် ၄

ကတ်ရှ်မီးယားဒေသကို အထူးအခြေအနေကပြန်ရုတ်သိမ်းခဲ့သည့်ဩဂုတ် ၅ ရက်တွင် အိန္ဒိယထိန်းချုပ်သည့် ကတ်ရှ်မီးယားဘက်ခြမ်းတွင် ဆန္ဒပြပွဲများစီစဉ်ထားသော်လည်း အိန္ဒိယအစိုးရက ညမထွက်ရအမိန့်ထုတ်ခဲ့သည်။

ဩဂုတ် ၅ ရက်ကို အနက်ရောင်နေ့အဖြစ် မြင်တွေ့ရရန်စီစဉ်နေကြသည့်အဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကို ကာကွယ်နိုင်ရန် ညမထွက်ရအမိန့်ထုတ်ပြန်ခြင်းဟု အိန္ဒိယအရာရှိများကပြောသည်။ COVID-19 ကြောင့် လူအများအပြားစုဝေးခြင်းကို ခွင့်ပြုမထားကြောင်းလည်းပြောသည်။

ပြီးခဲ့သည့်နှစ်တွင် ထိုဒေသကို အိန္ဒိယဗဟိုအစိုးရအုပ်ချုပ်သည့်ဒေသ ၂ ခုအဖြစ်ခွဲပြီး တစိတ်တပိုင်းကို ယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအခြေအနေကိုလည်း ပြန်ရုတ်သိမ်းခဲ့သည်။

တစ်နှစ်ပြည့်နှစ်ပတ်လည်နေ့တွင် ဒေသတွင်းတင်းမာမှုများရှိနေပြီး အိန္ဒိယအစိုးရက တပ်ဖွဲ့များပိုမိုနေရာချထား သည်။

ပြီးခဲ့သည့်နှစ်က တစိတ်တပိုင်းကိုယ်ပိုင်ချုပ်ခွင့်ရဒေသအဖြစ်ပြန်ရုတ်သိမ်းပြီးနောက် အိန္ဒိယတစ်နိုင်ငံလုံးက ဆုံးဖြတ်ချက်ကို ကျယ်ကျယ်ပြန့်ပြန့်ကြိုဆိုခဲ့သော်လည်း ကတ်ရှ်မီးယားတွင် ဒေါသတကြီးတုံ့ပြန်ခဲ့ကြသည်။

ညမထွက်ရအမိန့်ထုတ်ခဲ့ပြီး လူထောင်ချီကိုထိန်းသိမ်းခဲ့သည့်အပြင် အဆက်အသွယ်လည်းဖြတ်တောက်ခဲ့ သည်။

Ref : Article 370: Curfew in Kashmir as protesters plan ‘black day’

#PeopleMedia


Share this post