• Follow Us on

Home ကန်တပ်များဆုတ်ခွာမည့်နောက်ဆုံးရက် ဘိုင်ဒန်အတည်ပြုလိုက်ပြီးနောက် တာလီဘန်လက်အောက်မှ ထွက် ခွာခွင့်ရရန် အာဖဂန်လူမျိုးများ အပြင်းအထန်ကြိုးပမ်း

ကန်တပ်များဆုတ်ခွာမည့်နောက်ဆုံးရက် ဘိုင်ဒန်အတည်ပြုလိုက်ပြီးနောက် တာလီဘန်လက်အောက်မှ ထွက် ခွာခွင့်ရရန် အာဖဂန်လူမျိုးများ အပြင်းအထန်ကြိုးပမ်း

Share this post

နိုင်ငံတကာ၊ သြဂုတ် ၂၅ (People Media)

 

သမ္မတဂျိုးဘိုင်ဒန်က လာမည့်သီတင်းပတ်တွင် အမေရိကန်ဦးဆောင်သော ဘေးကင်းရာသို့ရွှေ့ပြောင်းရေးအစီ အစဉ်ကို အဆုံးသတ်မည်ဖြစ်ကြောင်း အတည်ပြုပြောကြားလိုက်ပြီးနောက် မျှော်လင့်ချက်ကင်းမဲ့နေသောအာဖ ဂန်လူမျိုးများမှာ တာလီဘန်များလက်အောက်မှ ထွက်ခွာခွင့်ရရှိရေး အလုအယက်ကြိုးပမ်းလျက်ရှိသည်။

 

လူဦးရေ ၇၀,၀၀၀ ကျော်ကို ကယ်ထုတ်ပြီးဖြစ်သော်လည်း တာလီဘန်တို့အုပ်ချုပ်မှုအောက်တွင် လက်တုံ့ပြန်မှု များ၊ ဖိနှပ်မှုများ၏အန္တရာယ်ကို ကြောက်လန့်စိုးရိမ်ပြီး အာဖဂန်နစ္စတန်မှထွက်ပြေးရန်မျှော်လင့်ချက်ဖြင့် ကြီးမား သောလူအုပ်ကြီးမှာ ကဘူးလေဆိပ်အပြင်ဘက်တွင်ကျန်ရှိနေဆဲဖြစ်သည်။

 

ဘေးဒုက္ခရောက်နေသောအာဖဂန်လူမျိုးအားလုံး နောက်ဆုံးသတ်မှတ်ရက်တွင် တိုင်းပြည်မှထွက်ခွာနိုင်မည်မ ဟုတ်ကြောင်း ဥရောပမဟာမိတ်နိုင်ငံများက သတိပေးပြောကြားနေသော်လည်း အာဖဂန်နစ္စတန်မှ အမေရိကန် တပ်များနောက်ဆုံးထွက်ခွာရမည့်ရက်ကို သြဂုတ်လ ၃၁ ရက်နေ့ သတ်မှတ်ထားခြင်းအား ပြောင်းလဲမှုမရှိ ကြောင်း အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က သြဂုတ်လ ၂၄ ရက်နေ့ကပြောသည်။

 

“ကျွန်တော်တို့အမေရိကန်တပ်ဆုတ်ခွာမှု မြန်မြန်ပြီးလေ ကောင်းလေပဲ။ စစ်ဆင်ရေးတာဝန်ထမ်းဆောင်နေရတဲ့ နေ့ရက်တိုင်းဟာ ကျွန်တော်တို့တပ်မတော်သားတွေအတွက် အန္တရာယ်ရှိပါတယ်။ သြဂုတ်လ ၃၁ ရက်နေ့ အပြီး ဆုတ်ခွာသွားမှာပါ။” ဟု ဘိုင်ဒန်ကပြောသည်။

 

တာလီဘန်များမှာ လေဆိပ်သို့သွားရန်ကြိုးစားနေသည့်လူအုပ်ကြီးအား ပိတ်ဆို့ထားကြောင်း သို့မဟုတ် နှောင့် နှေးကြန့်ကြာအောင် ပြုလုပ်နေကြောင်း စွပ်စွဲခံနေရသည်။ သို့သော် တာလီဘန်များက စွပ်စွဲချက်များကို ငြင်းဆို ထားသည်။ တာလီဘန်များမှာ ကူညီရန်ဆောင်ရွက်နေသော်လည်း အစ္စလာမ်မစ်နိုင်ငံမှ ဒေသခံဂျီဟတ်ဝါဒီများ တိုက်ခိုက်လာမည့်အန္တရာယ်ကိုလည်း စိုးရိမ်ရကြောင်း သမ္မတဂျိုးဘိုင်ဒန်ကပြောသည်။

 

စီအိုင်အေညွှန်ကြားရေးမှူး ဝီလျံဘန်းစ်သည် တာလီဘန်ထိပ်တန်းခေါင်းဆောင်များနှင့်တွေ့ဆုံရန်ထွက်ခွာသွား ကြောင်း အမေရိကန်မီဒီယာများတွင်အင်္ဂါနေ့ကဖော်ပြခဲ့ကြသော်လည်း အမေရိကန်တပ်များနောက်ဆုံးဆုတ်ခွာ မည့်ရက်ကို ပြန်လည်ပြင်ဆင်ရန် ညှိနှိုင်းမည်မဟုတ်ဘဲ ဘေးကင်းလုံခြုံစွာရွှေ့ပြောင်းပေးရေးနှင့် အကြမ်းဖက် ခြိမ်းခြောက်မှုများအကြောင်းကိုသာဆွေးနွေးမည်ဖြစ်ကြောင်း နယူးယော့ခ်တိုင်းမ်စ် သတင်းစာတွင်ဖော်ပြသည်။

 

တာလီဘန်များက နိုင်ငံကို ပိုမိုပျော့ပြောင်းစွာအုပ်ချုပ်သွားမည်ဖြစ်ကြောင်း၊ တတ်နိုင်သမျှအားလုံးပါဝင်သည့် အစိုးရအဖွဲ့ကိုဖွဲ့စည်းသွားမည်ဖြစ်ကြောင်း၊ အတိုက်အခံများအားလုံးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးမည်ဖြစ် ကြောင်း၊ အမျိုးသမီးများအခွင့်အရေးကို အာမခံမည်ဖြစ်ကြောင်းပြောသော်လည်း အာဖဂန်လူမျိုးအများအပြား မှာ ထိတ်လန့်ကြောက်ရွံ့နေဆဲဖြစ်ပြီး ၎င်းတို့ကတိကဝတ်များကို မယုံကြည်ကြပေ။

 

ထိတ်လန့်ကြောက်ရွံ့မှုများပြေပျောက်စေရန် ကြိုးပမ်းသည့်အနေဖြင့် နိုင်ငံတော်က ဆရာဝန်များ၊ အင်ဂျင်နီယာ များကဲ့သို့ အာဖဂန်လူမျိုးကျွမ်းကျင်ပညာရှင်များကိုအလိုရှိကြောင်းပြောဆိုရင်း အာဖဂန်လူမျိုးများတိုင်းပြည်မှ ထွက်မပြေးရန် တာလီဘန်ပြောခွင့်ရပုဂ္ဂိုလ်က အင်္ဂါနေ့ကပြောသည်။

 

သို့သော် လုံခြုံရေးအခြေအနေများ တိုးတက်မှုမရှိမချင်း အာဖဂန်အစိုးရအတွက်အလုပ်လုပ်ခဲ့သည့် အမျိုးသမီး များ အိမ်ပြင်သို့မထွက်ဘဲ အိမ်တွင်း၌သာနေထိုင်ရန် ဇဘီဟူလာမူဂျာဟစ်ကဖြည့်စွက်ပြောသည်။ အာဖဂန်အ မျိုးသမီးများအနေဖြင့် ပညာသင်ကြားရေးနှင့် အလုပ်လုပ်ကိုင်ခွင့်ကို ရယူဆောင်ရွက်နိုင်ကြောင်း၊ သို့သော် ယင်းသို့ဆောင်ရွက်ရာတွင် အစ္စလာမ်မစ်ဘောင်အတွင်းမှသာဆောင်ရွက်ရမည်ဖြစ်ကြောင်း တာလီဘန်များက ပြောသည်။

 

Ref: Afghans race to flee Taliban after Biden confirms airlift deadline

 

#PeopleMedia

 

(unicode)


……………………………………………………………………..

 


 


 


 


 


 


 


 


 


 


 

Ref: Afghans race to flee Taliban after Biden confirms airlift deadline

 

#PeopleMedia


Share this post