• Follow Us on

Home ကန်ဒေါ်လာဘီလျံချီတန်သည့် အမေရိကန်လက်နက်များ တာလီဘန်များ သိမ်းဆည်းရရှိ

ကန်ဒေါ်လာဘီလျံချီတန်သည့် အမေရိကန်လက်နက်များ တာလီဘန်များ သိမ်းဆည်းရရှိ

Share this post

နိုင်ငံတကာ၊ သြဂုတ် ၂၀ (People Media)

 

တာလီဘန်များသည် အာဖဂန်အစိုးရတပ်များကိုအောင်နိုင်ပြီးနောက် အာဖဂန်အစိုးရအား အမေရိကန်အစိုးရက ထောက်ပံ့ထားသည့် ဘီလျံနှင့်ချီ၍တန်ဖိုးရှိသော လက်နက်ခဲယမ်းနှင့် စစ်ပစ္စည်းများအားသိမ်းဆည်းရရှိခဲ့သည်။

 

M-16 မောင်းပြန်ရိုင်ဖယ်သေနတ်များမှအစ သံချပ်ကာဟမ်းဗီးယာဉ်များအထိ အမေရိကန်ထုတ်စစ်လက်နက် ပစ္စည်းများကိုင်ဆောင်ထားသည့်တာလီဘန်များပုံကို မီဒီယာများပေါ်တွင်တွေ့မြင်နေရပြှီး UH-60 Black Hawk ရဟတ်ယာဉ်များနှင့် A-29 Super Tucano တိုက်လေယာဉ်ကိုလည်း သိမ်းဆည်းရရှိထားကြောင်း သိရသည်။

 

တာလီဘန်များက အာဖဂန်စစ်တပ်ကစွန့်ပစ်ထားခဲ့သည့် ယာဉ်များကိုစစ်ဆေးနေသည့်ပုံများနှင့် ဒရုန်းများနှင့် ညကြည့်မျက်မှန်များအပါအဝင် စစ်လက်နက်ပစ္စည်းသေတ္တာများကို ဖွင့်ဖောက်ကြည့်နေသည့်ပုံများကို ဗီဒီယို ထဲတွင်မြင်နေသည်။ “မဖျက်ဆီးခဲ့တဲ့ စစ်လက်နက်ပစ္စည်းအားလုံး အခုတော့ တာလီဘန်တွေအတွက်ဖြစ်သွား တာပေါ့။” ဟု အမေရိကန်အရာရှိတစ်ဦးကပြောသည်။

 

အမေရိကန်အစိုးရသည် အာဖဂန်စစ်တပ်ကို လေ့ကျင့်ထောက်ပံ့ပေးရန် အနှစ်နှစ်ဆယ်အတွင်း အမေရိကန်ဒေါ် လာ ၈၃ ဘီလျံသုံးစွဲခဲ့ရာ ယင်းငွေကြေးထဲတွင် စစ်လက်နက်ပစ္စည်းများထောက်ပံ့မှုလည်းအပါအဝင်ဖြစ်သည်။ အမေရိကန်အစိုးရက အာဖဂန်စစ်တပ်ကို လေယာဉ် အစင်း ၂၀၀ ကျော်၊ လက်နက်ကြီး/ငယ် ၆၀၀,၀၀၀ လက်၊   ဆက်သွယ်ရေးစက်များနှင့်ဆက်စပ်ပစ္စည်းများ ၁၆၀,၀၀၀ စုံနှင့်အတူ ၂၀၀၃ ခုနှင့် ၂၀၀၆ ခုနှစ်ကြားကာလတွင် စစ်ဘက်ဆိုင်ရာယာဉ် ၇၅,၀၀၀ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း Government Accountability Office အစီရင်ခံ စာအရသိရသည်။

 

စစ်လက်နက်ပစ္စည်းအချို့ကို ဖျက်ဆီးခဲ့နိုင်ခဲ့ပြီး လေယာဉ်အစင်း ၅၀ ခန့်ကို အာဖဂန်လေယာဉ်မှူးများ မောင်း နှင်ထွက်ပြေးသွားခဲ့သော်လည်း တာလီဘန်များအနေဖြင့် သံချပ်ကာကားအစီးရေ ၂,၀၀၀ ကျော်နှင့် လေယာဉ် အစင်း ၄၀ သိမ်းဆည်းရရှိသွားကြောင်း အမေရိကန်အရာရှိများကပြောသည်။

 

သို့သော် ရဟတ်ယာဉ်များနှှင့် တိုက်လေယာဉ်များကဲ့သို့ ခေတ်မီစစ်လက်နက်ပစ္စည်းများမှာ အဆင့်မြင့်သင် တန်းများတက်ရောက်ခြင်း၊ ကျွမ်းကျင်စွာလေ့ကျင့်ထားခြင်းမရှိဘဲ သုံးစွဲရန်ခက်ခဲမည်ဖြစ်ကြောင်း စစ်ဘက်ရေး ရာကျွမ်းကျင်သူများကပြောသည်။  သို့နှင့်တိုင် အိုင်အက်စ်အိုင်အက်စ်၊ ရုှရှားနှင့် တရုတ်နိုင်ငံတို့မှ ကျွမ်းကျင် ပ ညာရှင်များခေါ်ယူပြီးအသုံးပြုမည်ကို စိုးရိမ်နေကြသည်။

 

ပင်တဂွန်စစ်ဌာနချုပ်အနေဖြင့် မည်သည့်ဆုံးဖြတ်ချက်မှမချရသေးသော်လည်း လေယာဉ်များကဲ့သို့ ထုထည် ကြီးမားသောစစ်လက်နက်ပစ္စည်းများကို လေကြောင်းတိုက်ခိုက်မှုဖြင့်ဗုံးကြဲဖျက်ဆီးခြင်းမပြုရန် ထည့်သွင်းစဉ်း စားထားခြင်းမရှိကြောင်း အမေရိကန်အရာရှိတစ်ဦးကပြောသည်။

 

Ref: Taliban Seizes Billions in US-Supplied Weaponry

 

#PeopleMedia

 

(unicode)


………………………………………………………………..

 


 


 


 


 


 


 


 


 

Ref: Taliban Seizes Billions in US-Supplied Weaponry

 

#PeopleMedia


Share this post