• Follow Us on

Home ကန့်ဘလူမြို့နယ်ရှိ အ-လ-က ကျောင်း(ခွဲ) မိုင်းခွဲဖျက်ဆီးခံရ

ကန့်ဘလူမြို့နယ်ရှိ အ-လ-က ကျောင်း(ခွဲ) မိုင်းခွဲဖျက်ဆီးခံရ

Share this post

စစ်ကိုင်း၊ နိုဝင်ဘာ ၂၆ (People Media)

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ချပ်ကြီးကျေးရွာရှိ အ-လ-က ကျောင်း(ခွဲ)ကို အကြမ်းဖက်သမား များက မိုင်းခွဲဖျက်ဆီးမှု ပြုလုပ်ခဲ့ကြောင်း ဒေသခံများထံက သိရပါတယ်။

 

ဖြစ်စဉ်မှာ နိုဝင်ဘာ ၂၃ ရက်နေ့ ညပိုင်းက ချပ်ကြီးကျေးရွာရှိ အ-လ-က ကျောင်း(ခွဲ)ကို ဒေသခံ အကြမ်း ဖက်သမားများက မိုင်းခွဲဖျက်ဆီးမှုကြောင့် ကျောင်းဆောင်အဆောက်အဦးရှိ နံရံများနှင့် အမိုးများ ထိခိုက် ပျက်စီးသွားကြောင်း သိရပါတယ်။

 

“စစ်ရေးနဲ့ မဆိုင်တဲ့နေရာတွေမှာ စစ်ရေးလှုပ်ရှားမှု မပြုစေချင်ဘူး။ ကလေးငယ်တွေ အကြောက်တရားကင်းစွာ ပညာသင်ခွင့်ရချင်တယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

 

လက်ရှိအချိန်၌ ပျက်စီးခဲ့သည့် ကျောင်းအဆောက်အဦးကို သက်ဆိုင်ရာက ပြင်ဆင်ပြီး ဖြစ်တယ်လို့ ဒေသခံ အချို့၏ ပြောဆိုချက်အရ သိရပါတယ်။

 

#PeopleMedia #ပညာရေး

 

(unicode)


…………………………………………………….

 


 


 


 


 


 



Share this post