• Follow Us on

Home ကန့်ဘလူမြို့နယ်၊ ကန်ကြီးကျေးရွာ၌ တိုက်ပွဲဖြစ်ပွားပြီးနောက် PDF အဖွဲ့ဝင်အချို့ ဖမ်းဆီးခံခဲ့ရ

ကန့်ဘလူမြို့နယ်၊ ကန်ကြီးကျေးရွာ၌ တိုက်ပွဲဖြစ်ပွားပြီးနောက် PDF အဖွဲ့ဝင်အချို့ ဖမ်းဆီးခံခဲ့ရ

Share this post

စစ်ကိုင်း၊ ဇန်နဝါရီ ၇ (People Media)

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ကန်ကြီးကျေးရွာ၌ PDF အဖွဲ့နှင့် လုံခြုံရေးအဖွဲ့များ တိုက်ပွဲဖြစ် ပေါ်ခဲ့ပြီး PDF အဖွဲ့ဝင်အချို့ ဖမ်းဆီးခြင်းခံခဲ့ရကြောင်း ဒေသခံရွာသားအချို့က ပြောသည်။

 

“ဒီမနက်ဖြစ်တာပါ။ PDF အဖွဲ့ဝင်တွေ ဖမ်းဆီးခံရတယ်။ လက်နက်အင်အားက မမျှတာလည်း ပါနိုင်တယ်” လို့ ဒေသခံ ရွာသားတစ်ဦးက ပြောသည်။

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်သည် ဒေသခံ PDF အဖွဲ့များ အားကောင်းသည့် မြို့နယ်တစ်ခုဖြစ် သလို ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ၊ ရဲတပ်ဖွဲ့ဝင်အချို့၏ မိသားစုဝင်များ၊ ပြည်ခိုင်ဖြိုးပါတီဝင်များ လုပ်ကြံခြင်း ခံရလျက်ရှိနေသည့် မြို့နယ်တစ်ခုဖြစ်သည်။

 

အလားတူ လက်ရှိအချိန်၌ ကန့်ဘလူမြို့နယ်၌ ဒေသလုံခြုံရေးအတွက် ကျေးရွာပြည်သူ့စစ်အဖွဲ့များကို ဖွဲ့စည်း နေကြောင်း ဒေသခံအချို့က ပြောဆိုသည်။

 

#PeopleMedia #ကန့်ဘလူမြို့

 

(unicode)


…………………………………………………

 


 


 


 


 


 



Share this post