• Follow Us on
Latest News

Home ကန့်ဘလူမြို့နယ်၊ မန္တလေး-မြစ်ကြီးနား ပြေးဆွဲသည့် သစ္စာလှိုင်ယာဉ်လိုင်း ခရီးသည်တင်ယာဉ်နှင့် မနော မန္တလာယာဉ်လိုင်း ခရီးသည်တင်ယာဉ်ကို PDF အဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ရာ ယာဉ်မောင်း သေဆုံး၊ ခရီးသည် ၈ ဦး ဒဏ်ရာရရှိ

ကန့်ဘလူမြို့နယ်၊ မန္တလေး-မြစ်ကြီးနား ပြေးဆွဲသည့် သစ္စာလှိုင်ယာဉ်လိုင်း ခရီးသည်တင်ယာဉ်နှင့် မနော မန္တလာယာဉ်လိုင်း ခရီးသည်တင်ယာဉ်ကို PDF အဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ရာ ယာဉ်မောင်း သေဆုံး၊ ခရီးသည် ၈ ဦး ဒဏ်ရာရရှိ

Share this post

ကန့်ဘလူ၊ မတ် ၁၆

 

ယနေ့ နံနက် ၅ နာရီအချိန်ခန့်က စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ မန္တလေး-မြစ်ကြီးနား ပြေးဆွဲသည့် သစ္စာလှိုင်ယာဉ်လိုင်းခရီးသည်တင်ယာဉ်နှင့် မနောမန္တလာယာဉ်လိုင်းခရီးသည်တင်ယာဉ်ကို PDF အဖွဲ့မှ မိုင်း ဆွဲတိုက်ခိုက်ရာ ယာဉ်မောင်း သေဆုံးခဲ့ပြီး ခရီးသည် ၈ ဦး ဒဏ်ရာရရှိခဲ့သည်။

 

ဖြစ်စဉ်မှာ ယနေ့ နံနက် ၅ နာရီခန့်တွင် ကန့်ဘလူမြို့နယ်၊ ၁၁ ပေါက်ရွာအထွက်တွင် မန္တလေး-မြစ်ကြီးနား ပြေး ဆွဲသည့် သစ္စာလှိုင်ယာဉ်လိုင်းခရီးသည်တင်ယာဉ်နှင့် မနောမန္တလာယာဉ်လိုင်းခရီးသည်တင်ယာဉ်အား PDF အဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ခြင်း၊ လက်နက်မျိုးစုံဖြင့် တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သည်။

 

PDF အဖွဲ့၏ လက်ချက်ဖြင့် ယာဉ်ပေါ်တွင် လိုက်ပါလာသည့် အပြစ်မဲ့ပြည်သူများဖြစ်သည့် ဦးဇော်ဇော်နိုင်၊ ကျော်မင်းထွန်း၊ ဦးရဲဇော်ကို၊ ဦးဇော်မျိုးဦး၊ ဦးမျိုးသူထွန်း၊ မဇာနော့၊ မမာဌေး၊ ဒေါ်ရီရီရွှေတို့ ၈ ဦး ဒဏ်ရာရရှိပြီး မောင်မင်းခန့် တူမီးသေနတ်မှန်၍ နေရာတွင် သေဆုံးသွားသည်။

 

#PeopleMedia

 

(unicode)


…………………………………………

 


 


 


 


 

#PeopleMedia


Share this post