• Follow Us on

Home ကန့်ဘလူမြို့နယ်၌ ပျူစောထီးအဖွဲ့ဟု စွပ်စွဲခံရသူနှစ်ဦး ဓားဖြင့် လုပ်ကြံခံရ၍ သေဆုံး

ကန့်ဘလူမြို့နယ်၌ ပျူစောထီးအဖွဲ့ဟု စွပ်စွဲခံရသူနှစ်ဦး ဓားဖြင့် လုပ်ကြံခံရ၍ သေဆုံး

Share this post

ရန်ကုန်၊ စက်တင်ဘာ ၂၂ (People Media)

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်က ပျူစောထီးအဖွဲ့ဝင် စွပ်စွဲခံရသူနှစ်ဦးသည် စက်တင်ဘာ ၂၁ ရက်နေ့ နေ့လည်ပိုင်းက ဓားဖြင့် အခုတ်ခံရပြီး သေဆုံးသွားတယ်လို့ ယင်းမြို့နယ်နေထိုင်သူတွေက People Media ကို ပြောပါတယ်။

 

ပျူစောထီးအဖွဲ့ဝင်ဟုဆိုကာ အမည်မသိသူ လူတစ်စုက ကန့်ဘလူမြို့နယ်၊ ထန်းတောရွာသား ဇော်လင်း အောင်နဲ့ မလည်ရွာသား မောင်ထွန်းကို ဓားဖြင့် ခုတ်သတ်ခဲ့တဲ့ အဆိုပါနှစ်ဦးဟာ ရရှိဒဏ်ရာတွေကြောင့် နေရာမှာဘဲ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

 

အထက်ပါဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့လည်း တောကြီးမြွေဟောက်အဖွဲ့(ခင်ဦး)မှ ထုတ်ပြန်ထားရာမှာလည်း  ပျူစောထီးခေါင်းဆောင် စကစသတင်းပေး ဒလန်အဖြစ် အသုံးတော်ခံနေတဲ့ ဇော်လင်းအောင်နဲ့ နောက်လိုက် ပျူစောထီးအဖွဲ့ဝင် မောင်ထွန်းတို့ကို ၂၃ ယောက်မြောက်နဲ့ ၂၄ ယောက်အဖြစ် တောကြီးမြွေဟောက်(ခင်ဦး)မှ စက်တင်ဘာလ ၂၁ ရက် နေ့ခင်းပိုင်းက ငရဲပြည်ကို ကူညီပို့ဆောင်ခဲ့လိုက်တယ်လို့  ကြေညာထားပါတယ်။

 

#PeopleMedia #ကန့်ဘလူမြို့

 

(unicode)

ကန့ျဘလူမွို့နယျ၌ ပြူစောထီးအဖှဲ့ဟု စှပျစှဲခံရသူနှဈဦး ဓားဖွင့ျ လုပျကွံခံရ၍ သဆေုံး

………………………………………………………………..

 


 


 


 


 



Share this post