• Follow Us on

Home ကန့်ဘလူမြို့ ခရိုင်ကောင်စီဝင်၏ မိတ္တူဆိုင် ဗုံးခွဲခံရ၊ ဗုံးပစ်သွင်းသူ ဖမ်းဆီးနိုင်ခြင်းမရှိ

ကန့်ဘလူမြို့ ခရိုင်ကောင်စီဝင်၏ မိတ္တူဆိုင် ဗုံးခွဲခံရ၊ ဗုံးပစ်သွင်းသူ ဖမ်းဆီးနိုင်ခြင်းမရှိ

Share this post

မုံရွာ၊ စက်တင်ဘာ ၃၀ (People Media)

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့၊ ခရိုင်ကောင်စီဝင် ဦးမောင်ဆန်း၏ မိတ္တူဆိုင်သည် ယနေ့ နံနက်ပိုင်းက  ဗုံးခွဲခံရပြီး ဗုံးပစ်သွင်းသူကို ဖမ်းဆီးနိုင်ခြင်းမရှိသေးကြောင်း ဒေသခံတစ်ဦးက People Media ကို ပြောဆိုပါ တယ်။

 

“ယနေ့ နံနက် ၆ နာရီခွဲအချိန်က ခရိုင်ကောင်စီဝင်ရဲ့ မိတ္တူဆိုင် ဗုံးပစ်ခံရတာ။ ဆိုင်ကယ်ပေါ်ကနေ ပစ်သွား တာ။ လက်ပစ်ဗုံးနဲ့ ပစ်တာပါ။ ဖမ်းမမိသေးပါဘူး” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

 

အလားတူ စက်တင်ဘာ ၃၀ ရက်၌ ကန့်ဘလူမြို့နယ်၊ အလယ်ဂုတ်ကျေးရွာ အုပ်ချုပ်ရေးမှူးဖြစ်သူသည် သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခံခဲ့ရပါတယ်။

 

စစ်ကိုင်းတိုင်းဒေသကြီး၌ သံဃာတော်များ၊ တပ်မတော်သတင်းပေးဟု ယူဆခံရသူများ၊ စစ်မှုထမ်းဟောင်းများ၊ ပြည်ခိုင်ဖြိုးပါတီဝင်များ နေ့စဉ်လုပ်ကြံသတ်ဖြတ်ခြင်းခံရလျက်ရှိပါတယ်။

 

အလားတူ စက်တင်ဘာ ၂၉ ရက်နေ့က မုံရွာမြို့၌ စစ်မှုထမ်းဟောင်းတစ်ဦးနှင့် ပြည်သူတစ်ဦး လုပ်ကြံသတ် ဖြတ်ခြင်းခံခဲ့ရပါတယ်။

 

မုံရွာမြို့သည် န-မ-ခ အခြေစိုက်သည့်နေရာတစ်ခုဖြစ်သလို တိုင်းအစိုးရအဖွဲ့ ရုံးစိုက်ရာမြို့လည်းဖြစ်ပါတယ်။

 

Photo – Credit

 

#PeopleMedia #နမခ #ခရိုင်ကောမတီဝင် #ကန့်ဘလူ

 

(unicode)


……………………………………………………….

 


 


 


 


 


 


 


 

Photo – Credit

 



Share this post