• Follow Us on
Latest News

Home ကပစ(၁၃)စစ္ပစ္ကြင္းတြင္ ပုပ္ပြေသဆုံးေနသည့္အမ်ိဳးသမီးအေလာင္းႏွင့္ ပတ္သက္ၿပီး က်ဳးလြန္သူအား စစ္ေဆးေပၚေပါက္

ကပစ(၁၃)စစ္ပစ္ကြင္းတြင္ ပုပ္ပြေသဆုံးေနသည့္အမ်ိဳးသမီးအေလာင္းႏွင့္ ပတ္သက္ၿပီး က်ဳးလြန္သူအား စစ္ေဆးေပၚေပါက္

Share this post

မေကြး၊ ႏုိ၀င္ဘာ ၂၃

မေကြးတိုင္းေဒသႀကီး၊ ဆင္ေပါင္ဝဲၿမိဳ႕နယ္ ကပစ(၁၃) ဆင္ေပါင္ဝဲစစ္ပစ္ကြင္း၌ ေတြ႕ရွိခဲ့ရသည့္ ပုပ္ပြေသဆုံး ေနသည့္အမ်ိဳးသမီးအေလာင္း႐ုပ္ႂကြင္းႏွင့္ ပတ္သက္ၿပီး က်ဳးလြန္သူအား စစ္ေဆးေပၚေပါက္ခဲ့ၿပီျဖစ္ေၾကာင္း သိရသည္။

စစ္ပစ္ကြင္းတြင္ ေတြ႕ရွိခဲ့ရသည့္အမ်ိဳးသမီးအေလာင္း႐ုပ္ႂကြင္းမွာ မေကြးၿမိဳ႕နယ္၊ မိေခ်ာင္းရဲတိုက္နယ္၊ ပုဏၰ ဝတီရပ္ကြက္ ၿမိဳ႕ပတ္လမ္းေနထိုင္သူ မထားထားေမ(ခ) ေကာက္ေကာက္(၁၉)ႏွစ္ျဖစ္ၿပီး ၎သည္ ႏိုဝင္ဘာလ ၉ ရက္၊ ေန႔လည္ ၂ နာရီအခ်ိန္ခန္႔ကစတင္ၿပီး ေနအိမ္မွေပ်ာက္ဆုံးေနသျဖင့္ မိဘေဆြမ်ိဳးမ်ားက လိုက္လံရွာေဖြ ေနျခင္းျဖစ္ေၾကာင္းသိရသည္။

ဧရာဝတီတံတား(မလြန္)ရွိ တာဝန္က်ရဲကင္းတြင္ တပ္ဆင္ထားေသာ CCTV မွတ္တမ္းမ်ားအရ ႏိုဝင္ဘာလ ၉ ရက္ေန႔အတြင္း မထားထားေမကို တင္ေဆာင္ကာ ဆိုင္ကယ္စီးနင္းေမာင္းႏွင္သြားသူျဖစ္သည့္ ဆင္ေပါင္ဝဲ ၿမိဳ႕နယ္ အမွတ္(၁၃)ကာကြယ္ေရးပစၥည္းစက္႐ုံတြင္ တာဝန္ထမ္းေဆာင္ေနေသာ တပ္သားျပည့္ၿဖိဳးေဇာ္ (၂၂) ႏွစ္ကို စစ္ေဆးရာမွ ေပၚေပါက္ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။

CCTV မွတ္တမ္းအရ ျဖတ္သန္းသြားလာျခင္း၊ စြန္႔ပစ္ထားရွိခဲ့ေသ ာသက္ေသခံပစၥည္းမ်ား ရွာေဖြေတြ႕ရွိခဲ့ျခင္း တို႔ေၾကာင့္ တပ္သားျပည့္ၿဖိဳးေဇာ္က ၎ႏွင့္ ယခင္ကတည္းက လူငယ္ခ်င္း ခ်စ္ႀကိဳက္ေနသည့္ မထားထားေမ ကို ေပါင္းသင္းေနထိုင္ရန္အတြက္ ၎တာဝန္ထမ္းေဆာင္ေနသည့္ အမွတ္(၁၃) ကာကြယ္ေရးပစၥည္းစက္႐ုံသို႔ ႏွစ္ဦးသေဘာတူဆိုင္ကယ္ျဖင့္ ေခၚေဆာင္ခဲ့ေၾကာင္းသိရသည္။

မေကြးၿမိဳ႕နယ္၊ မိေခ်ာင္းရဲတိုက္နယ္မွ ဆင္ေပါင္ဝဲၿမိဳ႕နယ္၊ စီထိုင္းေက်းရြာေျမာက္ဘက္ (၃) မိုင္ခန္႔အကြာ လမ္းဆုံဇရပ္အနီးတြင္ ႏွစ္ဦးသား စကားေျပာ အဆင္မေျပျဖစ္ၿပီး အသင့္ပါလာေသာဓားျဖင့္ မထားထားေမ ဝမ္းဗိုက္သို႔ ႏွစ္ခ်က္ထိုးသြင္းထိုးသတ္ခဲ့ၿပီး ကိုင္းေတာအတြင္း ဝွက္ထားခဲ့ေၾကာင္း ထြက္ခ်က္ေပးခဲ့သည္ဟု သိရသည္။

ကပစ(၁၃)မွစက္႐ုံမွဴး ဗိုလ္မွဴးႀကီးေဇာ္ထြန္းဦးထံတြင္ အမႈစစ္အဖြဲ႕ႏွင့္ေတြ႕ဆုံ၍ ႏိုဝင္ဘာလ ၁၉ ရက္ေန႔က တစ္ႀကိမ္၊ ႏိုဝင္ဘာလ ၂၀ရက္ေန႔က တစ္ႀကိမ္ တပ္သားျပည့္ၿဖိဳးေဇာ္ကို ပူးေပါင္းစစ္ေဆးခဲ့ၾကျခင္းျဖစ္ ေၾကာင္းသိရသည္။

မထားထားေမ ဝတ္ဆင္ထားသည့္ ဆြဲႀကိဳးႏွင့္ လက္စြပ္ကို မင္းလွၿမိဳ႕ႏွင့္ လက္ပံရြာတို႔တြင္ ေရာင္းခ်ထားသည္ ဟုသိရၿပီး က်န္ရွိနားဆြဲတစ္ဖက္ႏွင့္ ေရာင္းခ်ထားသည့္ပစၥည္းမ်ားအား သိမ္းဆည္းႏိုင္ရန္အတြက္ ျပည့္ၿဖိဳးေဇာ္ အား ဆက္လက္စစ္ေဆးေနေၾကာင္းသိရသည္။

ယင္းအမႈႏွင့္ပတ္သက္ၿပီး ဆင္ေပါင္ဝဲၿမိဳ႕မရဲစခန္းက ပအမွတ္(ပ)၁၁၉/၂၀၁၉ ရာဇသတ္ႀကီးပုဒ္မ ၃၀၂ ျဖင့္ အမႈေရးဖြင့္ထားၿပီး ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွဴးအပါအဝင္ အမႈစစ္အဖြဲ႕ ဖြဲ႕စည္းကာ စစ္ေဆးေဆာင္ရြက္ခဲ့ျခင္း ျဖစ္ေၾကာင္းသိရသည္။

သက္ေနာင္

#PeopleMedia #Crime

(Unicode)
ကပစ(၁၃)စစ်ပစ်ကွင်းတွင် ပုပ်ပွသေဆုံးနေသည့်အမျိုးသမီးအလောင်းနှင့် ပတ်သက်ပြီး ကျုးလွန်သူအား စစ်ဆေးပေါ်ပေါက်
………………………………………………………

မကွေး၊ နိုဝင်ဘာ ၂၃

မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ် ကပစ(၁၃) ဆင်ပေါင်ဝဲစစ်ပစ်ကွင်း၌ တွေ့ရှိခဲ့ရသည့် ပုပ်ပွသေဆုံး နေသည့်အမျိုးသမီးအလောင်းရုပ်ကြွင်းနှင့် ပတ်သက်ပြီး ကျုးလွန်သူအား စစ်ဆေးပေါ်ပေါက်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

စစ်ပစ်ကွင်းတွင် တွေ့ရှိခဲ့ရသည့်အမျိုးသမီးအလောင်းရုပ်ကြွင်းမှာ မကွေးမြို့နယ်၊ မိချောင်းရဲတိုက်နယ်၊ ပုဏ္ဏ ဝတီရပ်ကွက် မြို့ပတ်လမ်းနေထိုင်သူ မထားထားမေ(ခ) ကောက်ကောက်(၁၉)နှစ်ဖြစ်ပြီး ၎င်းသည် နိုဝင်ဘာလ ၉ ရက်၊ နေ့လည် ၂ နာရီအချိန်ခန့်ကစတင်ပြီး နေအိမ်မှပျောက်ဆုံးနေသဖြင့် မိဘဆွေမျိုးများက လိုက်လံရှာဖွေ နေခြင်းဖြစ်ကြောင်းသိရသည်။

ဧရာဝတီတံတား(မလွန်)ရှိ တာဝန်ကျရဲကင်းတွင် တပ်ဆင်ထားသော CCTV မှတ်တမ်းများအရ နိုဝင်ဘာလ ၉ ရက်နေ့အတွင်း မထားထားမေကို တင်ဆောင်ကာ ဆိုင်ကယ်စီးနင်းမောင်းနှင်သွားသူဖြစ်သည့် ဆင်ပေါင်ဝဲ မြို့နယ် အမှတ်(၁၃)ကာကွယ်ရေးပစ္စည်းစက်ရုံတွင် တာဝန်ထမ်းဆောင်နေသော တပ်သားပြည့်ဖြိုးဇော် (၂၂) နှစ်ကို စစ်ဆေးရာမှ ပေါ်ပေါက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

CCTV မှတ်တမ်းအရ ဖြတ်သန်းသွားလာခြင်း၊ စွန့်ပစ်ထားရှိခဲ့သေ ာသက်သေခံပစ္စည်းများ ရှာဖွေတွေ့ရှိခဲ့ခြင်း တို့ကြောင့် တပ်သားပြည့်ဖြိုးဇော်က ၎င်းနှင့် ယခင်ကတည်းက လူငယ်ချင်း ချစ်ကြိုက်နေသည့် မထားထားမေ ကို ပေါင်းသင်းနေထိုင်ရန်အတွက် ၎င်းတာဝန်ထမ်းဆောင်နေသည့် အမှတ်(၁၃) ကာကွယ်ရေးပစ္စည်းစက်ရုံသို့ နှစ်ဦးသဘောတူဆိုင်ကယ်ဖြင့် ခေါ်ဆောင်ခဲ့ကြောင်းသိရသည်။

မကွေးမြို့နယ်၊ မိချောင်းရဲတိုက်နယ်မှ ဆင်ပေါင်ဝဲမြို့နယ်၊ စီထိုင်းကျေးရွာမြောက်ဘက် (၃) မိုင်ခန့်အကွာ လမ်းဆုံဇရပ်အနီးတွင် နှစ်ဦးသား စကားပြော အဆင်မပြေဖြစ်ပြီး အသင့်ပါလာသောဓားဖြင့် မထားထားမေ ဝမ်းဗိုက်သို့ နှစ်ချက်ထိုးသွင်းထိုးသတ်ခဲ့ပြီး ကိုင်းတောအတွင်း ဝှက်ထားခဲ့ကြောင်း ထွက်ချက်ပေးခဲ့သည်ဟု သိရသည်။

ကပစ(၁၃)မှစက်ရုံမှူး ဗိုလ်မှူးကြီးဇော်ထွန်းဦးထံတွင် အမှုစစ်အဖွဲ့နှင့်တွေ့ဆုံ၍ နိုဝင်ဘာလ ၁၉ ရက်နေ့က တစ်ကြိမ်၊ နိုဝင်ဘာလ ၂၀ရက်နေ့က တစ်ကြိမ် တပ်သားပြည့်ဖြိုးဇော်ကို ပူးပေါင်းစစ်ဆေးခဲ့ကြခြင်းဖြစ် ကြောင်းသိရသည်။

မထားထားမေ ဝတ်ဆင်ထားသည့် ဆွဲကြိုးနှင့် လက်စွပ်ကို မင်းလှမြို့နှင့် လက်ပံရွာတို့တွင် ရောင်းချထားသည် ဟုသိရပြီး ကျန်ရှိနားဆွဲတစ်ဖက်နှင့် ရောင်းချထားသည့်ပစ္စည်းများအား သိမ်းဆည်းနိုင်ရန်အတွက် ပြည့်ဖြိုးဇော် အား ဆက်လက်စစ်ဆေးနေကြောင်းသိရသည်။

ယင်းအမှုနှင့်ပတ်သက်ပြီး ဆင်ပေါင်ဝဲမြို့မရဲစခန်းက ပအမှတ်(ပ)၁၁၉/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုရေးဖွင့်ထားပြီး မြို့နယ်ရဲတပ်ဖွဲ့မှူးအပါအဝင် အမှုစစ်အဖွဲ့ ဖွဲ့စည်းကာ စစ်ဆေးဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

သက်နောင်

#PeopleMedia #Crime


Share this post