• Follow Us on

Home ကပစ(၁၃)ဆင္ေပါင္ဝဲ စစ္ပစ္ကြင္းတြင္ ပုပ္ပြေသဆုံးေနေသာ အမ်ိဳး သမီးတစ္ဦး၏ အေလာင္းေတြ႕

ကပစ(၁၃)ဆင္ေပါင္ဝဲ စစ္ပစ္ကြင္းတြင္ ပုပ္ပြေသဆုံးေနေသာ အမ်ိဳး သမီးတစ္ဦး၏ အေလာင္းေတြ႕

Share this post

မေကြးတိုင္းေဒသႀကီး၊ အထက္မင္းလွၿမိဳ႕၊ ကပစ(၁၃)ဆင္ေပါင္ဝဲစစ္ပစ္ကြင္းတြင္ အမ်ိဳးသမီးတစ္ဦးကို ေသဆုံး လွ်က္ေတြ႕ရွိခဲ့ရမႈ ႏိုဝင္ဘာလ ၁၈ ရက္၊ ေန႔လည္ ၁ နာရီ ၁၅ မိနစ္အခ်ိန္က အေၾကာင္းၾကားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

မင္းလွၿမိဳ႕၊ ၿမိဳ႕မရဲစခန္းသို႔ ကပစ(၂)မလြန္မွ တပ္ေရးဗိုလ္ႀကီး ဗိုလ္ႀကီးေနလင္းထြန္း၏ အေၾကာင္းၾကားခ်က္ အရမင္းလွၿမိဳ႕မရဲစခန္းမွ ၿမိဳ႕မစခန္းမွဴးဒုရဲမႈးဦးသန္းလႈိင္ႏွင့္ တပ္ဖြဲ႕ဝင္မ်ားသည္ေသခံအုပ္ခ်ဳပ္ေရးတာဝန္ရွိ သူမ်ားႏွင့္အတူသြားေရာက္စစ္ေဆးခဲ့ေၾကာင္းသိရသည္။

၎ေနာက္ ကပစ(၂)မလြန္မွဒုဗိုလ္မႈးႀကီး သက္ႏိုင္ထြန္းဦးစီးသည့္အဖြဲ႕ႏွင့္အတူ ပူးေပါင္းသြားေရာက္ခဲ့ရာတြင္ ေသဆုံးသူအမ်ိဳးသမီးအေလာင္းကိုေတြ႕ရွိရာ ေနရာသည္ ဆင္ေပါင္ဝဲၿမိဳ႕နယ္ေဇာင္ခ်မ္းေတာင္ရဲကင္းစခန္း အပိုင္နယ္ေျမအတြင္းျဖစ္ေနေၾကာင္းသိရ၍ ေဇာင္ခ်မ္းေတာင္ရဲကင္းစခန္းသို႔ ခ်ိတ္ဆက္ေပးျခင္း လုပ္ေဆာင္ ေပးခဲ့ေၾကာင္း မင္းလွၿမိဳ႕နယ္ရဲတပ္ဖြဲ႕မႈး႐ုံးမွ သိရသည္။

#PeopleMedia

(Unicode)
ကပစ(၁၃)ဆင်ပေါင်ဝဲ စစ်ပစ်ကွင်းတွင် ပုပ်ပွသေဆုံးနေသော အမျိုး သမီးတစ်ဦး၏ အလောင်းတွေ့
…………………………………………………………

မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့၊ ကပစ(၁၃)ဆင်ပေါင်ဝဲစစ်ပစ်ကွင်းတွင် အမျိုးသမီးတစ်ဦးကို သေဆုံး လျှက်တွေ့ရှိခဲ့ရမှု နိုဝင်ဘာလ ၁၈ ရက်၊ နေ့လည် ၁ နာရီ ၁၅ မိနစ်အချိန်က အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မင်းလှမြို့၊ မြို့မရဲစခန်းသို့ ကပစ(၂)မလွန်မှ တပ်ရေးဗိုလ်ကြီး ဗိုလ်ကြီးနေလင်းထွန်း၏ အကြောင်းကြားချက် အရမင်းလှမြို့မရဲစခန်းမှ မြို့မစခန်းမှူးဒုရဲမှုးဦးသန်းလှိုင်နှင့် တပ်ဖွဲ့ဝင်များသည်သေခံအုပ်ချုပ်ရေးတာဝန်ရှိ သူများနှင့်အတူသွားရောက်စစ်ဆေးခဲ့ကြောင်းသိရသည်။

၎င်းနောက် ကပစ(၂)မလွန်မှဒုဗိုလ်မှုးကြီး သက်နိုင်ထွန်းဦးစီးသည့်အဖွဲ့နှင့်အတူ ပူးပေါင်းသွားရောက်ခဲ့ရာတွင် သေဆုံးသူအမျိုးသမီးအလောင်းကိုတွေ့ရှိရာ နေရာသည် ဆင်ပေါင်ဝဲမြို့နယ်ဇောင်ချမ်းတောင်ရဲကင်းစခန်း အပိုင်နယ်မြေအတွင်းဖြစ်နေကြောင်းသိရ၍ ဇောင်ချမ်းတောင်ရဲကင်းစခန်းသို့ ချိတ်ဆက်ပေးခြင်း လုပ်ဆောင် ပေးခဲ့ကြောင်း မင်းလှမြို့နယ်ရဲတပ်ဖွဲ့မှုးရုံးမှ သိရသည်။

#PeopleMedia


Share this post