• Follow Us on

Home ကပ္ပလီပင်လယ်ပြင်အတွင်း အိန္ဒိယ၊ ထိုင်းနှင့် စင်ကာပူတို့ ရေတပ်လေ့ကျင့်မှု ပြုလုပ်နေ

ကပ္ပလီပင်လယ်ပြင်အတွင်း အိန္ဒိယ၊ ထိုင်းနှင့် စင်ကာပူတို့ ရေတပ်လေ့ကျင့်မှု ပြုလုပ်နေ

Share this post

နိုင်ငံတကာ၊ နိုဝင်ဘာ ၂၃

အိန္ဒိယ၊ စင်ကာပူနှင့် ထိုင်းနိုင်ငံတို့က တိုက်ခိုက်ရေးတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန်နှင့် အတွေ့အ ကြုံမျှဝေရန် ရည်ရွယ်ကာ ကပ္ပလီပင်လယ်ပြင်၌ နိုဝင်ဘာလ ၂၂ နှင့် ၂၃ ရက်တွင် SITMEX-20 ခေါ် သုံးနိုင်ငံ ရေတပ်လေ့ကျင့်မှုတစ်ရပ် ပြုလုပ်လျက်ရှိသည်။

အိန္ဒိယရေတပ်က ဒုတိယအကြိမ် SITMEX-20 ရေတပ်လေ့ကျင့်မှုသို့ ပြည်တွင်းဖြစ် ရေငုပ်သင်္ဘောဖျက် ကော်ဗတ်စစ်ရေယာဉ် INS Kamorta နှင့် ဒုံးကျည်တပ်ကော်ဗတ်စစ်သင်္ဘော INS Karmuk တို့ စေလွှတ်ခဲ့ဟု အိန္ဒိယ အကြီးတန်း တာဝန်ရှိသူများကို ကိုးကား၍ ပီတီအိုင်သတင်းဌာနက ဖော်ပြခဲ့သည်။

စင်ကာပူရေတပ်က စစ်ရေးလေ့ကျင့်မှုသို့ ဖရီးဂိတ်စစ်သင်္ဘော Intrepid နှင့် ကမ်းတက်သင်္ဘော Endeavour တို့ စေလွှတ်ခဲ့ပြီး တော်ဝင်ထိုင်းရေတပ်က ချောင်းဖရားအတန်းအစား ဖရီးဂိတ်စစ်သင်္ဘော Kraburi စေလွှတ်ခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါအန္တရာယ်ကြောင့် အဆိုပါရေတပ်လေ့ကျင့်မှုကို ထိတွေ့မှုမရှိသော စစ်ရေး လေ့ကျင့်မှုတစ်ခုအဖြစ် ပင်လယ်ပြင်၌ ပြုလုပ်နေခြင်းဖြစ်သည်။

အိန္ဒိယရေတပ်က လက်ခံကျင်းပခဲ့သည့် ပထမအကြိမ် ရေတပ်လေ့ကျင့်မှုကို ၂၀၁၉ ခုနှစ် စက်တင်ဘာလ အတွင်း ပို့ဘလဲယားကမ်းလွန်၌ ပြုလုပ်ခဲ့သည်။

ကိုးကား – ဗွီအန်အေ

Ref; India, Singapore, Thailand kick off trilateral maritime drill

(unicode)
………………………………………………………..








Ref; India, Singapore, Thailand kick off trilateral maritime drill


Share this post