• Follow Us on

Home ကဘူးကိုသိမ်းပိုက်သည့် တာလီဘန်အချို့ အမေရိကန်လက်နက်များကိုင်ဆောင်ထား

ကဘူးကိုသိမ်းပိုက်သည့် တာလီဘန်အချို့ အမေရိကန်လက်နက်များကိုင်ဆောင်ထား

Share this post

နိုင်ငံတကာ၊ သြဂုတ် ၁၈ (People Media)

 

ရုရှားထုတ် ကလက်ရှ်နီကော့ဗ် အေကေ ၄၇ နှင့် ၎င်း၏ဆင့်ပွားရုပ်ပြောင်းမောင်းပြန်ရိုင်ဖယ်များမှာ ၎င်းတို့၏ အ ကြမ်းခံသောဒီဇိုင်းကြောင့် လက်နက်ကိုင်အဖွဲ့အစည်းများကရွေးချယ်သည့် မောင်းပြန်ရိုင်ဖယ်ဖြစ်သော်လည်း တာလီဘန်အချို့မှာ ပြိုကွဲသွားသော အာဖဂန်စစ်သားများထံမှ ၎င်းတို့သိမ်းဆည်းရမိသော အမေရိကန်ထုတ် သေနတ်များနှင့် လဲလှယ်ကိုင်တွယ်သုံးစွဲနေကြသည်ကိုတွေ့ရသည်။

 

တွစ်တာနှင့် အခြားနေရာများမှ ဗီဒီယိုများနှင့် ရုပ်ပုံများ၌ တာလီဘန်များလက်တွင် အာဖဂန်စစ်သားများစွန့် ပစ်ခဲ့သည့် အမ် ၄ ကာဘိုင်များနှင့် အမ် ၁၆ ရိုင်ဖယ်များကိုင်ဆောင်ထားသည်ကိုတွေ့ရသည်။ ပုံအချို့တွင် စွန့်ပစ်ထားသောအစိုးရကားများကို တာလီဘန်များ သိမ်းပိုက်နေပုံကိုတွေ့ရသည်။

 

“ပြိုင်ဘက်စစ်ဘုရင်တွေကို ခြိမ်းခြောက်ဖို့ကြည့်ရရင်တော့ တချို့လက်နက်တွေရှိတာ အသုံးဝင်ပါတယ်။ ဒါပေမဲ့ ပြောရရင်တော့ ဒီလောက်ပါပဲ။ သူတို့အရင်ရှိထားတဲ့လက်နက်တွေထက်  အမေရိကန်ထုတ်လက်နက်တွေက  နည်းနည်းပိုပြီးအလုပ်ဖြစ်ပါတယ်။” ဟု အမေရိကန်မရိန်းတပ်ဖွဲ့မှ အငြိမ်းစားဗိုလ်မှူးကြီးဂရန့်နယူးစ်ရှမ်းက ပြော သည်။

 

အာဖဂန်နစ္စတန်တွင်ရှိသော အေကေ ၄၇ မောင်းပြန်ရိုင်ဖယ်များမှာ ပုံစံယူထုတ်လုပ်ထားသည့် မျိုးကွဲလက်နက် ငယ်များဖြစ်သည်။ အချို့မှာ ၁၉၈၉ ခုနှစ်တွင်အဆုံးသတ်ခဲ့သည့် ဆိုဗီယက်ကျူးကျော်ခဲ့သော ၁၀ နှစ်အတွင်း ချန်ထားခဲ့သည့်လက်နက်များဖြစ်သည်။ ဒုတိယကမ္ဘာစစ်အပြီး ဂျာမနီလက်နက်ဒီဇိုင်းကိုအခြေခံ၍ ပထမဦးဆုံး အကြိမ်ထုတ်လုပ်ခဲ့သည့် အဆိုပါခြေမှုန်းရေးမောင်းပြန်ရိုင်ဖယ်သည် ထိုစဉ်ကာလကတည်းက ကမ္ဘာတစ်ဝန်းရှိ  အစိုးရတပ်ဖွဲ့ဝင်များရော လိုက်နက်ကိုင်သောင်းကျန်းသူများပါ သုံးစွဲကြသည့် လက်နက်ငယ်ဖြစ်လာခဲ့သည်။

 

ခဲယမ်းအမြောက်အမြားအလွယ်တကူဝယ်ယူရရှိနိုင်သည့်အတွက် အမေရိကန်လက်နက်ငယ်များမှာ နှစ်ပေါင်း များစွာတိုင်အောင် တာလီဘန်များသုံးစွဲလာခဲ့ဖူးသည်။ ၅.၅၆ မမ ကျည်များမှာ အမေရိကန်ပြည်ထောင်စုရှိ အ ရပ်သားလက်နက်ဆိုင်ရှင်များလက်တွင် အလွယ်တကူဝယ်ယူနိုင်သည်။

“ရုရှားတွေက အမေရိကန်ဈေးကွက်အတွက် Tula ၊ Wolf ၊ Red Army စတဲ့နာမည်တွေနဲ့ AR 5.56 NATO ကျည်တွေ သန်းနဲ့ချီပြီး အများအပြားထုတ်လုပ်နေပါတယ်။” ဟု အမည်မဖော်လိုသည့် အမေရိကန်အငြိမ်းစား မရိန်းအရာရှိတစ်ဦးကပြောသည်။

Ref: As Taliban takes over, some swap iconic AK-47s for made-in-America rifles

 

#PeopleMedia

 

(unicode)


…………………………………………………………….

 


 


 


 


 


 


 


 

Ref: As Taliban takes over, some swap iconic AK-47s for made-in-America rifles

 

#PeopleMedia


Share this post