• Follow Us on

Home ကဘူးလ်လေဆိပ်တွင် အသေခံဗုံးခွဲသမားတစ်ဦး တိုက်ခိုက်မှုကြောင့် အမေရိကန်တပ်ဖွဲ့ဝင် ၁၃ ဦးနှင့် လူပေါင်း ၁၇၀ ခန့် သေဆုံးခဲ့

ကဘူးလ်လေဆိပ်တွင် အသေခံဗုံးခွဲသမားတစ်ဦး တိုက်ခိုက်မှုကြောင့် အမေရိကန်တပ်ဖွဲ့ဝင် ၁၃ ဦးနှင့် လူပေါင်း ၁၇၀ ခန့် သေဆုံးခဲ့

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၅ (People Media)

 

ကဘူးလ်လေဆိပ်၌ အစ္စလာမ္မစ်နိုင်ငံတော် ဖောက်ခွဲရေးသမား တစ်ဦးတည်းဝင်ရောက် တိုက်ခိုက်မှုကြောင့်  အမေရိကန်တပ်ဖွဲ့ဝင် ၁၃ ဦးနှင့် အနည်းဆုံ လူ ၁၇၀ ဦး သေဆုံးခဲ့ကြောင်း အမေရိကန်စစ်တပ်က ယမန် နေ့က ပြောကြားခဲ့သည်။

 

ကဘူးလ်လေဆိပ်၌ ပြည်ကျပ်နေသော လူအုပ်ကိုဖြတ်၍ ဝင်ရောက်တိုက်ခိုက်ခဲ့သော အဆိုပါ အသေခံဗုံးခွဲ သမားကို တာဆီးနိုင်ခြင်းမရှိခဲ့ကြောင်း အမေရိကန်ဗဟိုကွပ်ကဲမှုအဖွဲ့ အကြီးအကဲ မရိန်းဗိုလ်ချုပ် ဖရန်စ်မက် ကန်ဇီကပြောကြားခဲ့သည်။

 

ပြီးခဲ့သည့် သြဂုတ်လအတွင်း အာဖဂန်နစ္စတန်မြို့တော်ကို တာလီဘန်တို့ သိမ်းပိုက်ပြီးနောက် ရုန်းရင်းဆန် ခတ်ဖြစ်ပြီးပွားနေချိန် အမေရိကန်တပ်များနှင့် အာဖဂန်နိုင်ငံသားများကို ထွက်ပြေးရန် အမေရိကန်တပ်များက ကူညီပေးနေစဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

 

အဆိုပါ ဗုံးခွဲတိုက်ခိုက်မှုသည် အာဖဂန်နစ္စတန်တွင် အမေရိကန်တို့ နှစ် ၂၀ ကြာတိုက်ခိုက်ခဲ့ရသည့် စစ်ပွဲအပြီး နောက်ဆုံးရလဒ်အနေဖြင့် အမေရိကန်တို့၏ ရှုံးနိမ့်မှုကို ဖော်ပြခဲ့ခြင်းဖြစ်သည်။

 

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၏ အစိုးရအဖွဲ့သည် အမေရိကန်တပ်ဖွဲ့ဝင်များကို အန္တရာယ်ဖြစ်စေမည့်အစား စောလျင်စွာ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနိုင်ခဲ့သည်ဟု  ငြင်းဆိုနိုင်ရန် ရုန်းကန်နေခဲ့ရသည်။

 

အဆိုပါဖောက်ခွဲမှုအား စုံစမ်းစစ်ဆေးမှုများအရ ဗုံးကို ပေါက်ကွဲစေတတ်သော ပေါင် ၂၀ ခန့်ရှိသော စစ်တပ် အဆင့် ဖောက်ခွဲရေးပစ္စည်းများနှင့် ပြုလုပ်ထားသည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့ပြီး အမေရိကန် စစ်မှုထမ်း ၁၃ ဦး ကျဆုံးခဲ့ပြီး ၄၅ ဦးခန့် ဒဏ်ရာရရှိခဲ့သည်။

 

ဖရန်စ်မက်ကန်ဇီ နှင့် အခြားသော အမေရိကန် စစ်ဘက်အရာရှိများက ယင်းတိုက်ခိုက်မှုနှင့်ပတ်သက်၍ မျက်မြင်သက်သေ တစ်ရာကျော်ထံမှ သက်သေထွက်ဆိုချက်များ၊ ဆေးဘက်ဆိုင်ရာ စစ်ဆေးသူများနှင့် ဖောက်ခွဲရေးဆိုင်ရာ ကျွမ်းကျင်သူများထံမှ ခွဲခြမ်းစိတ်ဖြာမှု၊ ဒရုန်းမှတ်တမ်းများနှင့် အခြားအထောက်အ ထားများကို စုဆောင်းထားသည်ဟု ဆိုသည်။

 

ကိုးကား – ရိုက်တာ

 

Ref; Single bomber carried out Kabul airport attack, U.S. military says

 

#PeopleMedia

 

(unicode)


……………………………………………………….

 


 


 


 


 


 


 


 


 


 

Ref; Single bomber carried out Kabul airport attack, U.S. military says

 

#PeopleMedia


Share this post