• Follow Us on

Home ကဘူးလ္ၿမိဳ႕ရွိ ပုဂၢလိကပညာေရးစင္တာ အေသခံဗုံးခြဲတိုက္ခိုက္မႈတြင္ ၂၄ ဦး ေသဆုံးၿပီး ၅၇ ဦး ဒဏ္ရာရ

ကဘူးလ္ၿမိဳ႕ရွိ ပုဂၢလိကပညာေရးစင္တာ အေသခံဗုံးခြဲတိုက္ခိုက္မႈတြင္ ၂၄ ဦး ေသဆုံးၿပီး ၅၇ ဦး ဒဏ္ရာရ

Share this post

နိုင္ငံတကာ၊ ေအာက္တိုဘာ ၂၅
အာဖဂန္နစၥတန္နိုင္ငံ ကဘူးလ္ၿမိဳ႕ေတာ္ရွိ ပုဂၢလိကပညာေရးစင္တာတစ္ခုအား ယမန္ေန႔က အေသခံဗုံး ခြဲ တိုက္ခိုက္မႈတစ္ရပ္ လုပ္ေဆာင္ခဲ့ရာ ေသဆုံးသူအေရအတြက္မွာ ၂၄ ဦးအထိ ရွိလာခဲ့ၿပီဟု ျပည္ထဲေရးဝန္ႀကီး ဌာန ေျပာေရးဆိုခြင့္ရွိသူ တာရစ္ေအရီယန္က ယေန႔ ေျပာၾကားသည္။
ယမန္ေန႔ညေနပိုင္းက ကဘူးလ္ၿမိဳ႕ေတာ္အေနာက္ပိုင္းရွိ ပုဂၢလိကပညာေရးစင္တာတစ္ခုျဖစ္သည့္ ေကာ္ ဆာအီးဒန္းနစ္ေက်ာင္းကို ပစ္မွတ္ထား၍ အေသခံဗုံးခြဲတိုက္ခိုက္ခဲ့ရာ လူ ၂၄ ဦး ေသဆုံးခဲ့ၿပီး ၅၇ ဦး ဒဏ္ရာရရွိခဲ့ ေၾကာင္း ၄င္းက အတည္ျပဳခဲ့သည္။
အေသခံဗုံးခြဲတိုက္ခိုက္မႈေၾကာင့္ ေသဆုံးသူအားလုံးမွာ အရပ္သားမ်ားျဖစ္ေၾကာင္း တာရစ္ေအရီယန္က ဆိုသည္။
အေသခံဗုံးခြဲတိုက္ခိုက္မႈတြင္ ၁၁ ဦး ေသဆုံးခဲ့ၿပီး ၂၀ ဦး ဒဏ္ရာရရွိခဲ့သည္ဟု အေစာပိုင္းသတင္းမ်ားက ေဖာ္ျပခဲ့ၾကသည္။
အေသခံဗုံးခြဲတိုက္ခိုက္မႈက ၄င္းတို႔၏လက္ခ်က္ျဖစ္ေၾကာင္း အာဖဂန္နစၥတန္နိုင္ငံရွိ အိုင္အက္စ္အဖြဲ႕ခြဲက ေျပာၾကားခဲ့သည္။
ကိုးကား – ဆင္ဟြာ
Ref; Death toll of Kabul suicide attack rises to 24, 57 injured
(unicode)
ကဘူးလ်မြို့ရှိ ပုဂ္ဂလိကပညာရေးစင်တာ အသေခံဗုံးခွဲတိုက်ခိုက်မှုတွင် ၂၄ ဦး သေဆုံးပြီး ၅၇ ဦး ဒဏ်ရာရ
……………………………………………………….
နိုင်ငံတကာ၊ အောက်တိုဘာ ၂၅
အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့တော်ရှိ ပုဂ္ဂလိကပညာရေးစင်တာတစ်ခုအား ယမန်နေ့က အသေခံဗုံး ခွဲ တိုက်ခိုက်မှုတစ်ရပ် လုပ်ဆောင်ခဲ့ရာ သေဆုံးသူအရေအတွက်မှာ ၂၄ ဦးအထိ ရှိလာခဲ့ပြီဟု ပြည်ထဲရေးဝန်ကြီး ဌာန ပြောရေးဆိုခွင့်ရှိသူ တာရစ်အေရီယန်က ယနေ့ ပြောကြားသည်။
ယမန်နေ့ညနေပိုင်းက ကဘူးလ်မြို့တော်အနောက်ပိုင်းရှိ ပုဂ္ဂလိကပညာရေးစင်တာတစ်ခုဖြစ်သည့် ကော် ဆာအီးဒန်းနစ်ကျောင်းကို ပစ်မှတ်ထား၍ အသေခံဗုံးခွဲတိုက်ခိုက်ခဲ့ရာ လူ ၂၄ ဦး သေဆုံးခဲ့ပြီး ၅၇ ဦး ဒဏ်ရာရရှိခဲ့ ကြောင်း ၄င်းက အတည်ပြုခဲ့သည်။
အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် သေဆုံးသူအားလုံးမှာ အရပ်သားများဖြစ်ကြောင်း တာရစ်အေရီယန်က ဆိုသည်။
အသေခံဗုံးခွဲတိုက်ခိုက်မှုတွင် ၁၁ ဦး သေဆုံးခဲ့ပြီး ၂၀ ဦး ဒဏ်ရာရရှိခဲ့သည်ဟု အစောပိုင်းသတင်းများက ဖော်ပြခဲ့ကြသည်။
အသေခံဗုံးခွဲတိုက်ခိုက်မှုက ၄င်းတို့၏လက်ချက်ဖြစ်ကြောင်း အာဖဂန်နစ္စတန်နိုင်ငံရှိ အိုင်အက်စ်အဖွဲ့ခွဲက ပြောကြားခဲ့သည်။
ကိုးကား – ဆင်ဟွာ
Ref; Death toll of Kabul suicide attack rises to 24, 57 injured

Share this post