• Follow Us on

Home ကဘူးလေဆိပ်ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရန် ပင်တဂွန်တွင် စွမ်းရည်အလုံအလောက်မရှိ

ကဘူးလေဆိပ်ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရန် ပင်တဂွန်တွင် စွမ်းရည်အလုံအလောက်မရှိ

Share this post

နိုင်ငံတကာ၊ သြဂုတ် ၁၉ (People Media)

 

ဟာမစ်ကာဇိုင်းနိုင်ငံတကာလေဆိပ်ကိုကာကွယ်ရေးနှင့်  အာဖဂန်နစ္စတန်ရှိ အမေရိကန်များကိုပြန်လည်ခေါ် ဆောင်နိုင်ရန် အမေရိကန်တပ်များစေလွှတ်ရေးကိစ္စရပ်နှစ်ခုစလုံးနှင့် ပတ်သက်၍ ပင်တဂွန်စစ်ဌာနချုပ်တွင် စွမ်းရည်အလုံအလောက်မရှိကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီးက ပြောဆိုလိုက်သည်။

 

အမေရိကန်နိုင်ငံသားများနှင့် လက်ခံထားသောအာဖဂန်လူမျိုးများ အာဖဂန်နစ္စတန်မှ အဆင်ပြေချောမွေ့စွာ ထွက်ခွာနိုင်ရန် ကဘူးလေဆိပ်လုံခြုံရေးကို အဓိကအာရုံစိုက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း အမေရိကန်ကာ ကွယ်ရေးဝန်ကြီး အယ်လ်လွိုက်သြစတင်နှင့် ပူးတွဲတပ်ဖွဲ့ဝင်များ၏စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မာ့ခ်မီလီက သ တင်းထောက်များကို ပထမဦးဆုံးအကြိမ်အဖြစ်ပြောကြားခဲ့သည်။

 

အာဖဂန်နစ္စတန်နိုင်ငံတွင် အမေရိကန်လူမျိုး ၁၀၀၀၀ မှ ၁၅၀၀၀ အထိ ကျန်ရှိနေသေးကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက သြဂုတ်လ ၁၇ ရက်နေ့က ခန့်မှန်းတွက်ချက်ထားသည်။ အဆိုပါစာရင်းတွင် ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးရန် ရွေးချယ်ထားသော အာဖဂန်လူမျိုးများနှင့် အနှစ်နှစ်ဆယ်အတွင်း အမေရိကန်တပ်ဖွဲ့ဝင်များ ကိုကူညီခဲ့သည့် အာဖဂန်လူမျိုးများစာရင်းမပါဝင်သေးပေ။

 

လေဆိပ်ရောက်အောင် ကြိုးစားနေသည့် ဘေးကင်းရာသို့ရွှေ့ပြောင်းပေးရန် သတ်မှတ်အရည်အချင်းပြည့်မီသူ အာဖဂန်လူမျိုးအများအပြားကို  တာလီဘန်စစ်ဆေးရေးဂိတ်များကတားဆီးနေကြောင်းသိရသည်။ တာလီဘန် များသည် လေဆိပ်သွားရန်လမ်းတစ်လျှောက် စစ်ဆေးရေးဂိတ်များဖွင့်လှစ်ပြီး ဖြတ်သန်းသွားလာသူများကို စစ် ဆေးလျက်ရှိသည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနသည် အရည်အချင်းပြည့်မီသူများကို ထောက်ပံ့နိုင်ရန် တာလီဘန်များနှင့် ပူးတွဲအလုပ်လုပ်ကိုင်လျက်ရှိကြောင်းသိရသည်။ အမေရိကန်တပ်ဖွဲ့ဝင်များနှင့် တာလီဘန်တို့ ကြားတွင် မည်သည့်ရန်လိုမှုမှမရှိကြောင်း သြစတင်က ပြောသည်။

 

“ပဋိပက္ခတွေလျော့ပါးလာစေဖို့အတွက် ကျွန်တော်တို့ တာလီဘန်တွေနဲ့ ဆက်လက်ဆောင်ရွက်သွားမှာပါ။ လေဆိပ်လုံခြုံရေးအတွက် ဆက်ပြီး အာရုံစိုက်ဆောင်ရွက်သွားမှာပါ။ အရပ်သားတွေထောင်သောင်းချီပြီး လေ ဆိပ်ကို သူတို့ဆန္ဒရှိတဲ့အတိုင်းရောက်လာကြပြီး ကျွန်တော်တို့အမေရိကန်တပ်ဖွဲ့ဝင်တွေကို အန္တရာယ်ရှိတဲ့ကြား ထဲတွန်းပို့သလိုဖြစ်နေတဲ့နေရာမှာ လေဆိပ်ကိုကာကွယ်သွားဖို့ ဒါမှမဟုတ် လေဆိပ်တစ်ခုလုံးလုံခြုံအောင်လုပ် ဖို့ ကျွန်တော်တို့ မတတ်နိုင်ပါဘူး။” ဟု သြစတင်က ပြောသည်။

 

သို့သော် ယင်းပြဿနာမှာ စွမ်းရည်မရှိခြင်းကြောင့်ဖြစ်လာသည့်ပြဿနာမဟုတ်ဘဲ လေဆိပ်တွင် လုပ်ငန်းတာ ဝန်များဆောင်ရွက်ရန်ခွင့်ပြုထားသည့် အမေရိကန်တပ်ဖွဲ့ဝင်အင်အားကို ကန့်သတ်ထားသည့်မူဝါဒကြောင့်ဖြစ် ကြောင်း ဗိုလ်ချုပ်ကြီးမာ့ခ်မီလီက ပြောသည်။

 

Ref: Pentagon Leaders: Not Enough Capacity For Rescue Operations In Kabul

 

#PeopleMedia

 

(unicode)


…………………………………………………………

 


 


 


 


 


 


 


 

Ref: Pentagon Leaders: Not Enough Capacity For Rescue Operations In Kabul

 

#PeopleMedia


Share this post