• Follow Us on

Home ကဘူးလေဆိပ်ကိုတိုက်ခိုက်သည့် ဒုံးကျည်များ အမေရိကန်ဒုံးကာကွယ်ရေးတပ်မှ ပစ်ချ

ကဘူးလေဆိပ်ကိုတိုက်ခိုက်သည့် ဒုံးကျည်များ အမေရိကန်ဒုံးကာကွယ်ရေးတပ်မှ ပစ်ချ

Share this post

နိုင်ငံတကာ၊ သြဂုတ် ၃၀ (People Media)

 

အမေရိကန်တပ်ဖွဲ့များ ဆုတ်ခွာမှုပြီးလုချိန်တွင် ကဘူးနိုင်ငံတကာလေဆိပ်သို့ ဒုံးကျည်ငါးစင်းထက်မနည်း ပစ် ခတ်ခဲ့သော်လည်း ဒုံးကျည်များကို ကြားဖြတ်ပစ်ချနိုင်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးကပြောသည်။

 

သြဂုတ်လ ၃၀ ရက်နေ့ မနက်ပိုင်းက လေဆိပ်သို့ပစ်ခတ်ခဲ့သောဒုံးကျည်များကို ဒုံးကျည်ကာကွယ်ရေးစနစ်က ပစ်ချခဲ့သော်လည်း ဒုံးကျည်အားလုံးကိုပစ်ချနိုင်ခဲ့ခြင်းရှိမရှိ ရှင်းရှင်းလင်းလင်းမသိရကြောင်း အမည်မဖော်လို သည့်အမေရိကန်အရာရှိတစ်ဦးကပြောသည်။ ကနဦးသတင်းများအရ အမေရိကန်တပ်ဖွဲ့ဝင်များ သေဆုံး၊ ထိ ခိုက်မှုမရှိသော်လည်း သတင်းအပြောင်းအလဲရှိနိုင်ကြောင်း ၎င်းကပြောသည်။

 

သြဂုတ်လ ၂၉ ရက်နေ့ အစောပိုင်းကလည်း ကဘူးလေဆိပ်ကိုတိုက်ခိုက်ရန် ချိန်ရွယ်ထားသည့် အသေခံဗုံးခွဲ သမားတင်ဆောင်ထားသော ကားတစ်စီးအား အမေရိကန်တပ်ဖွဲ့ဝင်များက ဒရုန်းတစ်စီးဖြင့် တိုက်ခိုက်ခဲ့သည်။

 

အမေရိကန်တပ်များထွက်ခွာမည့် နောက်ဆုံးသတ်မှတ်ရက် သြဂုတ်လ ၃၁ ရက်နေ့မတိုင်မီ အမေရိကန်နိုင်ငံ သားများနှင့် ဒုက္ခရောက်နေသည့်အာဖဂန်နိုင်ငံသားများကို တက်သုတ်ရိုက်ကယ်ထုတ်နေစဉ်အတွင်း ကဘူး လေဆိပ်အား အိုင်အက်စ်များထပ်မံတိုက်ခိုက်လာမည်ကို စိုးရိမ်ပူပန်မှုများမြင့်တက်လျက်ရှိသည်။

 

အိုင်အက်စ်အိုင်အက်စ်အဖွဲ့သည် လေဆိပ်ကို ဒုံးကျည်များဖြင့်တိုက်ခိုက်ရန် ကြံစည်နေကြောင်း အာဖဂန်အရာ ရှိများကသတိပေးခဲ့ဖူးသော်လည်း အမေရိကန်ပြည်ထောင်စုအနေဖြင့် အီရတ်တွင် အလားတူအတွေ့အကြုံမျိုး ရရှိခဲ့ပြီးဖြစ်ပြီး ဒုံးကျည်ကာကွယ်ရေးစနစ်ကိုတပ်ဆင်ထားပြီးဖြစ်ကြောင်းသိရသည်။

 

“အိုင်အက်စ်အိုင်အက်စ်တွေဟာ တတ်နိုင်ရင် ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်လာမယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ လက်ရှိအချိန်မှာ အဲဒီလိုဒုံးကျည်တွေနဲ့တိုက်ခိုက်လာတာကို ကျွန်တော်တို့ အမှန်တကယ်ကာကွယ် နိုင်စွမ်းရှိပါတယ်။ ကျွန်တော်တို့ဆီမှာ ဒုံးကျည်နဲ့ မော်တာကာကွယ်ရေးစနစ်တွေရှိပါတယ်။” ဟု အမေရိကန် ဗဟိုစစ်ဌာနချုပ်မှ ဗိုလ်ချုပ်ကြီးဖရန့်မက်ခ်ကန်ဇီးကပြောသည်။

 

အာဖဂန်လူမျိုးအများအပြားနှင့် အမေရိကန်တပ်ဖွဲ့ဝင် ၁၃ ဦး ကျဆုံးခဲသည့် ကြာသာပတေးနေ့က ဗုံးခွဲတိုက် ခိုက်မှုအပြီး ကဘူးလေဆိပ်အား အသေခံဗုံးခွဲတိုက်ခိုက်သူများနှင့် ကားဗုံးခွဲတိုက်ခိုက်သူများက တိုက်ခိုက်လာ မည်ကို စိုးရိမ်ပူပန်မှုများမြင့်တက်လျက်ရှိသည်။

 

မြေပြင်အခြေအနေမှာ အန္တရာယ်ရှိဆဲဖြစ်ပြီး လာမည့် ၂၄ နာရီနှင့် ၃၆ နာရီအတွင်း နောက်ထပ်တိုက်ခိုက်မှုများ  ထပ်မံဖြစ်ပွားလာနိုင်သည်ဟု အမေရိကန်စစ်ဘက်အရာရှိကြီးများက ၎င်းအားပြောဆိုခဲ့ကြောင်း သမ္မတဂျိုးဘိုင် ဒန်က သြဂုတ်လ ၂၈ ရက်နေ့ကပြောသည်။

 

Ref: Multiple rockets fired at Kabul airport, intercepted by defense system: U.S. official

 

#PeopleMedia

 

(unicode)


…………………………………………………………………….

 


 


 


 


 


 


 


 


 


 

Ref: Multiple rockets fired at Kabul airport, intercepted by defense system: U.S. official

 

#PeopleMedia


Share this post