• Follow Us on

Home ကဘူးလေဆိပ်တိုက်ခိုက်မှု အာဖဂန်လူမျိုး ၆၀ ဦးနှင့် အမေရိကန်စစ်သည် ၁၃ ဦးသေဆုံး

ကဘူးလေဆိပ်တိုက်ခိုက်မှု အာဖဂန်လူမျိုး ၆၀ ဦးနှင့် အမေရိကန်စစ်သည် ၁၃ ဦးသေဆုံး

Share this post

နိုင်ငံတကာ၊ သြဂုတ် ၂၇ (People Media)

 

အသေခံဗုံးခွဲသူနှစ်ဦးနှင့် သေနတ်သမားအချို့သည် သြဂုတ်လ ၂၆ ရက်နေ့က အာဖဂန်လေဆိပ်အတွင်းတိုး ဝှေ့နေသောလူအုပ်ကြီးကြားတွင် ဗုံးခွဲပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အာဖဂန်လူမျိုး ၆၀ ဝန်းကျင်နှင့် အမေရိကန် တပ်ဖွဲ့ဝင် ၁၃ ဦးသေဆုံးခဲ့ ကြောင်း အာဖဂန်နှင့် အမေရိကန်အရာရှိများကပြောသည်။

 

အစ္စလာမ်မစ်နိုင်ငံတော်ခေါ် အိုင်အက်စ်အဖွဲ့က ဗုံးခွဲတိုက်ခိုက်မှုကို ၎င်းတို့အဖွဲ့ကလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့ပိုင် Amaq က ကြေညာခဲ့သည်။ အာဖဂန်နစ္စတန်ရှိ အိုင်အက်စ်အဖွဲ့သည် လတ်တလောကာလ အာဖဂန် နစ္စတန်ကိုထိန်းချုပ်ထားသော တာလီဘန်အဖွဲ့ထက် ပို၍အစွန်းရောက်သောအဖွဲ့ဖြစ်သည်။ လက်ရှိတိုက်ခိုက်မှု သည် တာလီဘန်အဖွဲ့နှင့် မသက်ဆိုင်ဟု ယူဆရပြီး တာလီဘန်အဖွဲ့က ယင်းဗုံးခွဲတိုက်ခိုက်မှုကို ပြစ်တင်ရှုတ်ချ ထားသည်။

 

နောက်ဆုံးတိုက်ခိုက်မှုကြောင့် အမေရိကန်တပ်ဖွဲ့များ အာဖဂန်နစ္စတန်မှ သတ်မှတ်ရက်ထက်စောလျင်စွာထွက် ခွာသွားမည်မဟုတ်ကြောင်း၊ အိုင်အက်စ်အဖွဲ့ကို လက်တုံ့ပြန်တိုက်ခိုက်ရေးအတွက် စီမံချက်ရေးဆွဲရန် အမေရိ ကန်တပ်မတော်ကို အမိန့်ပေးထားကြောင်း အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က အိမ်ဖြူတော်တွင်ပြောကြားသည့် မိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့သည်။ “ကျွန်တော်တို့ ခွင့်မလွှတ်ဘူး၊ မမေ့ဘူး။ ကျွန်တော်တို့ ပြန်လည် တိုက်ခိုက်သွားမှာဖြစ်တယ်။ အိုင်အက်စ်တွေ ပြန်လည်ပေးဆပ်ရမှာဖြစ်တယ်။” ဟု ၎င်းကပြောသည်။

 

ဖြစ်စဉ်တွင် အမေရိကန်မရိန်းစစ်သည် ၁၁ ဦးနှင့် ဆေးတပ်သား ၁ ဦး ကနဦး ကျဆုံးခဲ့ပြီး နောက်ထပ်စစ်သည် ၁ ဦး၊ ပေါင်း ၁၃ ဦးကျဆုံးခဲ့သည်။ အမေရိကန်စစ်သည် ၁၈ ဦးဒဏ်ရာရရှိခဲ့သည်။ အာဖဂန်လူမျိုး ၆၀ သေဆုံး ခဲ့ပြီး ၁၄၀ ဦး ဒဏ်ရာရရှိခဲ့သည်။ ဆေးရုံရောက်ရောက်ချင်းသေဆုံးသွားသော ၁၀ ဦးအပြင် ဒဏ်ရာရရှိထားသူ ၆၀ ဦးထပ်မံရောက်ရှိလာကြောင်း အာဖဂန်နစ္စတန်ရှိ ပရဟိတဆေးရုံများတွင် အလုပ်လုပ်နေသော အီတလီလူ မှုရေးအဖွ့ဲဝင်တစ်ဦးကပြောသည်။

 

ဗုံးတစ်လုံးမှာ လေဆိပ်အဝင်ဂိတ်ပေါက်အနီး ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး အခြားဗုံးတစ်လုံးမှာ ဟိုတယ်တစ်ခုအနီး ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ပင်တဂွန်စစ်ဌာနချုပ်ပြောခွင့်ရပုဂ္ဂိုလ် ဂျွန်ကာဘိုင်ကပြောသည်။

 

အဒမ်ခန်းဆိုသူအာဖဂန်လူမျိုးမှာ လေဆိပ်အနီးစောင့်ဆိုင်းနေစဉ် ဂိတ်ပေါက်အနီးပေါက်ကွဲမှုကိုတွေ့မြင်ခဲ့ရ သည်။ လူအများအပြားသေဆုံး၊ ဒဏ်ရာရရှိခဲ့ကြသည်ကိုတွေ့မြင်ခဲ့ရကြောင်း ၎င်းကပြောသည်။ ဒုတိယပေါက် ကွဲမှုမှာ ဘာရွန်ဟိုတယ်အနီးပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ယင်းနေရာတွင် အာဖဂန်လူမျိုးများ၊ ဗြိတိန်လူ မျိုးများနှင့် အမေရိကန်များစုဝေးနေကြကြောင်း သိရသည်။

 

ဗြိတိန်တော်ဝင်မရိန်းတပ်ဖွဲ့ဝင်ဖြစ်ခဲ့ပြီး ယခုအချိန်တွင် အာဖဂန်နစ္စတန်၌ တိရိစ္ဆာန်များကို ကယ်ဆယ်စောင့် ရှောက်နေသူတစ်ဦးက ၎င်းနှင့် ၎င်းဝန်ထမ်းများ လေဆိပ်အနီးပေါက်ကွဲမှုတွင် ပိတ်မိနေခဲ့ကြောင်းပြောသည်။

 

“ရုတ်တရက် သေနတ်သံတွေကြားလိုက်ရတယ်။ ကျွန်တော်တို့ကားကို ပစ်နေတာဗျ။ AK-47 ကိုင်ထားတဲ့ လူ တစ်ယောက်က လှမ်းပစ်လိုက်တာ ကျွန်တော်တို့ကားဒရိုင်ဘာ နဖူးကိုမှန်သွားတယ်။ ဒရိုင်ဘာ မလှုပ်နိုင်တော့ ဘူးလေ။” ဟု ၎င်းကပြောသည်။

 

Ref: Kabul airport attack kills 60 Afghans, 13 US troops

 

#PeopleMedia

 

(unicode)


………………………………………………………………

 


 


 


 


 


 


 


 


 


 

Ref: Kabul airport attack kills 60 Afghans, 13 US troops

 

#PeopleMedia


Share this post