• Follow Us on
Latest News

Home ကဘူးလေဆိပ်မှ မထွက်ခွာမီ လေယာဉ်အများအပြားအား ပြန်လည်သုံးစွဲ၍မရအောင် ပြုလုပ်ထားပြီး  အမေရိကန်တပ်များ စွန့်ထားခဲ့

ကဘူးလေဆိပ်မှ မထွက်ခွာမီ လေယာဉ်အများအပြားအား ပြန်လည်သုံးစွဲ၍မရအောင် ပြုလုပ်ထားပြီး  အမေရိကန်တပ်များ စွန့်ထားခဲ့

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၁ (People Media)

 

အမေရိကန်တပ်မတော်သည် အဆင်မြင့်ဒုံးကျည်ကာကွယ်ရေးလက်နက်အပါအဝင် လေယာဉ်များနှင့် သံချပ် ကာကားများအား ပြန်လည်အသုံးပြု၍မရအောင် ပြုလုပ်ထားပြီး ၎င်းတို့မထွက်ခွာမီ ကဘူးလေဆိပ်တွင် စွန့်ပစ် ထားခဲ့ကြောင်း ဗဟိုစစ်ဌာနချုပ်အကြီးအကဲဗိုလ်ချုပ်ကြီးကန်နိသ်မက်ကန်ဇီးကပြောသည်။

 

လေယာဉ် ၇၃ စင်းမှာ ဟာမစ်ကာဇိုင်းနိုင်ငံတကာလေဆိပ်တွင်ယခင်ကတည်းကရှိနှင့်ပြီးဖြစ်ပြီး နှစ်ပတ်ကြာ ဘေးကင်းလုံခြုံရာရွှေ့ပြောင်းရေးအစီအစဉ်များမဆောင်ရွက်ခင်ကတည်းက အမေရိကန်တပ်ဖွဲ့ဝင်များက ယင်း လေယာဉ်များကို စစ်ဆင်ရေးတွင် အသုံးပြု၍မရအောင်လုပ်ဆောင်ပြီးဖြစ်ကြောင်း ၎င်းကပြောသည်။

 

“ဒီလေယာဉ်တွေက ပြန်ပြီးအသုံးပြုလို့မရတော့ပါဘူး။ မပျံနိုင်တော့ဘူးပေါ့ဗျာ။ အဲဒီလေယာဉ်တွေကို စစ်ဆင် ရေးမှာပြန်ပြီးအသုံးပြုနိုင်အောင် ဘယ်သူမှမလုပ်နိုင်တော့ပါဘူး။ လေယာဉ်အများစုဟာ စစ်ဆင်ရေးတာဝန် ပြန်လည်ထမ်းဆောင်နိုင်တဲ့စွမ်းရည်မရှိတော့ပါဘူး။ နောက်ထပ်မပျံသန်းနိုင်တော့ပါဘူး” ဟု ၎င်းကပြောသည်။

 

ပင်တဂွန်စစ်ဌာနချုပ်အနေဖြင့် သြဂုတ်လ ၁၄ ရက်နေ့က လေကြောင်းသယ်ယူပို့ဆောင်ရေးအစီအစဉ် စတင် သည့်အချိန်တွင် ကဘူးလေဆိပ်ကိုသိမ်းပိုက်ထိန်းချုပ်ပြီး ဘေးကင်းရာသို့သယ်ယူပို့ဆောင်ရေး ဆောင်ရွက်နိုင် ရန် အမေရိကန်တပ်ဖွဲ့ဝင် ၆,၀၀၀ နီးပါးစေလွှတ်ထားခဲ့ကြောင်း၊ ယင်းအချိန်ကတည်းက ဒေါ်လာ ၁ သန်းတန် ကြေးရှိ MRAP သံချပ်ကာကားအစီးရေ ၇၀ ဝန်းကျင်နှင့် ဟမ်းဗီးယာဉ် ၂၇ စီးကို သုံးစွဲမရအောင်ပြုလုပ်ထားခဲ့ ပြီးဖြစ်ကြောင်း ၎င်းကပြောသည်။

 

“အဲဒီကားတွေကလည်း သုံးလို့မရတော့ပါဘူး” ဟု ၎င်းကပြောသည်။

 

အမေရိကန်များသည် လေဆိပ်အား ဒုံးကျည်များဖြင့်တိုက်ခိုက်လာပါကကာကွယ်ရန် ရော့ကတ်များ၊ အမြောက် များ၊ မော်တာများဖြင့် တန်ပြန်ပစ်ခတ်သည့် C-RAM system ကိုလည်း လေဆိပ်တွင်ထားခဲ့ကြသည်။ တနင်္လာ နေ့က အိုင်အက်စ်အဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့သည့်ဒုံးကျည်ငါးစင်းကို အဆိုပါ C-RAM system တွင်တပ် ဆင်ထားသည့်လက်နက်များဖြင့် ပြန်လည်ပစ်ခတ်ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

 

“နောက်ဆုံးအချိန်အထိ အဲဒီလက်နက်စနစ်ကို စစ်ဆင်ရေးအတွက်အသုံးပြုလို့ရအောင် ကျွန်တော်တို့ ထိန်း သိမ်းထားခဲ့ပါတယ်။ ဒီလက်နက်စနစ်တွေကိုဖျက်ဆီးဖို့ဆိုတာ အလွန်ရှုပ်ထွေးလှတဲ့အဆင့်တွေရှိပြီး အချိန်တို အတွင်း ပြင်းပြင်းထန်ထန် ကြိုးပမ်းဆောင်ရွက်ရတာဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီလက်နက်စနစ်အားလုံးကို စစ် ဆင်ရေးမှာပြန်လည်သုံးစွဲလို့မရအောင် ကျွန်တော်တို့ အားလုံးဖျက်ပစ်ခဲ့ပါတယ်” ဟု အမေရိကန်စစ်လေယာဉ် မထွက်ခွာမီ ဗိုလ်ချုပ်ကြီး ကန်နိသ်မက်ကန်ဇီးကပြောသည်။

 

Ref: US military disabled scores of aircraft before leaving Kabul airport

 

#PeopleMedia #အမေရိကန်တပ်များ #ကဘူးလေဆိပ်

 

(unicode)


……………………………………………………………………

 


 


 


 


 


 


 


 


 

Ref: US military disabled scores of aircraft before leaving Kabul airport

 



Share this post