• Follow Us on

Home ကဘူးမြို့တွင် ဖြစ်ပွားခဲ့သော အရပ်သားများသေဆုံးသည့် ဒရုန်းတိုက်ခိုက်မှုအတွက် မည်သည့်အမေရိကန် အရာရှိကိုမှ အမေရိကန်စစ်တပ်က အရေးယူမည်မဟုတ်

ကဘူးမြို့တွင် ဖြစ်ပွားခဲ့သော အရပ်သားများသေဆုံးသည့် ဒရုန်းတိုက်ခိုက်မှုအတွက် မည်သည့်အမေရိကန် အရာရှိကိုမှ အမေရိကန်စစ်တပ်က အရေးယူမည်မဟုတ်

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၁၄ (People Media)

 

အမေရိကန်စစ်ဘက်ထိပ်တန်းခေါင်းဆောင်နှစ်ဦးထံမှ ထောက်ခံချက်များကို ကာကွယ်ရေးဝန်ကြီး အယ်လ် လွိုက်ဪစတင်က အတည်ပြုလိုက်ပြီးနောက် အာဖဂန်ပြည်သူ ၁၀ ဦးသေဆုံးသွားသည့် ကဘူးမြို့တော်တွင် ပြုလုပ်ခဲ့သည့် တာဝန်မဲ့သောဒရုန်းတိုက်ခိုက်မှုနှင့်ပတ်သက်၍ မည်သည့်အမေရိကန်စစ်ဘက်အရာရှိတစ်ဦး တစ်ယောက်ကိုမှ အရေးယူအပြစ်ပေးမည်မဟုတ်ကြောင်း သိရသည်။

 

“ကာကွယ်ရေးဝန်ကြီးက မထောက်ခံပါဘူး ဒါမှမဟုတ် တာဝန်ခံမှုနဲ့ပတ်သက်လို့ နောက်ထပ်အရေးယူမှုတွေပြု လုပ်ဖို့တောင်းဆိုထားပါတယ်” ဟု VOA သတင်းဌာန၏မေးခွန်းကိုပြန်လည်ဖြေကြားရာတွင် ပင်တဂွန်စစ်ဌာန ချုပ်ပြောခွင့်ရပုဂ္ဂိုလ်ဂျွန်ကာဘိုင်က သတင်းထောက်များကိုပြောသည်။

 

သြဂုတ်လ ၂၉ ရက်နေ့ကဖြစ်ပွားခဲ့သော ယင်းဒရုန်းတိုက်ခိုက်မှုမှာ အလွန်ဝမ်းနည်းဖွယ်ကောင်းသော မှားယွင်း မှုတစ်ခုဖြစ်ကြောင်း ပင်တဂွန်မှအရာရှိများက အစောပိုင်းကာလက အသိအမှတ်ပြုပြောဆိုခဲ့သည်။

 

ယင်းတိုက် ခိုက်မှုမှာ စစ်ပွဲအတွင်းဥပဒေများကို ချိုးဖောက်ခဲ့ခြင်းမရှိကြောင်း၊ ရာဇဝတ်မှုမြောက်သော လျစ်လျူရှုမှုထက် ဘက်လိုက်အတည်ပြုမှုကြောင့် ဖြစ်ပေါ်လာသောရလဒ်ဖြစ်ကြောင်း လေတပ်စုံစမ်းစစ်ဆေးရေးဗိုလ်ချုပ်ကြီးဦး ဆောင်သော လွတ်လပ်သောစုံစမ်းစစ်ဆေးရေးအဖွဲ့က ပြောသည်။

 

အာဖဂန်လူမျိုးအရပ်သား အနည်းဆုံး ၁၇၀ နှင့် အမေရိကန်စစ်သည် ၁၃ ဦးကျဆုံးခဲ့ သော ဟာမစ်ကာဇိုင်းနိုင်ငံ တကာလေဆိပ်အပြင်ဘက်တွင်ဖြစ်ပွားခဲ့သည့်အသေခံဗုံးခွဲမှုဖြစ်စဉ်အပြီး ယင်းဒရုန်းတိုက်ခိုက်မှုကိုပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ဒရုန်းတိုက်ခိုက်မှုကြောင့် ကလေးသူငယ် ၇ ဦးအပါအဝင် အနည်းဆုံးအရပ်သား ၁၀ ဦးသေဆုံးခဲ့သည်။

 

ဒရုန်းတိုက်ခိုက်မှုကို မှားယွင်းတိုက်ခိုက်မှုဖြစ်ကြောင်း ဝန်မခံမီ ယင်းဒရုန်းလေကြောင်းတိုက်ခိုက်မှုမှာ အမေရိ ကန်တပ်ဖွဲ့ဝင်များကို တိုက်ခိုက်နေသော အိုင်အက်စ်ခိုရာဆန် အဖွဲ့ကို ဦးတည်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အစောပိုင်းကာလတွင် အမေရိကန်စစ်တပ်ကပြောသည်။ အမေရိကန်စစ်တပ်က ဖောက်ခွဲရေးပစ္စည်းများတင်ဆောင်ထားသည်ဟု ယုံကြည်နေသော အဆိုပါကားမှာ ကူ ညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေသော မိသားစုအတွက် ရေပီပါများသယ်ဆောင်လာသော ရေကား ဖြစ်နေကြောင်း နောက်ပိုင်းတွင် သိလိုက်ရသည်။

 

အမေရိကန်အခြေစိုက် အဟာရနှင့် ပညာရေး နိုင်ငံတကာအဖွဲ့တည်ထောင်သူနှင့် ဥက္ကဋ္ဌဖြစ်သူ စတိဗ်ကွမ်းက ဒီဇင်ဘာလ ၁၃ ရက်နေ့က “ပင်တဂွန်၏ ဆုံးဖြတ်ချက်ကို တုန်လှုပ်မိကြောင်း” ပြောဆိုပြီး ပင်တဂွန်စစ်ဌာန ချုပ်ကို ပြစ်တင်ဝေဖန်လိုက်သည်။

 

ဒရုန်းလေကြောင်းတိုက်ခိုက်မှုကြောင့် နိုင်ငံတကာ အဟာရနှင့် ပညာရေးအဖွဲ့ NEI ၏ ဝန်ထမ်းဖြစ်သူ ဇီမာရီ အာမဒီနှင့် မိသားစုဝင်ကိုးဦး သေဆုံးခဲ့ခြင်းဖြစ်သည်။

 

“အာဖဂန်ပြည်သူဆယ်ဦးရဲ့ တန်ဖိုးရှိတဲ့အသက်တွေကို ကျွန်တော်တို့စစ်တပ်က ဘယ်လိုလုပ်ယူသွားတာလဲ။ ဘာပဲဖြစ်ဖြစ် ဘယ်သူ့မှာမှ တာဝန်မရှိတော့ဘူးလား။ သူတို့ချစ်တဲ့မိသားစုဝင်တွေ အသက်ဆုံးရှုံးသွားရတဲ့မိ သားစုကို ဘယ်လိုဖြေသိမ့်ပေးမှာလဲ။ ကျွန်တော့်ဝန်ထမ်းတွေ သူတို့ချစ်တဲ့မိသားစုဝင်တွေကို ဆုံးရှုံးလိုက်ရပြီ။” ဟု စတိဗ်ကွမ်းကပြောသည်။

 

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ပင်တဂွန်စစ်ဌာနချုပ်က လျော်ကြေးပေးသွားမည်ဖြစ်ပြီး မိသားစုဝင်များနှင့် NEI အတွက်အလုပ်လုပ်နေသော အာဖဂန်လူမျိုးများ ပြည်ပနိုင်ငံတွင်အခြေချရေးအတွက် အကူအညီပေးသွားမည် ဖြစ်ကြောင်းပြောသော်လည်း ယင်းသို့ပြုလုပ်ရန် အရည်အချင်းပြည့်မီမှုရှိမရှိကို မဆန်းစစ်ရသေးကြောင်း အမေ ရိကန်အရာရှိများကပြောသည်။

 

Ref: US Military Will Not Punish Personnel Over Deadly Errant Strike in Kabul

 

#PeopleMedia

 

(unicode)


………………………………………………………………

 


 


 


 


 


 


 


 


 


 


 


 

Ref: US Military Will Not Punish Personnel Over Deadly Errant Strike in Kabul

 

#PeopleMedia


Share this post