• Follow Us on
Latest News

Home ကမာရွတ်မြို့နယ်တွင် လုံခြုံရေးဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့ဝင်များကို ပစ်ခတ်သွားသည့် ယာဉ်ကိုလိုက်လံ ပစ်ခတ်ရာ တစ်ဦးအသေ တစ်ဦးအရှင်ဖမ်းမိကြောင်း သိရ

ကမာရွတ်မြို့နယ်တွင် လုံခြုံရေးဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့ဝင်များကို ပစ်ခတ်သွားသည့် ယာဉ်ကိုလိုက်လံ ပစ်ခတ်ရာ တစ်ဦးအသေ တစ်ဦးအရှင်ဖမ်းမိကြောင်း သိရ

Share this post

နေပြည်တော်၊ စက်တင်ဘာ ၃ (People Media)

 

ကမာရွတ်မြို့နယ်တွင် လုံခြုံရေးဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့ဝင်များကို ပစ်ခတ်သွားသည့် ယာဉ်ကိုလိုက်လံ ပစ်ခတ်ရာ တစ်ဦးသေ တစ်ဦးအရှင်ဖမ်းမိကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ စက်တင်ဘာလ ၂ ရက်နေ့ ည ၈ နာရီအချိန်တွင် ကမာရွတ်မြို့နယ်၊ နာနတ်တောလမ်းဆုံ၌ လုံခြုံရေး ဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့ဝင်များကို ပစ်ခတ်ထွက်ပြေးသွားပြီးနောက် လိုက်လံဖမ်းဆီးရာတွင် မရမ်းကုန်းမြို့ နယ်တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

“စက်တင်ဘာလ ၂ ရက်နေ့ ည ၈ နာရီအချိန် ကမာရွတ်မြို့နယ်၊ နာနတ်တောလမ်းဆုံမှာ ရဲကားကို ပစ်သွားတဲ့ ဟာရှိတယ်။ ပစ်သွားတော့ နောက်ကလိုက်ဖမ်းတာတွေရှိတယ်။ ပစ်တာရှိတယ်။ ဂရန်းဟံသာဆေးရုံ မှာ အဲဒီ ကားပြန်တွေ့တယ်။ အဲဒီမှာ ကျည်ထိမှန်ထားတဲ့ လူနှစ်ယောက်လည်းတွေ့တယ်။ တစ်ယောက်ကတော့သေ သွားတယ်။ တစ်ယောက်ကတော့ အရှင်ဖမ်းဆီးရမိတယ်။ အဲဒီအပေါ်ကနေပြီး CDM ထောက်ပံ့တဲ့ စာရွက်တွေ ရော၊ မိုင်းတွေရောတွေ့တယ်။ လမ်းမပေါ်မှာရှိတဲ့”ဟု တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းမှ အတည်ပြုပြောကြားသည်။

 

ထိုသို့လိုက်လံဖမ်းဆီးရာတွင် မရမ်းကုန်းမြို့နယ်၊ ဂရန်းဟံသာဆေးရုံအနီးတွင် ဖမ်းဆီးရမိခဲ့ပြီး တစ်ဦးသေ၊ တစ်ဦးအရှင်ဖမ်းဆီးရမိခဲ့ကြောင်းနှင့် ယင်းယာဉ်ပေါ်တွင် ဖောက်ခွဲရေးပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

 

#PeopleMedia

 

(unicode)


…………………………………………………………………………

 


 


 


 


 


 

#PeopleMedia


Share this post