• Follow Us on

Home ကမာရွတ်မြို့နယ်၊ မြို့မရဲစခန်းအနီး ပေါက်ကွဲမှုဖြစ်ခဲ့ပြီး လမ်းသွားလမ်းလာတစ်ချို့ ထိခိုက်ဒဏ်ရာရရှိ

ကမာရွတ်မြို့နယ်၊ မြို့မရဲစခန်းအနီး ပေါက်ကွဲမှုဖြစ်ခဲ့ပြီး လမ်းသွားလမ်းလာတစ်ချို့ ထိခိုက်ဒဏ်ရာရရှိ

Share this post

ရန်ကုန်၊ စက်တင်ဘာ ၂၈ (People Media)

 

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ ၆ ရပ်ကွက် လှည်းတန်းလမ်းနှင့် နာနတ်တောလမ်းထောင့်ရှိ ကမာရွတ်မြို့မရဲစခန်းအနီးတွင် ယမန်နေ့ ၄ နာရီ ၂၅ မိနစ်အချိန်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းကြောင့် လမ်း သွားလမ်းလာတစ်ချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ယင်းပေါက်ကွဲမှုအနီးနေထိုင်သူများထံမှ သိရသည်။

 

“ဗုံးပေါက်ပြီး ပစ်တဲ့အသံလည်း ကြားရတယ်။ တံတားပေါ်တက်လာတဲ့သူတွေထိခိုက်ခဲ့လို့ ဆေးရုံကားလာ ခေါ်သွားတာ တွေ့လိုက်တယ်။ ပြီးတော့ စစ်တပ်ရောက်လာပြီး လမ်းပိတ်ပြီး စစ်နေတာပဲ” လို့ Grand Hantha ဆေးရုံအနီးနေထိုင်သူတစ်ဦးက ပြောသည်။

 

လူကူးခုံးတံတားဘေးလမ်းမပေါ်တွင် ဗုံးပေါက်ကွဲမှုကြောင့် တံတားပေါ်ရှိ မှန်များနှင့် ပစ္စည်းတစ်ချို့ ပျက်စီးခဲ့ပြီး၊ တံတားပေါ်တက်ရောက်လာသည့် လူတစ်ချို့လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါနေရာအား လုံခြုံရေးတပ်ဖွဲ့ဝင်များ လာရောက်စစ်ဆေးခဲ့ပြီး၊ ယင်းနေရာ အနီးတစ်ဝိုက်ကို ခတ္တပိတ် ထားခဲ့ကြောင်း သိရသည်။

 

ယမန်နေ့ကလည်း ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ် မြင်တော်သာလမ်းမကြီးပေါ်တွင်ရှိသော အမှတ် (၁) ရဲစခန်းအား ယနေ့ နေ့လည် (၁) နာရီ (၃၆) မိနစ်ခန့်တွင် ဖောက်ခွဲခဲ့ကြောင်း သိရသည်။

 

#PeopleMedia #ကမာရွက်မြို့နယ်

 

(unicode)


……………………………………………………………..

 


 


 


 


 


 


 



Share this post