• Follow Us on

Home ကမာရွတ်မြို့နယ်၌ တပ်မတော်သတင်းပေးဟု စွပ်စွဲခံရသည့် အမျိုးသားတစ်ဦး ပစ်သတ်ခံရ

ကမာရွတ်မြို့နယ်၌ တပ်မတော်သတင်းပေးဟု စွပ်စွဲခံရသည့် အမျိုးသားတစ်ဦး ပစ်သတ်ခံရ

Share this post

ရန်ကုန်၊ သြဂုတ် ၁၇ (People Media)

 

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ ၃ ရပ်ကွက်တွင် တပ်မတော်သတင်းပေးဟု စွပ်စွဲခံရသည့် ဦးတင် လှသည် ယနေ့ နံနက်ပိုင်း၌ သေနတ်ဖြင့် ပစ်သတ်ခံလိုက်ရကြောင်း ကမာရွတ်မြို့နယ် နေထိုင်သူများထံမှ သိရပါတယ်။

 

သေဆုံးသူ ဦးတင်လှသည် တပ်မတော်ကို သတင်းပေးသည်ဟုစွပ်စွဲခံရသူ ဖြစ်ပါတယ်။

 

ယနေ့ နံနက်၌ အမည်မသိလူများမှ ဦးတင်လှ၏ နဖူးကို သေနတ်ဖြင့် ချိန်ရွယ်ပစ်ခတ်ခဲ့ပါတယ်။

 

အဆိုပါအခင်းဖြစ်ပွားရာနေရာကို သိပ်မကြာခင်မှာဘဲ လုံခြုံရေးတပ်ဖွဲ့ဝင်များ သွားရောက်၍ လမ်းများပိတ်ဆို့၍ စစ်ဆေးမှုများပြုလုပ်လျက်ရှိပါတယ်။

 

#PeopleMedia #တပ်မတော်သတင်းပေး

 

(unicode)


………………………………………………………

 


 


 


 


 


 



Share this post