• Follow Us on

Home ကမာရြတ္ၿမိဳ႕နယ္ (၃) ရပ္ကြက္ မဲ႐ုံတစ္ခုတြင္ မဲလက္မွတ္ ၂၀၀၀ ကြာဟေန

ကမာရြတ္ၿမိဳ႕နယ္ (၃) ရပ္ကြက္ မဲ႐ုံတစ္ခုတြင္ မဲလက္မွတ္ ၂၀၀၀ ကြာဟေန

Share this post

ရန္ကုန္၊ ႏို၀င္ဘာ ၈

၂၀၂၀ ခုႏွစ္ အေထြေထြေရြးေကာက္ပြဲတြင္ အက်ိတ္အနယ္ယွဥ္ၿပိဳင္သည့္ မဲဆႏၵနယ္မ်ားအနက္ တစ္ခု ျဖစ္သည့္ ရန္ကုန္တိုင္းေဒသႀကီး ကမာရြက္ၿမိဳ႕နယ္တြင္ မဲစာရင္းအေရအတြက္ ၂၀၀၀ ခန္႔ ကြာဟမႈျဖစ္ ေပၚခဲ့ေၾကာင္း အဆိုပါၿမိဳ႕နယ္တြင္ ဝင္ေရာက္ယွဥ္ၿပိဳင္ေနသည့္ ကိုယ္စားလွယ္ေလာင္းမ်ား၏ ေျပာဆိုခ်က္အရ သိပါတယ္။

ကမာရြတ္ၿမိဳ႕နယ္ (၃)ရပ္ကြက္ မဲရံု၏ မဲေပးမႈစာရင္းေတြ မဲစာရင္းထုတ္သူ ဦးေရ ၄၀၀၀ ခန္႔ရွိခဲ့သည့္အတြက္ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းမ်ားအား လက္မွတ္ထိုးရန္ ေျပာဆိုခဲ့ၿပီး အထက္ပါ မဲစာရင္းမ်ားကို ျပန္လည္ ေရတြက္ရာတြင္ မဲေပးသည့္ မဲစာရင္းအေရအတြက္သည္ ၂၀၀၀ ခန္႔သာရွိခဲ့ျခင္းျဖစ္ေၾကာင္း သိရပါတယ္။

“မဲ႐ုံတစ္႐ုံမွာ ကြ်န္ေတာ္တို႔ ဘာသာျပန္ေရၾကည့္ေတာ့ မဲလက္မွတ္ ၂၀၀၀ ေလာက္ဟေနတာ ေတြ႕ရတယ္၊ ဆိုပါေတာ့ မဲထုတ္ထားတာ ၄၀၀၀ ေပါ့၊ သူတို႔ ၄၀၀၀ ဆိုၿပီး ပံုစံ(၁၁)ခ ထဲမွာ စာရင္းသြင္းလိုက္ၿပီ တကယ္ တမ္း ေျမျပင္မွာရွိတာ မဲ ၂၀၀၀ ဘဲ ရွိတာေပါ့၊ အဲ့ေတာ့ ၂၀၀၀ ေလာက္က ေပ်ာက္သြားတယ္၊ ပယ္မဲ မဟုတ္ဘူး၊ ရွာလို႔လည္း မရဘူး၊ ဘယ္ေပ်ာက္သြားမွန္း မသိဘူး၊ အဲ့ဒါကစၿပီး ေမးခြန္းထုတ္စရာ ျဖစ္ေန တာေပါ့” ဟု ကမာရြတ္ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ဦးေနယံဦး(ျပည္သူ႔ပါတီ)က ေျပာပါတယ္။

အထက္ပါကိစၥႏွင့္ပတ္သက္၍ ကမာရြတ္ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ဦးေနယံဦးက ထပ္မံေျပာၾကားရာတြင္ မဲဲရံုမဖြင့္ခင္ ဆႏၵမဲလက္မွတ္မ်ားကို ေရတြက္ကာ ပံုစံ ၁၁ (ခ)ႏွင့္ စာရင္းသြင္းၿပီး၊ ကိုယ္စားလွယ္ေလာင္းမ်ား၏ေရွ႕တြင္ အသိသက္ေသအျဖစ္ လက္မွတ္ထိုးဖို႔လိုေၾကာင္း၊ သို႔ေသာ္လည္း ကမာရြတ္ၿမိဳ႕နယ္တြင္ မည္သည့္မဲရံုမွ မျပဳလုပ္ေၾကာင္း၊ သို႔ျဖစ္၍ ျပည္သူ႔ပါတီမွ လက္မွတ္မထိုးေၾကာင္း ဦးေနယံဦးက ဆိုပါတယ္။

၎က ဆက္လက္ေျပာၾကားရာမွာ ေကာ္မရွင္ခြဲဥကၠ႒မ်ားကိုယ္တိုင္ ေရြးေကာက္ပြဲနည္းဥပေဒေတြကို လိုက္နာ တာ အားနည္းတာေတြ႕ရေၾကာင္း၊ ႀကိဳတင္မဲမ်ား အရင္ေရျခင္း၊ ကိုယ္စားလွယ္ေလာင္းျဖစ္တဲ့အတြက္ ဥပေဒ အရ မဲရံုထဲကို ၀င္ၿပီးေလ့လာခြင့္ရွိေသာ္လည္း ၀င္ေရာက္ခြင့္မျပဳျခင္းစသည္တို႔ ျဖစ္ေပၚခဲ့ေၾကာင္း ဦးေနယံဦးက ေျပာၾကားခဲ့ပါတယ္။

#PeopleMedia

(unicode)
ကမာရွတ်မြို့နယ် (၃) ရပ်ကွက် မဲရုံတစ်ခုတွင် မဲလက်မှတ် ၂၀၀၀ ကွာဟနေ
………………………………….

ရန်ကုန်၊ နိုဝင်ဘာ ၈

၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် အကျိတ်အနယ်ယှဉ်ပြိုင်သည့် မဲဆန္ဒနယ်များအနက် တစ်ခု ဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီး ကမာရွက်မြို့နယ်တွင် မဲစာရင်းအရေအတွက် ၂၀၀၀ ခန့် ကွာဟမှုဖြစ် ပေါ်ခဲ့ကြောင်း အဆိုပါမြို့နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်နေသည့် ကိုယ်စားလှယ်လောင်းများ၏ ပြောဆိုချက်အရ သိပါတယ်။

ကမာရွတ်မြို့နယ် (၃)ရပ်ကွက် မဲရုံ၏ မဲပေးမှုစာရင်းတွေ မဲစာရင်းထုတ်သူ ဦးရေ ၄၀၀၀ ခန့်ရှိခဲ့သည့်အတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းများအား လက်မှတ်ထိုးရန် ပြောဆိုခဲ့ပြီး အထက်ပါ မဲစာရင်းများကို ပြန်လည် ရေတွက်ရာတွင် မဲပေးသည့် မဲစာရင်းအရေအတွက်သည် ၂၀၀၀ ခန့်သာရှိခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

“မဲရုံတစ်ရုံမှာ ကျွန်တော်တို့ ဘာသာပြန်ရေကြည့်တော့ မဲလက်မှတ် ၂၀၀၀ လောက်ဟနေတာ တွေ့ရတယ်၊ ဆိုပါတော့ မဲထုတ်ထားတာ ၄၀၀၀ ပေါ့၊ သူတို့ ၄၀၀၀ ဆိုပြီး ပုံစံ(၁၁)ခ ထဲမှာ စာရင်းသွင်းလိုက်ပြီ တကယ် တမ်း မြေပြင်မှာရှိတာ မဲ ၂၀၀၀ ဘဲ ရှိတာပေါ့၊ အဲ့တော့ ၂၀၀၀ လောက်က ပျောက်သွားတယ်၊ ပယ်မဲ မဟုတ်ဘူး၊ ရှာလို့လည်း မရဘူး၊ ဘယ်ပျောက်သွားမှန်း မသိဘူး၊ အဲ့ဒါကစပြီး မေးခွန်းထုတ်စရာ ဖြစ်နေ တာပေါ့” ဟု ကမာရွတ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးနေယံဦး(ပြည်သူ့ပါတီ)က ပြောပါတယ်။

အထက်ပါကိစ္စနှင့်ပတ်သက်၍ ကမာရွတ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးနေယံဦးက ထပ်မံပြောကြားရာတွင် မဲဲရုံမဖွင့်ခင် ဆန္ဒမဲလက်မှတ်များကို ရေတွက်ကာ ပုံစံ ၁၁ (ခ)နှင့် စာရင်းသွင်းပြီး၊ ကိုယ်စားလှယ်လောင်းများ၏ရှေ့တွင် အသိသက်သေအဖြစ် လက်မှတ်ထိုးဖို့လိုကြောင်း၊ သို့သော်လည်း ကမာရွတ်မြို့နယ်တွင် မည်သည့်မဲရုံမှ မပြုလုပ်ကြောင်း၊ သို့ဖြစ်၍ ပြည်သူ့ပါတီမှ လက်မှတ်မထိုးကြောင်း ဦးနေယံဦးက ဆိုပါတယ်။

၎င်းက ဆက်လက်ပြောကြားရာမှာ ကော်မရှင်ခွဲဥက္ကဋ္ဌများကိုယ်တိုင် ရွေးကောက်ပွဲနည်းဥပဒေတွေကို လိုက်နာ တာ အားနည်းတာတွေ့ရကြောင်း၊ ကြိုတင်မဲများ အရင်ရေခြင်း၊ ကိုယ်စားလှယ်လောင်းဖြစ်တဲ့အတွက် ဥပဒေ အရ မဲရုံထဲကို ဝင်ပြီးလေ့လာခွင့်ရှိသော်လည်း ဝင်ရောက်ခွင့်မပြုခြင်းစသည်တို့ ဖြစ်ပေါ်ခဲ့ကြောင်း ဦးနေယံဦးက ပြောကြားခဲ့ပါတယ်။

#PeopleMedia


Share this post