• Follow Us on

Home ကမာၱတ၀န္း ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူ ၁၂ သန္းေက်ာ္လာ

ကမာၱတ၀န္း ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူ ၁၂ သန္းေက်ာ္လာ

Share this post

လန္ဒန္၊ ဇူလိုင္ ၉

ဗုဒၶဟူးေန႔တြင္ ကမာၻတ၀န္း COVID-19 ကူးစက္ခံရသူ ၁၂ သန္းေက်ာ္သြားေၾကာင္း ကမာၻ႔က်န္းမာေရးအဖြဲ႔ (W.H.O) က ထုတ္ျပန္သည့္အခ်က္အလက္မ်ားအရသိရသည္။

ေလမွတစ္ဆင့္ဗိုင္းရပ္စ္ကူးစက္ႏိုင္ေၾကာင္း အေထာက္အထားမ်ားေတြ႕႐ွိေနသည္ဟု လက္ခံစစ္ေဆးသံုးသပ္ ေနေၾကာင္း WHO က ေျပာၿပီးခ်ိန္တြင္ ကူးစက္ခံရသူ ယခုပမာဏေရာက္လာျခင္းျဖစ္သည္။

ကူးစက္ခံရသူပမာဏမွာ ႏွစ္စဥ္ရာသီတုပ္ေကြးကူးစက္ခံရသူအေရအတြက္ထက္ ၃ ဆ မ်ားေနေၾကာင္းလည္း WHO ကေျပာသည္။

၂၀၁၉ ခုႏွစ္၊ ဒီဇင္ဘာက တ႐ုတ္ႏိုင္ငံ၊ ဝူဟန္ၿမိဳ႕တြင္စတင္ေတြ႕႐ွိရသည့္ SARS-CoV-2 ကို႐ိုနာဗိုင္းရပ္စ္ ေၾကာင့္ ျဖစ္လာသည့္ COVID-19 အသက္႐ွဴလမ္းေၾကာင္းဆိုင္ရာေရာဂါေၾကာင့္ ၇ လအတြင္း ေသဆံုးသူ ၅၄၆၀၀၀ ေက်ာ္႐ွိေနသည္။

ကူးစက္ခံရသူ ၆ သန္းျပည့္ရန္ ၁၄၉ ရက္ၾကာေသာ္လည္း ေနာက္ထပ္ ၆ သန္းျပည့္ရန္ ၃၉ ရက္သာၾကာခဲ့ သည္။

ကမာၻ႔က်န္းမာေရးအဖြဲ႕(W.H.O)မွ ႏုတ္ထြက္ရန္တရား၀င္လုပ္ထံုးလုပ္နည္းမ်ားစတင္ေနသည့္ အေမရိကန္ ျပည္ေထာင္စုတြင္ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရသူ ၃ သန္းေက်ာ္႐ွိေနသည္။

ထိုပမာဏမွာ ကူးစက္ခံရသူဦးေရ၏ ၂၅ ရာခိုင္ႏႈန္း၀န္းက်င္ျဖစ္ၿပီး ကမာၻ႔ႏိုင္ငံမ်ားထဲတြင္ အမ်ားဆံုးကူးစက္ခံ ထားရသည့္ႏိုင္ငံျဖစ္သည္။

အေမရိကန္ျပည္ေထာင္စုတြင္ ေသဆံုးသူ ၁၃၁၀၀၀ ေက်ာ္လည္း႐ွိေနသည္။

ဗုဒၶဟူးေန႔တြင္ အေမရိကန္၌ ကူးစက္ခံရသူ ၆ ေသာင္းေက်ာ္႐ွိခဲ့ၿပီး ေန႔စဥ္ကူးစက္မႈစံခ်ိန္တင္ခဲ့သည္။

ၿပီးခဲ့သည့္သီတင္းပတ္ကလည္း အေမရိကန္တြင္ ကူးစက္မႈစံခ်ိန္တင္ခဲ့ၿပီး ထိုစဥ္က လူ ၅ ေသာင္းေက်ာ္ ကူးစက္ခံခဲ့ရသည္။

ကူးစက္မႈဒုတိယအမ်ားဆံုးမွာ အဂၤါေန႔က သမၼတေဂ်း ေဘာ္ဆိုနာ႐ိုပါ ကူးစက္ခံထားရသည္ဟု အတည္ျပဳ ခဲ့သည့္ ဘရာဇီးႏိုင္ငံျဖစ္သည္။

Ref : Global coronavirus cases rise to more than 12 million

#PeopleMedia

(unicode)
ကမာ္တတဝန်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၂ သန်းကျော်လာ
………………………………………………

လန်ဒန်၊ ဇူလိုင် ၉

ဗုဒ္ဓဟူးနေ့တွင် ကမ္ဘာတဝန်း COVID-19 ကူးစက်ခံရသူ ၁၂ သန်းကျော်သွားကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (W.H.O) က ထုတ်ပြန်သည့်အချက်အလက်များအရသိရသည်။

လေမှတစ်ဆင့်ဗိုင်းရပ်စ်ကူးစက်နိုင်ကြောင်း အထောက်အထားများတွေ့ရှိနေသည်ဟု လက်ခံစစ်ဆေးသုံးသပ် နေကြောင်း WHO က ပြောပြီးချိန်တွင် ကူးစက်ခံရသူ ယခုပမာဏရောက်လာခြင်းဖြစ်သည်။

ကူးစက်ခံရသူပမာဏမှာ နှစ်စဉ်ရာသီတုပ်ကွေးကူးစက်ခံရသူအရေအတွက်ထက် ၃ ဆ များနေကြောင်းလည်း WHO ကပြောသည်။

၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာက တရုတ်နိုင်ငံ၊ ဝူဟန်မြို့တွင်စတင်တွေ့ရှိရသည့် SARS-CoV-2 ကိုရိုနာဗိုင်းရပ်စ် ကြောင့် ဖြစ်လာသည့် COVID-19 အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါကြောင့် ၇ လအတွင်း သေဆုံးသူ ၅၄၆၀၀၀ ကျော်ရှိနေသည်။

ကူးစက်ခံရသူ ၆ သန်းပြည့်ရန် ၁၄၉ ရက်ကြာသော်လည်း နောက်ထပ် ၆ သန်းပြည့်ရန် ၃၉ ရက်သာကြာခဲ့ သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(W.H.O)မှ နုတ်ထွက်ရန်တရားဝင်လုပ်ထုံးလုပ်နည်းများစတင်နေသည့် အမေရိကန် ပြည်ထောင်စုတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၃ သန်းကျော်ရှိနေသည်။

ထိုပမာဏမှာ ကူးစက်ခံရသူဦးရေ၏ ၂၅ ရာခိုင်နှုန်းဝန်းကျင်ဖြစ်ပြီး ကမ္ဘာ့နိုင်ငံများထဲတွင် အများဆုံးကူးစက်ခံ ထားရသည့်နိုင်ငံဖြစ်သည်။

အမေရိကန်ပြည်ထောင်စုတွင် သေဆုံးသူ ၁၃၁၀၀၀ ကျော်လည်းရှိနေသည်။

ဗုဒ္ဓဟူးနေ့တွင် အမေရိကန်၌ ကူးစက်ခံရသူ ၆ သောင်းကျော်ရှိခဲ့ပြီး နေ့စဉ်ကူးစက်မှုစံချိန်တင်ခဲ့သည်။

ပြီးခဲ့သည့်သီတင်းပတ်ကလည်း အမေရိကန်တွင် ကူးစက်မှုစံချိန်တင်ခဲ့ပြီး ထိုစဉ်က လူ ၅ သောင်းကျော် ကူးစက်ခံခဲ့ရသည်။

ကူးစက်မှုဒုတိယအများဆုံးမှာ အင်္ဂါနေ့က သမ္မတဂျေး ဘော်ဆိုနာရိုပါ ကူးစက်ခံထားရသည်ဟု အတည်ပြု ခဲ့သည့် ဘရာဇီးနိုင်ငံဖြစ်သည်။

Ref : Global coronavirus cases rise to more than 12 million

#PeopleMedia


Share this post