• Follow Us on

Home ကမ္ဘာတွင် ရာသီဥတုကြောင့် လူသေဆုံးမှုအများဆုံးနိုင်ငံအဖြစ် မြန်မာထိပ်ဆုံးမှရပ်တည်


Share this post





#PeopleMedia #သဘာဝဘေး

[Unicode]
ကမ္ဘာတွင် ရာသီဥတုကြောင့် လူသေဆုံးမှုအများဆုံးနိုင်ငံအဖြစ် မြန်မာထိပ်ဆုံးမှ ရပ်တည်
………………………………………………………………………

World Economic Forum ရဲ့ ဖော်ပြချက်အရ ၁၉၉၈ ခုနှစ်က ၂၀၁၇ ခုနှစ်အတွင်း ရာသီဥတုဆိုးရွားမှုကြောင့် လူသေဆုံးမှုအများဆုံးနိုင်ငံတွေထဲမှာ မြန်မာနိုင်ငံက ထိပ်ဆုံးက ဦးဆောင်လျက်ရှိပါတယ်။

၁၉၉၈ ခုနှစ်က ၂၀၁၇ ခုနှစ်အတွင်း ဆိုးရွားတဲ့ ရာသီဥတုကြောင့် သေဆုံးသူ သန်း၀က်ကျော်ရှိခဲ့ပြီး ငွေကြေးဆုံးရှုံးမှုတန်ဖိုးက အမေရိကန်ဒေါ်လာ ၃.၄၇ ထရီလီယံအထိရှိပါတယ်။

မြန်မာနိုင်ငံမှာ ၁၉၉၈ ခုနှစ်က ၂၀၁၇ ခုနှစ်အတွင် ဆိုးရွားတဲ့ရာသီဥတုကြောင့် လူ ၇၀၀၀ သေဆုံးခဲ့ပြီး ကမ္ဘာမှာ ရာသီဥတုကြောင့် လူသေဆုံးမှုအများဆုံးနိုင်ငံအဖြစ် ထိပ်ဆုံးက ရပ်တည်ခဲ့ပါတယ်။
မြန်မာနိုင်ငံနောက်မှာတော့ ဒိုမီနီကာနဲ့ ဟွန်းဒူးရပ်နိုင်ငံတို့က ဒုတိယနဲ့ တတိယနေရာတို့မှာ ရပ်တည်လျက်ရှိနေပါတယ်။

Ref;World Economic Forum

#PeopleMedia #သဘာဝဘေး


Share this post