• Follow Us on

Home ကမ္ဘာတ၀န်း ကိုရိုနာဗိုင်းရပ်စ်အတည်ပြုလူနာ သန်း ၅၀ ကျော်လာ


Share this post

လန်ဒန်၊ နိုဝင်ဘာ ၉
#PeopleMedia
(unicode)
ကမ္ဘာတဝန်း ကိုရိုနာဗိုင်းရပ်စ်အတည်ပြုလူနာ သန်း ၅၀ ကျော်လာ
…………………………………….
လန်ဒန်၊ နိုဝင်ဘာ ၉
နိုင်ငံအများအပြားတွင် ကူးစက်ခံရသူစံချိန်တင်မြင့်တက်နေပြီးနောက် ကမ္ဘာတဝန်းတွင် ကိုရိုနာဗိုင်းရပ်စ်ကူး စက်ခံရသည့် အတည်ပြုလူနာသန်း ၅၀ ကျော်လာသည်။
ဗိုင်းရပ်စ်ကူးစက်ခံရပြီးနောက် သေဆုံးသူ ၁.၂၅ သန်းရှိနေသည်ဟု ဂျွန်ဟော့ကင်းတက္ကသိုလ်အချက်အ လက်များအရ သိရသည်။
နိုင်ငံအများအပြားတွင် စမ်းသပ်မှုမလုံလောက်သောကြောင့် ကူးစက်မှုပိုများနိုင်သည်ဟုယူဆချက်များရှိနေ သည်။
ကူးစက်မှုဒုတိယလှိုင်းသည် ထပ်တိုးအတည်ပြုလူနာများ၏လေးပုံတပုံခန့်ရှိသည်ဟု ရိုက်တာသတင်းအေဂျင်စီ ကဖော်ပြသည်။
ဥရောပတွင် အတည်ပြုလူနာ ၁၂.၅ သန်းရှိပြီး သေဆုံးသူ ၃၀၅၇၀၀ ရှိနေသည့်အပြင် ယခုနှစ်အစောပိုင်းက ကမ္ဘာ့ကပ်ရောဂါဗဟိုချက်ဖြစ်ခဲ့ပြီးနောက်ပိုင်း နောက်တကြိမ်ကူးစက်မှုဗဟိုချက်ပြန်ဖြစ်နေသည်။
ကမ္ဘာတဝန်းလုံးတွင် ကူးစက်မှုနှင့်သေဆုံးမှုအများဆုံးနိုင်ငံမှာ ကူးစက်အတည်ပြုလူနာ ၁၀ သန်းကျော်ရှိသည့် အမေရိကန်ပြည်ထောင်စုဖြစ်သည်။
အိန္ဒိယနှင့်ဘရာဇီးနိုင်ငံတို့က ကူးစက်မှုဒုတိယနှင့်တတိယအများဆုံးနိုင်ငံဖြစ်နေသည်။
Ref : Covid-19: Global coronavirus cases pass 50 million
#PeopleMedia


Share this post