• Follow Us on

Home ကမာၻဒုတိယအမ်ားဆံုး ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံထားရသည့္ ဘရာ ဇီးႏိုင္ငံ၏ သမၼတ COVID-19 ကူးစက္ခံရ

ကမာၻဒုတိယအမ်ားဆံုး ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံထားရသည့္ ဘရာ ဇီးႏိုင္ငံ၏ သမၼတ COVID-19 ကူးစက္ခံရ

Share this post

ရီယိုဒီဂ်ေနး႐ို၊ ဇူလိုင္ ၈

COVID-19 ကူးစက္ခံရမႈကမာၻ႔ဒုတိယအမ်ားဆုံးႏိုင္ငံဘရာဇီးတြင္ ကမာၻ႔ကပ္ေရာဂါအေရးမႀကီးသေယာင္ ေျပာၿပီး အႏၲရာယ္ေမွးမွိန္ေစရန္ေျပာသည့္ သမၼတ ေဂ်းေဘာ္ဆိုနာ႐ိုတြင္ ေရာဂါကူးစက္ခံထားရေၾကာင္း အဂၤါေန႔တြင္ အတည္ျပဳသည္။

“က်န္းမာေရးအေျခအေန ျပည့္စုံေကာင္းမြန္ေနပါတယ္”ဟု ေဆးစစ္မႈရလဒ္ေၾကညာအၿပီး သတင္းေထာက္ မ်ားႏွင့္ တိုက္႐ိုက္ေမးျမန္းမႈတြင္ အသက္ ၆၅ ႏွစ္ရွိသည့္ ေဘာ္ဆိုနာ႐ိုကေျပာသည္။

ေရာဂါကုသရာတြင္ အက်ိဳးရွိသည္ဟု သူေျပာၿပီး ကမာၻတဝန္းမွ က်န္းမာေရးကြၽမ္းက်င္သူမ်ားကသုံးစြဲခြင့္မျပဳဘဲ အႏၲရာယ္ရွိသည့္ေဘးထြက္ဆိုးက်ိဳးမ်ားရွိလာႏိုင္သည့္ ငွက္ဖ်ားေရာဂါကုေဆး hydroxychloroquine ကို ေဘာ္ ဆိုနာ႐ိုေသာက္သုံးေနသည္။

ေရာဂါကူးစက္ခံခဲ့ရသည့္ ၿဗိတိန္ဝန္ႀကီးခ်ဳပ္ ဘိုးရစ္ဂြၽန္ဆင္ႏွင့္ ဟြန္ဒူးရပ္စ္သမၼတဟြမ္ ေအာ္လန္ဒို ဟာနန္ ဒက္ဇ္တို႔ေနာက္ပိုင္း ႏိုင္ငံေခါင္းေဆာင္တစ္ေယာက္ COVID-19 ကူးစက္ခံရျခင္းျဖစ္ၿပီး ပထမ ၂ ေယာက္က ကုသမႈခံယူေနခ်ိန္တြင္ ေဆး႐ုံတက္ခဲ့သည္။

ဇြန္လကုန္ပိုင္းတြင္ ဘရာဇီးတရားသူႀကီးတစ္ေယာက္က သူ႔ကို လူအမ်ားၾကားတြင္ ႏွာေခါင္းစည္းတပ္ရန္ အမိန႔္ခ်ထားေသာ္လည္း လက္ယာယိမ္းလူအမ်ားႀကိဳက္သမၼတသည္ စည္းမ်ဥ္းစည္းကမ္းမ်ားကို မၾကာခဏ ေသြဖီေလ့ရွိသည္။

ၿပီးခဲ့သည့္႐ုံးပိတ္ရက္ကာလတြင္ အခမ္းအနားအမ်ားအျပားတက္ေရာက္ခဲ့ၿပီး ဘရာဇီးႏိုင္ငံဆိုင္ရာ အေမရိကန္ သံ႐ုံးတြင္ျပဳလုပ္သည့္ အေမရိကန္လြတ္လပ္ေရးေန႔အခမ္းအနားတြင္ အေမရိကန္သံအမတ္ႀကီးႏွင့္ နီးနီးကပ္ ကပ္ထိေတြ႕ခဲ့သည္။

မတ္လက အေမရိကန္သမၼတေဒၚနယ္ ထရမ့္ႏွင့္ေတြ႕ဆုံၿပီးေနာက္ သူ႔အႀကံေပးမ်ားတြင္ ကို႐ိုနာဗိုင္းရပ္စ္ကူး စက္ခံထားရသျဖင့္ သူ႔ကိုလည္း စစ္ေဆးခဲ့ၿပီး ထိုစဥ္က ကူးစက္ခံရျခင္းမရွိေၾကာင္းအေျဖထြက္ခဲ့သည္။

Ref : Bolsonaro Gets Covid After Downplaying Its Impact on Brazil

#PeopleMedia #International

(unicode)
ကမ္ဘာဒုတိယအများဆုံး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသည့် ဘရာ ဇီးနိုင်ငံ၏ သမ္မတ COVID-19 ကူးစက်ခံရ
………………………………………………

ရီယိုဒီဂျနေးရို၊ ဇူလိုင် ၈

COVID-19 ကူးစက်ခံရမှုကမ္ဘာ့ဒုတိယအများဆုံးနိုင်ငံဘရာဇီးတွင် ကမ္ဘာ့ကပ်ရောဂါအရေးမကြီးသယောင် ပြောပြီး အန္တရာယ်မှေးမှိန်စေရန်ပြောသည့် သမ္မတ ဂျေးဘော်ဆိုနာရိုတွင် ရောဂါကူးစက်ခံထားရကြောင်း အင်္ဂါနေ့တွင် အတည်ပြုသည်။

“ကျန်းမာရေးအခြေအနေ ပြည့်စုံကောင်းမွန်နေပါတယ်”ဟု ဆေးစစ်မှုရလဒ်ကြေညာအပြီး သတင်းထောက် များနှင့် တိုက်ရိုက်မေးမြန်းမှုတွင် အသက် ၆၅ နှစ်ရှိသည့် ဘော်ဆိုနာရိုကပြောသည်။

ရောဂါကုသရာတွင် အကျိုးရှိသည်ဟု သူပြောပြီး ကမ္ဘာတဝန်းမှ ကျန်းမာရေးကျွမ်းကျင်သူများကသုံးစွဲခွင့်မပြုဘဲ အန္တရာယ်ရှိသည့်ဘေးထွက်ဆိုးကျိုးများရှိလာနိုင်သည့် ငှက်ဖျားရောဂါကုဆေး hydroxychloroquine ကို ဘော် ဆိုနာရိုသောက်သုံးနေသည်။

ရောဂါကူးစက်ခံခဲ့ရသည့် ဗြိတိန်ဝန်ကြီးချုပ် ဘိုးရစ်ဂျွန်ဆင်နှင့် ဟွန်ဒူးရပ်စ်သမ္မတဟွမ် အော်လန်ဒို ဟာနန် ဒက်ဇ်တို့နောက်ပိုင်း နိုင်ငံခေါင်းဆောင်တစ်ယောက် COVID-19 ကူးစက်ခံရခြင်းဖြစ်ပြီး ပထမ ၂ ယောက်က ကုသမှုခံယူနေချိန်တွင် ဆေးရုံတက်ခဲ့သည်။

ဇွန်လကုန်ပိုင်းတွင် ဘရာဇီးတရားသူကြီးတစ်ယောက်က သူ့ကို လူအများကြားတွင် နှာခေါင်းစည်းတပ်ရန် အမိန့်ချထားသော်လည်း လက်ယာယိမ်းလူအများကြိုက်သမ္မတသည် စည်းမျဉ်းစည်းကမ်းများကို မကြာခဏ သွေဖီလေ့ရှိသည်။

ပြီးခဲ့သည့်ရုံးပိတ်ရက်ကာလတွင် အခမ်းအနားအများအပြားတက်ရောက်ခဲ့ပြီး ဘရာဇီးနိုင်ငံဆိုင်ရာ အမေရိကန် သံရုံးတွင်ပြုလုပ်သည့် အမေရိကန်လွတ်လပ်ရေးနေ့အခမ်းအနားတွင် အမေရိကန်သံအမတ်ကြီးနှင့် နီးနီးကပ် ကပ်ထိတွေ့ခဲ့သည်။

မတ်လက အမေရိကန်သမ္မတဒေါ်နယ် ထရမ့်နှင့်တွေ့ဆုံပြီးနောက် သူ့အကြံပေးများတွင် ကိုရိုနာဗိုင်းရပ်စ်ကူး စက်ခံထားရသဖြင့် သူ့ကိုလည်း စစ်ဆေးခဲ့ပြီး ထိုစဉ်က ကူးစက်ခံရခြင်းမရှိကြောင်းအဖြေထွက်ခဲ့သည်။

Ref : Bolsonaro Gets Covid After Downplaying Its Impact on Brazil

#PeopleMedia #International


Share this post