• Follow Us on

Home ကမာၻ႔ပထမဆံုးကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေဆးကို ဗုဒၶဟူးေန႔တြင္ ႐ု႐ွားႏိုင္ငံမွတ္ပံုတင္မည္

ကမာၻ႔ပထမဆံုးကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေဆးကို ဗုဒၶဟူးေန႔တြင္ ႐ု႐ွားႏိုင္ငံမွတ္ပံုတင္မည္

Share this post

ေမာ္စကို၊ ၾသဂုတ္ ၁၁

ေမာ္စကိုမွ Gamelei စင္တာတြင္ ကမာၻ႔ပထမဆံုးကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေဆးကို ဗုဒၶဟူးေန႔တြင္မွတ္ပံု တင္မည္ဟု ႐ု႐ွားဒုတိယက်န္းမာေရး၀န္ႀကီး Oleg Gridnev က ၿပီးခဲ့သည့္တစ္ပတ္ ေသာၾကာေန႔ တြင္ေျပာသည္။

က်န္းမာေရး၀န္ထမ္းမ်ားႏွင့္ သက္ႀကီး႐ြယ္အိုမ်ားကို ကာကြယ္ေဆးဦးစားေပးသြားမည္ဟုလည္းေျပာသည္။

ႏိုင္ငံတ၀န္းလံုးတြင္ ကာကြယ္ေဆးအေျမာက္အျမားထုတ္လုပ္မည့္အစီအစဥ္ကို ေအာက္တိုဘာတြင္စတင္ရန္ စီစဥ္ထားၿပီး ကုန္က်စရိတ္အားလံုးကို အစိုးရက စိုက္ထုတ္သြားမည္ဟု ဌာနမွဒု၀န္ႀကီးျဖစ္သူ Mikhail Murashko ကေျပာသည္။

ေမာ္စကိုမွ Sechenov တကၠသိုလ္တြင္ ဇြန္ ၁၈ ရက္က လူသားတြင္စမ္းသပ္ကုသမႈစတင္ခဲ့ၿပီး စမ္းသပ္ခံသူ ၃၈ ေယာက္ပါ၀င္ခဲ့သည္။

ေဘးကင္းလံုျခံဳေရးလုပ္ငန္းစဥ္အဆင့္ဆင့္ကိုေအာင္ျမင္ၿပီး ပါ၀င္ခဲ့သူအားလံုး ကူးစက္မႈခံႏိုင္ရည္႐ွိေ ၾကာင္းေတြ႕႐ွိခဲ့သည္။

သုေတသနႏွင့္ထုတ္ေဖာ္ပံုတစ္ခုကို ႐ု႐ွားႏိုင္ငံကအတည္ျပဳႏိုင္သည့္ႏႈန္းအေပၚအေနာက္ႏိုင္ငံမ်ားက အံ့ၾသခဲ့ၾကေသာ္လည္း Sechenov မွထိပ္တန္းသိပၸံပညာ႐ွင္ Vadim Tarasov က ၿပီးခဲ့သည့္ႏွစ္ ၂၀ လံုးလံုး ေဆးသုေတသနနယ္ပယ္တြင္အသံုးခ်ထားၿပီး ဗိုင္းရပ္စ္မ်ားမည္သို႔ကူးစက္ေၾကာင္းေလ့လာထားသျဖင့္ ႐ု႐ွားႏိုင္ငံက တာႀကိဳထြက္ႏိုင္ခဲ့ေၾကာင္းေျပာသည္။

႐ု႐ွားႏိုင္ငံတြင္ ကူးစက္ခံရသူ ၈၉၇၅၉၉ ေယာက္႐ွိေနၿပီး ကမာၻ႔ကူးစက္မႈအမ်ားဆံုးႏိုင္ငံ ၁၀ ႏိုင္ငံတြင္ အေမရိကန္၊ ဘရာဇီးႏွင့္ အိႏၵိယၿပီးပါက စတုတၳေနရာတြင္႐ွိေနၿပီး ေသဆံုးသူ ၁၅၁၃၁ ေယာက္႐ွိသျဖင့္ ေသဆံုးသူအမ်ားဆံုးႏိုင္ငံစာရင္းတြင္ အဆင့္ ၁၁ ၌ရပ္တည္ေနသည္။

Ref : Russia has created world’s 1st Covid-19 vaccine, registration expected next week – Health Ministry

#PeopleMedia

(unicode)
ကမ္ဘာ့ပထမဆုံးကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို ဗုဒ္ဓဟူးနေ့တွင် ရုရှားနိုင်ငံမှတ်ပုံတင်မည်
………………………………………………………

မော်စကို၊ ဩဂုတ် ၁၁

မော်စကိုမှ Gamelei စင်တာတွင် ကမ္ဘာ့ပထမဆုံးကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို ဗုဒ္ဓဟူးနေ့တွင်မှတ်ပုံ တင်မည်ဟု ရုရှားဒုတိယကျန်းမာရေးဝန်ကြီး Oleg Gridnev က ပြီးခဲ့သည့်တစ်ပတ် သောကြာနေ့ တွင်ပြောသည်။

ကျန်းမာရေးဝန်ထမ်းများနှင့် သက်ကြီးရွယ်အိုများကို ကာကွယ်ဆေးဦးစားပေးသွားမည်ဟုလည်းပြောသည်။

နိုင်ငံတဝန်းလုံးတွင် ကာကွယ်ဆေးအမြောက်အမြားထုတ်လုပ်မည့်အစီအစဉ်ကို အောက်တိုဘာတွင်စတင်ရန် စီစဉ်ထားပြီး ကုန်ကျစရိတ်အားလုံးကို အစိုးရက စိုက်ထုတ်သွားမည်ဟု ဌာနမှဒုဝန်ကြီးဖြစ်သူ Mikhail Murashko ကပြောသည်။

မော်စကိုမှ Sechenov တက္ကသိုလ်တွင် ဇွန် ၁၈ ရက်က လူသားတွင်စမ်းသပ်ကုသမှုစတင်ခဲ့ပြီး စမ်းသပ်ခံသူ ၃၈ ယောက်ပါဝင်ခဲ့သည်။

ဘေးကင်းလုံခြုံရေးလုပ်ငန်းစဉ်အဆင့်ဆင့်ကိုအောင်မြင်ပြီး ပါဝင်ခဲ့သူအားလုံး ကူးစက်မှုခံနိုင်ရည်ရှိ ေကြာင်းတွေ့ရှိခဲ့သည်။

သုတေသနနှင့်ထုတ်ဖော်ပုံတစ်ခုကို ရုရှားနိုင်ငံကအတည်ပြုနိုင်သည့်နှုန်းအပေါ်အနောက်နိုင်ငံများက အံ့ဩခဲ့ကြသော်လည်း Sechenov မှထိပ်တန်းသိပ္ပံပညာရှင် Vadim Tarasov က ပြီးခဲ့သည့်နှစ် ၂၀ လုံးလုံး ဆေးသုတေသနနယ်ပယ်တွင်အသုံးချထားပြီး ဗိုင်းရပ်စ်များမည်သို့ကူးစက်ကြောင်းလေ့လာထားသဖြင့် ရုရှားနိုင်ငံက တာကြိုထွက်နိုင်ခဲ့ကြောင်းပြောသည်။

ရုရှားနိုင်ငံတွင် ကူးစက်ခံရသူ ၈၉၇၅၉၉ ယောက်ရှိနေပြီး ကမ္ဘာ့ကူးစက်မှုအများဆုံးနိုင်ငံ ၁၀ နိုင်ငံတွင် အမေရိကန်၊ ဘရာဇီးနှင့် အိန္ဒိယပြီးပါက စတုတ္ထနေရာတွင်ရှိနေပြီး သေဆုံးသူ ၁၅၁၃၁ ယောက်ရှိသဖြင့် သေဆုံးသူအများဆုံးနိုင်ငံစာရင်းတွင် အဆင့် ၁၁ ၌ရပ်တည်နေသည်။

Ref : Russia has created world’s 1st Covid-19 vaccine, registration expected next week – Health Ministry

#PeopleMedia


Share this post