• Follow Us on

Home ကမ္ဘာ့အကြီးဆုံး လေယာဉ်ပျံအား ပထမဆုံးအကြိမ် စမ်းသပ်ပျံသန်း

ကမ္ဘာ့အကြီးဆုံး လေယာဉ်ပျံအား ပထမဆုံးအကြိမ် စမ်းသပ်ပျံသန်း

Share this post

ကမ္ဘာ့အကြီးဆုံး လေယာဉ်ပျံ ပထမဆုံးအကြိမ် စမ်းသပ်ပျံသန်းမူကို ဧပြီ ၁၃ ရက်က အမေရိကန်ပြည်ထောင်စု၊ကယ်လီဖိုးနီးယားပြည်နယ်မှာ ပြုလုပ်ခဲ့ပါတယ်။

Strarolaunch လို့အမည်ပေးထားတဲ့ ဒီလေယာဉ်ပာာ ဘိုအင်း 747 အင်ဂျင်ခြောက်လုံး တပ်ဆင်ထားပြီး တောင်ပံတစ်လျားက ၃၈၅ ပေအထိရှိတာကြောင့် American ဘော လုံးကွင်း အရွယ်အစားထက်ကြီးပါတယ်။ လေယာဉ်ထိပ်ပိုင်းမှ အမြီးအထိအရှည်က ၂၃၈ ပေ အထိရှိပါတယ်။

ညာဘယ်ကိုယ်ထည်မှာတော့ လေယာဉ်ဝန်ထမ်းတွေရှိပြီး ဘယ်ဘက်ကိုယ်ထည် မှာတော့ လေယာဉ်နဲ့သက်ဆိုင်တဲ့အချက်အလက်တွေထားရှိပါတယ်။ ဒီလေယာဉ်ကို တီထွင်တည်ဆောက်ခဲ့သူတွေက မိုက်ခရိုဆော့ဖ်ပူးတွဲတည်ထောင်သူ ပေါလ်အလန်နဲ့ Scaled Composites တည်ထောင်သူ ဘာရူတန်တို့ဖြစ်ပါတယ်။

အာကာသထဲသို့အဆင်ပြေစွာ သွားလာနိုင်ဖို့ ရည်ရွယ်ပြီး Strarolaunch ကို တည်ဆောက်ခဲ့တာဖြစ်ပါတယ်။


Share this post
https://www.facebook.com/303185163868226/videos/636945113444028/