• Follow Us on

Home ကမာၻ႔အႀကီးဆံုးကုန္သြယ္ေရးသေဘာတူညီခ်က္တြင္ ျမန္မာႏိုင္ငံပါ၀င္လက္မွတ္ေရးထိုး

ကမာၻ႔အႀကီးဆံုးကုန္သြယ္ေရးသေဘာတူညီခ်က္တြင္ ျမန္မာႏိုင္ငံပါ၀င္လက္မွတ္ေရးထိုး

Share this post

ေနျပည္ေတာ္၊ ႏို၀င္ဘာ ၁၆

အာ႐ွ-ပစိဖိတ္ေဒသမွ ႏိုင္ငံ ၁၅ ႏိုင္ငံက မဟာလြတ္လပ္စြာကုန္သြယ္ေရးသေဘာတူစာခ်ဳပ္ကို တနဂၤေႏြေန႔တြင္လက္မွတ္ေရးထိုးခဲ့သည္။

ေဒသတြင္းက်ယ္ျပန္႔ေသာစီးပြားေရးပူးေပါင္းေဆာင္႐ြက္မႈ(အာစီအီးပီ)သည္ ကမာၻ႔အႀကီးဆံုးကုန္သြယ္ေရး သေဘာတူညီမႈျဖစ္ၿပီး လာမည့္ႏွစ္မ်ားအတြင္း ေနရာအမ်ားအျပားတြင္ စည္းၾကပ္ခြန္မ်ားတျဖည္းျဖည္းေလွ်ာ့ခ် သြားမည္ျဖစ္သည္။

၂၀၁၂ ခုႏွစ္တြင္ ပထမဆံုးအဆိုျပဳခဲ့သည့္သေဘာတူစာခ်ဳပ္တြင္ ျမန္မာႏိုင္ငံအပါအ၀င္ အာဆီယံ ၁၀ ႏိုင္ငံႏွင့္ တ႐ုတ္၊ ဂ်ပန္၊ ေတာင္ကိုရီးယား၊ နယူးဇီလန္ႏွင့္ ၾသစေၾတးလ်ႏိုင္ငံတို႔ပါ၀င္သည္။

ထိုႏိုင္ငံ ၁၅ ႏိုင္ငံသည္ ကမာၻ႔လူဦးေရ ၃ ပံု ၁ ပံုနီးပါး႐ွိၿပီး ကမာၻ႔စုေပါင္းထုတ္ကုန္တန္ဖိုး ၂၉ ရာခိုင္ႏႈန္း႐ွိသည္။

စည္းၾကပ္ခြန္မ်ားဖ်က္သိမ္းပါက ျပည္တြင္းကုန္ထုတ္လုပ္သူမ်ားကို ထိခိုက္လာေစႏိုင္သည့္သြင္းကုန္အမ်ား အျပား၀င္လာမည္ကို စိုးရိမ္သည္ဟုဆိုကာ ၿပီးခဲ့သည့္ႏွစ္တြင္ အိႏိၵယႏိုင္ငံက သေဘာတူညီခ်က္လက္မွတ္ထိုး ေရးေဆြးေႏြးမႈမ်ားမွႏုတ္ထြက္ခဲ့သည္။

အိႏိၵယျပန္လည္၀င္လာလိုပါက တံခါးဖြင့္ႀကိဳေနေၾကာင္း အျခားႏိုင္ငံမ်ားကေျပာသည္။

Ref : RCEP: Asia-Pacific countries form world’s largest trading bloc

#PeopleMedia

(unicode)
ကမ္ဘာ့အကြီးဆုံးကုန်သွယ်ရေးသဘောတူညီချက်တွင် မြန်မာနိုင်ငံပါဝင်လက်မှတ်ရေးထိုး
………………………………………………….

နေပြည်တော်၊ နိုဝင်ဘာ ၁၆

အာရှ-ပစိဖိတ်ဒေသမှ နိုင်ငံ ၁၅ နိုင်ငံက မဟာလွတ်လပ်စွာကုန်သွယ်ရေးသဘောတူစာချုပ်ကို တနင်္ဂနွေနေ့တွင်လက်မှတ်ရေးထိုးခဲ့သည်။

ဒေသတွင်းကျယ်ပြန့်သောစီးပွားရေးပူးပေါင်းဆောင်ရွက်မှု(အာစီအီးပီ)သည် ကမ္ဘာ့အကြီးဆုံးကုန်သွယ်ရေး သဘောတူညီမှုဖြစ်ပြီး လာမည့်နှစ်များအတွင်း နေရာအများအပြားတွင် စည်းကြပ်ခွန်များတဖြည်းဖြည်းလျှော့ချ သွားမည်ဖြစ်သည်။

၂၀၁၂ ခုနှစ်တွင် ပထမဆုံးအဆိုပြုခဲ့သည့်သဘောတူစာချုပ်တွင် မြန်မာနိုင်ငံအပါအဝင် အာဆီယံ ၁၀ နိုင်ငံနှင့် တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ နယူးဇီလန်နှင့် သြစတြေးလျနိုင်ငံတို့ပါဝင်သည်။

ထိုနိုင်ငံ ၁၅ နိုင်ငံသည် ကမ္ဘာ့လူဦးရေ ၃ ပုံ ၁ ပုံနီးပါးရှိပြီး ကမ္ဘာ့စုပေါင်းထုတ်ကုန်တန်ဖိုး ၂၉ ရာခိုင်နှုန်းရှိသည်။

စည်းကြပ်ခွန်များဖျက်သိမ်းပါက ပြည်တွင်းကုန်ထုတ်လုပ်သူများကို ထိခိုက်လာစေနိုင်သည့်သွင်းကုန်အများ အပြားဝင်လာမည်ကို စိုးရိမ်သည်ဟုဆိုကာ ပြီးခဲ့သည့်နှစ်တွင် အိန္ဒိယနိုင်ငံက သဘောတူညီချက်လက်မှတ်ထိုး ရေးဆွေးနွေးမှုများမှနုတ်ထွက်ခဲ့သည်။

အိန္ဒိယပြန်လည်ဝင်လာလိုပါက တံခါးဖွင့်ကြိုနေကြောင်း အခြားနိုင်ငံများကပြောသည်။

Ref : RCEP: Asia-Pacific countries form world’s largest trading bloc

#PeopleMedia


Share this post