• Follow Us on

Home ကမာရွတ်မြို့၌ ငွေကျပ် သိန်း (၃၀) ကျော်အား အွန်လိုင်းမှတစ်ဆင့် လိမ်လည်သွားသော အမျိုးသမီးတစ်ဦး အား ဖမ်းဆီးရမိ

ကမာရွတ်မြို့၌ ငွေကျပ် သိန်း (၃၀) ကျော်အား အွန်လိုင်းမှတစ်ဆင့် လိမ်လည်သွားသော အမျိုးသမီးတစ်ဦး အား ဖမ်းဆီးရမိ

Share this post

ရန်ကုန်၊ ဇန်နဝါရီ – ၈ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့၌ ငွေကျပ် (၃,၀၇၀,၀၀၀) အား အွန်လိုင်းမှတစ်ဆင့် လိမ်လည်သွားသော အမျိုးသမီးကို ဇန်နဝါရီလ ၇ ရက်နေ့တွင် နိုင်ငံပိုင်သတင်းမီဒီယာထံမှသိရသည်။

ဖြစ်စဉ်မှာ ကမာရွတ်မြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်း အမှတ်(၁၀၂)၌ ရတနာပစ္စည်းများအား အွန်လိုင်းမှ တစ်ဆင့်ရောင်းချနေစဉ် Htoo Htoo Htet Aung အကောင့်ပိုင်ရှင်မှ ငွေကျပ်(၃၃) သိန်းတန် စိန်နားကပ်အား ဒီဇင်ဘာ (၂၅) ရက်နေ့က KBZ Mobile Banking Account မှငွေလွှဲမှာယူခဲ့ကြောင်း သိရသည်။

ထို့နောက် ဒီဇင်ဘာ (၂၆) ရက်နေ့၌ ၀၉-၉၆၀၉၄၁၈၃၇ ကိုင်ဆောင်သူက Viber ဖြင့် ဆက်သွယ်လာပြီး Htoo Htoo Htet Aung အကောင့်ဖြင့် မှာယူထားသော စိန်နားကပ်အား မဝယ်ဖြစ်တော့ကြောင်းနှင့် ငွေကျပ် (၃၃) သိန်းအား ၎င်း၏အမေဖွင့်ထားသည့် Daw Thin Thin Htay အမည်ရှိ KBZ Mobile Banking Account နံပါတ်သို့ ပြန်လည်လွှဲပေးရန် ပြောဆိုသဖြင့် ကုမ္ပဏီသို့ မှာယူပြီးပစ္စည်း မယူတော့သည့်အတွက် ငွေကျပ် (၂၃၀၀၀၀) အား နုတ်ယူပြီး ကျန်ငွေ ကျပ် (၃၀၇၀၀၀၀) အား လွှဲပေးခဲ့ကြောင်း ဖော်ပြပါရှိသည်။

ထို့အပြင် ဒီဇင်ဘာ(၂၇) ရက်တွင် Htoo Htoo Htet Aung အကောင့်ပိုင်ရှင်က ၎င်းမှာယူထားသော စိန်နား ကပ်ရ၊ မရ ဖုန်းဖြင့် ဆက်သွယ်လာသဖြင့် ဖုန်းနံပါတ် ၀၉-၉၆၀၉၄၁၈၃၇ ကိုင်ဆောင်သူက ငွေကြေးလိမ်လည် ယူသွားကြောင်း သိရှိရသည်။

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းအကူဌာနစုမှတပ်ဖွဲ့ဝင်များ၊ အနောက်ပိုင်းခရိုင် မှုခင်းနှိမ်နင်းရေး ဌာနစုမှ တပ်ဖွဲ့ဝင်များ၊ ကမာရွတ်မြို့နယ် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ပြစ်မှုကျူးလွန်သူအား ဖော်ထုတ်ဖမ်း ဆီး ဆောင်ရွက်ခဲ့ရာ ဖုန်းနံပါတ် ၀၉-၉၆၀၉၄၁၈၃၇ ကိုင်ဆောင်သူမှာ ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်၊ (၆) ရပ်ကွက် ၊ ကြိုးကြာ(၂)လမ်း၊ အမှတ် (၁၂၆၁)နေ ဖြူသက်သက်ခိုင်(ခ)Phyu Khaing ဖြစ်ကြောင်းသိရသည်။
ဒီဇင်ဘာ (၃၀) ရက်တွင် ဖမ်းဆီးစစ်ဆေးရာ အဆိုပါအမှုအား ကျူးလွန်ခဲ့ကြောင်းနှင့် သက်သေခံပစ္စည်းနှင့် တကွ ငွေကျပ် (၃၀၇၀၀၀၀) အား ပြန်လည်သိမ်းဆည်းပြီး ၎င်းအား ဥပဒေနှင့်အညီ အမြန်ဆုံးတရားစွဲ တင်ပို့နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

#PeopleMedia

(unicode)
………………………………………………………………







#PeopleMedia


Share this post