• Follow Us on

Home ကမ္းေျခသို႔ တ႐ုတ္ေရငုပ္သေဘၤာဖ်က္ေလယာဥ္ခ်ည္းကပ္လာေၾကာင္း ထိုင္၀မ္ေျပာ

ကမ္းေျခသို႔ တ႐ုတ္ေရငုပ္သေဘၤာဖ်က္ေလယာဥ္ခ်ည္းကပ္လာေၾကာင္း ထိုင္၀မ္ေျပာ

Share this post

တိုင္ေပ၊ စက္တင္ဘာ ၁၇

ဗုဒၶဟူးေန႔တြင္ ထိုင္၀မ္ကမ္းေျခေလေၾကာင္းရန္ကာကြယ္ေရးအေထာက္အထားျပဇုန္သို႔ တ႐ုတ္ေရငုပ္သေဘၤာဖ်က္ေလယာဥ္ ၂ စင္းခ်ည္းကပ္လာၿပီး ထိုင္၀မ္ေလတပ္က သူတို႔ထြက္သြားရန္ သတိေပးခဲ့ေၾကာင္း ထိုင္၀မ္ကာကြယ္ေရး၀န္ႀကီးဌာနက ၾကာသပေတးေန႔တြင္ေျပာသည္။

ယေန႔တြင္ အေမရိကန္စီးပြားေရးရာဒုတိယ၀န္ႀကီး ကိတ္ ခရာ့ခ်္ ထိုင္၀မ္သို႔လာေရာက္ရန္စီစဥ္ထားခ်ိန္တြင္ တ႐ုတ္ေလယာဥ္မ်ားခ်ည္းကပ္ခဲ့ျခင္းျဖစ္သည္။

ပိုင္နက္နားတြင္ တ႐ုတ္စစ္တပ္၏ေ၀ဟင္ႏွင့္ေရျပင္စစ္ေရးလႈပ္႐ွားမႈမ်ား႐ွိေနေၾကာင္း ထိုင္၀မ္က ထပ္ကာထပ္ကာေျပာထားသည္။

ၿပီးခဲ့သည့္တစ္ပတ္တြင္လည္း ထိုင္၀မ္ကၽြန္းမႀကီးႏွင့္ ထိုင္၀မ္ပိုင္ပရာတာ့စ္ကၽြန္းစုမ်ားၾကား အေနာက္ေတာင္ဘက္ကမ္း႐ိုးတန္းတြင္ တ႐ုတ္ျပည္မႀကီးက ၂ ရက္ၾကာ စစ္ေရးေလ့က်င့္မႈအႀကီးအက်ယ္ျပဳလုပ္ခဲ့ေၾကာင္း ထိုင္၀မ္ကေျပာထားသည္။

စစ္ေရးေလ့က်င့္မႈသည္ ထိုင္၀မ္ပါ၀င္ေနသည့္ႏိုင္ငံ၏အခ်ဳပ္အျခာကာကြယ္ရန္ လိုအပ္ေသာလုပ္ရပ္ဟု တ႐ုတ္ျပည္မႀကီးဘက္က ေျပာသည္။

ဆယ္စုႏွစ္ ၄ ခုအတြင္း အေမရိကန္အစိုးရအဖြဲ႔၀င္တစ္ေယာက္လာေရာက္ေသာခရီးစဥ္ျဖစ္သည့္ ၿပီးခဲ့သည့္လက အေမရိကန္က်န္းမာေရး၀န္ႀကီး အဲလက္စ္ အဇား ထိုင္၀မ္သို႔လာေရာက္ခဲ့ခ်ိန္တြင္ တ႐ုတ္ေလတပ္ဂ်က္ေလယာဥ္မ်ားက ထိုင္၀မ္ေရလက္ၾကားအလယ္မွတ္ကို ေက်ာ္ခဲ့ၿပီး ထိုင္၀မ္ဒံုးက်ည္မ်ားက သူတို႔ကို ဟန္႔တားခဲ့သည္။

Ref : Taiwan says Chinese anti-submarine aircraft off its coast

#PeopleMedia

(unicode)
ကမ်းခြေသို့ တရုတ်ရေငုပ်သင်္ဘောဖျက်လေယာဉ်ချည်းကပ်လာကြောင်း ထိုင်ဝမ်ပြော
………………………………………………………

တိုင်ပေ၊ စက်တင်ဘာ ၁၇

ဗုဒ္ဓဟူးနေ့တွင် ထိုင်ဝမ်ကမ်းခြေလေကြောင်းရန်ကာကွယ်ရေးအထောက်အထားပြဇုန်သို့ တရုတ်ရေငုပ်သင်္ဘောဖျက်လေယာဉ် ၂ စင်းချည်းကပ်လာပြီး ထိုင်ဝမ်လေတပ်က သူတို့ထွက်သွားရန် သတိပေးခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ကြာသပတေးနေ့တွင်ပြောသည်။

ယနေ့တွင် အမေရိကန်စီးပွားရေးရာဒုတိယဝန်ကြီး ကိတ် ခရာ့ခ်ျ ထိုင်ဝမ်သို့လာရောက်ရန်စီစဉ်ထားချိန်တွင် တရုတ်လေယာဉ်များချည်းကပ်ခဲ့ခြင်းဖြစ်သည်။

ပိုင်နက်နားတွင် တရုတ်စစ်တပ်၏ဝေဟင်နှင့်ရေပြင်စစ်ရေးလှုပ်ရှားမှုများရှိနေကြောင်း ထိုင်ဝမ်က ထပ်ကာထပ်ကာပြောထားသည်။

ပြီးခဲ့သည့်တစ်ပတ်တွင်လည်း ထိုင်ဝမ်ကျွန်းမကြီးနှင့် ထိုင်ဝမ်ပိုင်ပရာတာ့စ်ကျွန်းစုများကြား အနောက်တောင်ဘက်ကမ်းရိုးတန်းတွင် တရုတ်ပြည်မကြီးက ၂ ရက်ကြာ စစ်ရေးလေ့ကျင့်မှုအကြီးအကျယ်ပြုလုပ်ခဲ့ကြောင်း ထိုင်ဝမ်ကပြောထားသည်။

စစ်ရေးလေ့ကျင့်မှုသည် ထိုင်ဝမ်ပါဝင်နေသည့်နိုင်ငံ၏အချုပ်အခြာကာကွယ်ရန် လိုအပ်သောလုပ်ရပ်ဟု တရုတ်ပြည်မကြီးဘက်က ပြောသည်။

ဆယ်စုနှစ် ၄ ခုအတွင်း အမေရိကန်အစိုးရအဖွဲ့ဝင်တစ်ယောက်လာရောက်သောခရီးစဉ်ဖြစ်သည့် ပြီးခဲ့သည့်လက အမေရိကန်ကျန်းမာရေးဝန်ကြီး အဲလက်စ် အဇား ထိုင်ဝမ်သို့လာရောက်ခဲ့ချိန်တွင် တရုတ်လေတပ်ဂျက်လေယာဉ်များက ထိုင်ဝမ်ရေလက်ကြားအလယ်မှတ်ကို ကျော်ခဲ့ပြီး ထိုင်ဝမ်ဒုံးကျည်များက သူတို့ကို ဟန့်တားခဲ့သည်။

Ref : Taiwan says Chinese anti-submarine aircraft off its coast

#PeopleMedia


Share this post