• Follow Us on

Home ကမ်းခြေစောင့်တပ်ဖွဲ့အား ကာကွယ်ရေးဝန်ကြီးဌာနအောက်တွင် ထည့်သွင်းဖွဲ့စည်းပြီး တပ်မတော် ကွပ်ကဲမှုအောက်၌ ထားရှိမည်ဟု ကာကွယ်ရေးဝန်ကြီးဌာနဆို

ကမ်းခြေစောင့်တပ်ဖွဲ့အား ကာကွယ်ရေးဝန်ကြီးဌာနအောက်တွင် ထည့်သွင်းဖွဲ့စည်းပြီး တပ်မတော် ကွပ်ကဲမှုအောက်၌ ထားရှိမည်ဟု ကာကွယ်ရေးဝန်ကြီးဌာနဆို

Share this post

ကမ်းခြေစောင့်တပ်ဖွဲ့အား ကာကွယ်ရေးဝန်ကြီးဌာနအောက်တွင် ထည့်သွင်းဖွဲ့စည်းပြီး တပ်မတော် ကွပ်ကဲမှုအောက်၌ ထားရှိမည်ဟု ကာကွယ်ရေးဝန်ကြီးဌာနဆို
……………………………………………………………………………………

“မြန်မာ့ပင်လယ်ပြင်ပိုင်နက်ထဲကို သင်္ဘောတွေ စက်လှေတွေ ၀င်ရောက်လာတာကို ဒေသခံပြည်သူတွေ သတင်းပေးမှ သိရှိရတဲ့အတွက်ကြောင့် ကျွန်မတို့ဒေသခံပြည်သူနဲ့ နိုင်ငံသူနိုင်ငံသားများက စိုးရိမ်ပူပန် လျှက်ရှိပါတယ်” ဒေါ်အေးမြမြမျိုး (ကျောက်တန်း မြို့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)

ဒေါ်အေးမြမြမျိုးက မြန်မာ့ပင်လယ်ရေကြောင်း လုံခြုံရေးအတွက် လုံခြုံရေးအင်အား တိုးမြှင့်ပေးခြင်း၊ နည်းပညာအပါအ၀င် အခြေခံလိုအပ်ချက်များ တိုးမြှင့်ထောက် ပံ့ပေးနိုင်ခြင်း ရှိမရှိကို ယနေ့ကျင်းပသော ပြည်သူ့လွှတ်တော်အစည်အဝေး၌ မေးခွန်းမေးမြန်းခဲ့တာဖြစ်ပါတယ်။

“မြန်မာ့တပ်မတော်အနေဖြင့် ကမ်းခြေစောင့်တပ်ဖွဲ့အား ကာကွယ်ရေးဝန်ကြီး ဌာနအောက်တွင် ထည့်သွင်း ဖွဲ့စည်းပြီး တပ်မတော်၏ ကွပ်ကဲမှုအောက်တွင် ထားရှိ၍ အထက်အပိုဒ်(စ) ပါ လုပ်ငန်းဆောင်တာများ စွမ်းအောင်နိုင်ရန် လွှတ်တော်သို့ တင်ပြအတည်ပြုရယူပြီး ဖွဲ့စည်းတာဝန်ပေးအပ်ရေးဆောင်ရွက်လျှက်ရှိပါတယ်” ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး


Share this post
https://www.facebook.com/303185163868226/videos/2248213455441658/