• Follow Us on

Home ကမ္ဘာအေး ဗုဒ္ဓသာသနာ့‌သံဃာ့ဆေးရုံ၌ ကိုဗစ် ၁၉ ရောဂါဖြင့် တက်ရောက်ကုသနေသည့် သံဃာတော်အပါး (၂၀) တွင် (၆) ပါး ပျံလွန်တော်မူ

ကမ္ဘာအေး ဗုဒ္ဓသာသနာ့‌သံဃာ့ဆေးရုံ၌ ကိုဗစ် ၁၉ ရောဂါဖြင့် တက်ရောက်ကုသနေသည့် သံဃာတော်အပါး (၂၀) တွင် (၆) ပါး ပျံလွန်တော်မူ

Share this post

နေပြည်တော်၊ စက်တင်ဘာ ၉ (People Media)

 

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးဗုဒ္ဓသာသနာ့‌သံဃာ့ဆေးရုံတွင် ကိုဗစ် ၁၉ ရောဂါဖြင့် တက်ရောက် ဆေးကုသနေသော ရဟန်းသံဃာ အပါး ၂၀ တွင် ၆ ပါး ပျံလွန်တော်မူခဲ့ကြောင်း နိုင်ငံတော် သံဃမဟာနာယကအဖွဲ့မှ ယနေ့ ထုတ်ပြန်လိုက်သည်။

 

ကမ္ဘာအေးဗုဒ္ဓသာသနာ့‌သံဃာ့ဆေးရုံတွင် ကိုဗစ် ၁၉ ရောဂါဖြင့် တက်ရောက်ဆေးကုသနေသော ရဟန်းသံ ဃာတော်များမှာ ၂၀၂၁ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့မှ ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၃ ရက်နေ့အထိ ဆေးရုံ တက် သံဃာတော် ၂၀ ပါးရှိပြီး ယင်းသံဃာတော် ၂၀ ပါးအနက် ဆေးရုံဆင်း ၁၀ ပါး၊ ပျံလွန်တော်မူ ၆ ပါးနှင့် လက်ရှိကုသဆဲ ၄ ပါး ရှိကြောင်း သိရသည်။

 

ထိုသို့ ဆေးရုံတက်ရောက်ကုသနေသည့် ရဟန်းသံဃာတော်များအား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကြီး ကြပ်မှု၊ ကျန်းမာရေးဝန်ကြီးဌာန၏ ကိုယ်စားလှယ်အဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းပြီး ကုသရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတို့ကို စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရ သည်။

 

ဆေးရုံတက်ရောက်ကုသနေသည့် သံဃာတော်များအား အရုဏ်ဆွမ်း၊ နေ့ဆွမ်းနှင့်ညနေဖြည့်စွက် အာဟာ ရ(ကြက်ဥ၊ ငှက်ပျော်သီး၊ ကြက်စွပ်ပြုတ်၊ ဆိတ်စွပ်ပြုတ်၊ ဆန်ပြုတ်၊ နို့ဆန့်ပြုတ်၊ မြူစွမ်၊ အိုဗာတင်း၊ ကြက် ပေါင်းရည်၊ ငှက်သိုက်၊ ဒိန်ချဉ်၊ ပဲနို့ရည်၊ အချိုရည်တို့ကို ဆရာဝန်များ၏အကြံပြုချက်ဖြင့် နေ့စဉ်ဆက်ကပ်လှူ ဒါန်းခြင်း)တို့ကို နိုင်ငံတော်သံဃမဟာနာယကဆွမ်းချက်ဆောင်မှ ကိုဗစ် ၁၉ စည်းကမ်းချက်များနှင့်အညီ သန့်ရှင်း လတ်ဆတ်သော ဆွမ်း၊ ဆွမ်းဟင်း၊ အသားငါးများ၊ အသီးအနှံများကို တစ်ခါသုံးကော်ဘူး၊ ဇွန်းများဖြင့် တာဝန်ယူချက်ပြုတ်ဆက်ကပ်လှူဒါန်းလျက်ရှိကြောင်း သိရသည်။

 

#PeopleMedia #သာသနာရေး

 

(unicode)

ကမ်ဘာအေး ဗုဒ်ဓသာသနာ့သံဃာ့ဆေးရုံ၌ ကိုဗဈ ၁၉ ရောဂါဖွင့ျ တကျရောကျကုသနသေည့ျ သံဃာတောျအပါး (၂၀) တှငျ (၆) ပါး ပြံလှနျတောျမူ

……………………………………………………………………..

 


 


 


 


 


 



Share this post