• Follow Us on

Home ကမၻာ့စီးပြားေရး အားရစရာ မေကာင္းေသာ္လည္း ျမန္မာ့စီးပြားေရး အားေကာင္းမည္ဟု ကမၻာ့ဘဏ္ထုတ္ျပန္

ကမၻာ့စီးပြားေရး အားရစရာ မေကာင္းေသာ္လည္း ျမန္မာ့စီးပြားေရး အားေကာင္းမည္ဟု ကမၻာ့ဘဏ္ထုတ္ျပန္

Share this post

ရန္ကုန္၊ ဇန္နဝါရီ ၁၆

ကမၻာလုံးဆိုင္ရာ စီးပြားေရးအေျခအေနမ်ားမွာ လက္ရွိတြင္ အားရစရာမေကာင္းေသာ္လည္း ျမန္မာႏိုင္ငံ၏ စီးပြားေရးမွာ အားေကာင္းလာရန္ရွိေၾကာင္း ဇန္နဝါရီ ၁၅ ရက္ေန႔ထုတ္ ကမၻာ့ဘဏ္ အစီရင္ခံစာတြင္ ေဖၚျပ ထားသည္။

တစ္ႏွစ္လွ်င္ ႏွစ္ႀကိမ္ထုတ္ျပန္သည့္ ကမၻာ့ဘဏ္၏ ျမန္မာႏိုင္ငံ စီးပြားေရးအစီရင္ခံစာ (၂၀၁၉ ခုႏွစ္၊ ဒီဇင္ဘာ လ) မိတ္ဆက္ျခင္းအခမ္းအနားကို ရန္ကုန္ၿမိဳ႕ရွိ ဆူးေလရွန္ဂရီလာတြင္ ယေန႔ ျပဳလုပ္သည္။

လက္ရွိတြင္ ကမၻာလုံးဆိုင္ရာ စီးပြားေရးေႏွးေကြးလာမႈႏွင့္ ျပည္တြင္းမေရရာမေသခ်ာမႈမ်ား ရွိေနေသာ္လည္း ျမန္မာႏိုင္ငံ၏ စီးပြားေရးသည္ ႀကံ့ႀကံ့ခံရပ္တည္ႏိုင္စြမ္းကို ဆက္လက္ျပသလ်က္ရွိသည္ဟု ကမၻာ့ဘဏ္၏ အစီ ရင္ခံစာသစ္က ဆိုသည္။

သို႔ေသာ္ ပဋိပကၡမ်ား ဆက္လက္ ျဖစ္ပြားေနျခင္း၊ ပုဂၢလိက စီးပြားေရးက႑၏ ကုန္ထုတ္စြမ္းအားနည္းပါးျခင္း၊ အင္စတီးက်ဳးရွင္းဆိုင္ရာ အခက္အခဲမ်ားရွိေနျခင္းက ရင္းႏွီးျမႇဳပ္ႏွံမည့္သူမ်ား၏ သေဘာထားအျမင္ႏွင့္ တိုင္း ျပည္၏ ‌ေရရွည္ဖြံ႕ၿဖိဳးမႈ အလားအလာအေပၚ မ်ားစြာသက္ေရာက္မႈရွိေနေၾကာင္း ျမန္မာႏိုင္ငံဆိုင္ရာ ကမၻာ့ဘဏ္ ၏ ဌာေနကိုယ္စားလွယ္(ယာယီ)ျဖစ္သူ Gevorg Sargsyan က ယင္းအစီရင္ခံစာ မိတ္ဆက္ပြဲတြင္ေျပာသည္။

“ျမန္မာျပည္ရဲ႕ အနာဂတ္ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ အေျခခံအုတ္ျမစ္ေကာင္းေတြ ခ်မွတ္ႏိုင္ဖို႔နဲ႔ စီးပြားေရး ေဆာင္ရြက္ခ်က္ေကာင္းေတြကို ဆက္လက္ထိန္းသိမ္းထားႏိုင္ဖို႔အတြက္ အေရးတႀကီးေဆာင္ရြက္ရမယ့္ ကိစၥ ရပ္ေတြ ရွိေနပါတယ္။ အဲ့ဒါေတြကေတာ့ ပဋိပကၡမ်ားအား အဆုံးသတ္ရန္၊ လူမႈပါ၀င္မႈ (social inclusion) အားေကာင္းေအာင္ ေဆာင္ရြက္ရန္၊ တာ၀န္ယူမႈရွိတဲ့ ပုဂၢလိက စီးပြားေရးက႑တစ္ရပ္ ျဖစ္ထြန္းလာေစေရး တို႔အတြက္ အားေပးရန္တို႔ျဖစ္‌ပါတယ္” ဟု Gevorg Sargsyan က ေျပာသည္။

ထို႔ျပင္ ျမန္မာႏိုင္ငံ၏ ဧရိယာသုံးပုံတစ္ပုံတြင္ လက္နက္ကိုင္အဖြဲ႕အစည္းမ်ားႏွင့္ လက္နက္ကိုင္ပဋိပကၡမ်ား တည္ရွိေနျခင္းက စီးပြားေရးက႑အတြက္ ထပ္ေလာင္းစိန္ေခၚမႈတစ္ရပ္ျဖစ္ေစသည္ဟု ဆိုသည္။

ယခုအစီရင္ခံစာသည္ ပုဂၢလိကက႑က ဦးေဆာင္သည့္ တိုင္းျပည္ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ မူဝါဒမ်ားအား အႀကံျပဳထားရာ ယင္းတို႔မွာ ေစ်းကြက္ခ်ဲ႕ထြင္မႈကို အားေပးရန္၊ တိုင္းျပည္၏ ဘ႑ာေငြႏွင့္ အရင္းအျမစ္မ်ား ခြဲေဝအသုံးခ်ႏိုင္မႈ ပိုမိုေကာင္းမြန္ေအာင္ ေဆာင္ရြက္ရန္ႏွင့္ စီးပြားေရးက႑တြင္ ပါဝင္သူေနမ်ား၏ စြမ္းေဆာင္ ရည္အား ျမႇင့္တင္ေပးရန္တို႔ျဖစ္ေၾကာင္းသိရသည္။

ဇာျခည္

#Peoplemedia #EPN

(Unicode)
ကမ္ဘာ့စီးပွားရေး အားရစရာ မကောင်းသော်လည်း မြန်မာ့စီးပွားရေး အားကောင်းမည်ဟု ကမ္ဘာ့ဘဏ်ထုတ်ပြန်
………………………………………………………

ရန်ကုန်၊ ဇန်နဝါရီ ၁၆

ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအခြေအနေများမှာ လက်ရှိတွင် အားရစရာမကောင်းသော်လည်း မြန်မာနိုင်ငံ၏ စီးပွားရေးမှာ အားကောင်းလာရန်ရှိကြောင်း ဇန်နဝါရီ ၁၅ ရက်နေ့ထုတ် ကမ္ဘာ့ဘဏ် အစီရင်ခံစာတွင် ဖေါ်ပြ ထားသည်။

တစ်နှစ်လျှင် နှစ်ကြိမ်ထုတ်ပြန်သည့် ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံ စီးပွားရေးအစီရင်ခံစာ (၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ လ) မိတ်ဆက်ခြင်းအခမ်းအနားကို ရန်ကုန်မြို့ရှိ ဆူးလေရှန်ဂရီလာတွင် ယနေ့ ပြုလုပ်သည်။

လက်ရှိတွင် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးနှေးကွေးလာမှုနှင့် ပြည်တွင်းမရေရာမသေချာမှုများ ရှိနေသော်လည်း မြန်မာနိုင်ငံ၏ စီးပွားရေးသည် ကြံ့ကြံ့ခံရပ်တည်နိုင်စွမ်းကို ဆက်လက်ပြသလျက်ရှိသည်ဟု ကမ္ဘာ့ဘဏ်၏ အစီ ရင်ခံစာသစ်က ဆိုသည်။

သို့သော် ပဋိပက္ခများ ဆက်လက် ဖြစ်ပွားနေခြင်း၊ ပုဂ္ဂလိက စီးပွားရေးကဏ္ဍ၏ ကုန်ထုတ်စွမ်းအားနည်းပါးခြင်း၊ အင်စတီးကျုးရှင်းဆိုင်ရာ အခက်အခဲများရှိနေခြင်းက ရင်းနှီးမြှုပ်နှံမည့်သူများ၏ သဘောထားအမြင်နှင့် တိုင်း ပြည်၏ ‌ရေရှည်ဖွံ့ဖြိုးမှု အလားအလာအပေါ် များစွာသက်ရောက်မှုရှိနေကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘာ့ဘဏ် ၏ ဌာနေကိုယ်စားလှယ်(ယာယီ)ဖြစ်သူ Gevorg Sargsyan က ယင်းအစီရင်ခံစာ မိတ်ဆက်ပွဲတွင်ပြောသည်။

“မြန်မာပြည်ရဲ့ အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအုတ်မြစ်ကောင်းတွေ ချမှတ်နိုင်ဖို့နဲ့ စီးပွားရေး ဆောင်ရွက်ချက်ကောင်းတွေကို ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့အတွက် အရေးတကြီးဆောင်ရွက်ရမယ့် ကိစ္စ ရပ်တွေ ရှိနေပါတယ်။ အဲ့ဒါတွေကတော့ ပဋိပက္ခများအား အဆုံးသတ်ရန်၊ လူမှုပါဝင်မှု (social inclusion) အားကောင်းအောင် ဆောင်ရွက်ရန်၊ တာဝန်ယူမှုရှိတဲ့ ပုဂ္ဂလိက စီးပွားရေးကဏ္ဍတစ်ရပ် ဖြစ်ထွန်းလာစေရေး တို့အတွက် အားပေးရန်တို့ဖြစ်ပါတယ်” ဟု Gevorg Sargsyan က ပြောသည်။

ထို့ပြင် မြန်မာနိုင်ငံ၏ ဧရိယာသုံးပုံတစ်ပုံတွင် လက်နက်ကိုင်အဖွဲ့အစည်းများနှင့် လက်နက်ကိုင်ပဋိပက္ခများ တည်ရှိနေခြင်းက စီးပွားရေးကဏ္ဍအတွက် ထပ်လောင်းစိန်ခေါ်မှုတစ်ရပ်ဖြစ်စေသည်ဟု ဆိုသည်။

ယခုအစီရင်ခံစာသည် ပုဂ္ဂလိကကဏ္ဍက ဦးဆောင်သည့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဝါဒများအား အကြံပြုထားရာ ယင်းတို့မှာ ဈေးကွက်ချဲ့ထွင်မှုကို အားပေးရန်၊ တိုင်းပြည်၏ ဘဏ္ဍာငွေနှင့် အရင်းအမြစ်များ ခွဲဝေအသုံးချနိုင်မှု ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ရန်နှင့် စီးပွားရေးကဏ္ဍတွင် ပါဝင်သူနေများ၏ စွမ်းဆောင် ရည်အား မြှင့်တင်ပေးရန်တို့ဖြစ်ကြောင်းသိရသည်။

ဇာခြည်

#Peoplemedia #EPN


Share this post