• Follow Us on

Home ကမၻာ့သက္တမ္းအရင့္ဆံုး အိႏၵိယေလယာဥ္တင္သေဘၤာ အြန္လိုင္းမွ ေလလံတင္

ကမၻာ့သက္တမ္းအရင့္ဆံုး အိႏၵိယေလယာဥ္တင္သေဘၤာ အြန္လိုင္းမွ ေလလံတင္

Share this post

အိႏၵိယအစိုးရက လြန္ခဲ့တဲ့ ၆ လမွာ တာ၀န္ထမ္းေဆာင္မႈက အနားေပးလုိက္တဲ့ ေလယာဥ္တင္သေဘၤာ Virrat ကို ဒီဇင္ဘာ ၁၇ ရက္ေန႔မွာ အြန္လိုင္းက ေလလံတင္လိုက္ပါတယ္။

Metals and Scrap Trading Corporation (MSTC) ကုမၸဏီက ေဆာင္ရြက္တဲ့ အြန္လိုင္းေလလံကို ေန႔လည္ ၁၂ နာရီ ၁၆ မိနစ္မွာ စတင္ခဲ့တာပါ။

ေလယာဥ္တင္သေဘၤာ Virrat ဟာ ကမၻာမွာ သက္တမ္းအရင့္ဆံုးတာ၀န္ထမ္းေဆာင္တဲ့ စစ္သေဘၤာတစ္စီး အျဖစ္ ဂင္းနစ္စံခ်ိန္တင္ထားႏုိင္တဲ့ သေဘၤာလည္းျဖစ္ပါတယ္။

မူလ ၿဗိတိန္ေတာ္၀င္ေရတပ္မွာ HMS Hermes အမည္နဲ႔ ၁၉၅၉ ခုႏွစ္က စတင္တပ္ေတာ္၀င္ခဲ့တဲ့ အဆိုပါေလယာဥ္တင္သေဘၤာဟာ ၁၉၈၇ ခုႏွစ္မွာေတာ့ အိႏၵိယေရတပ္မွာ စတင္တာ၀န္ထမ္းေဆာင္ခဲ့တာျဖစ္ပါတယ္။

အိႏၵိယစစ္တပ္အတြက္ ႏွစ္ ၃၀ နီးပါးတာ၀န္ထမ္းေဆာင္ၿပီးေနာက္မွာေတာ့ Virrat ေလယာဥ္တင္သေဘၤာကို အိႏၵိယေရတပ္က အနားေပးခဲ့တာျဖစ္ပါတယ္။

Ref; newindianexpress.com

#PeopleMedia #International

(Unicode)

အိန္ဒိယအစိုးရက လွန်ခဲ့တဲ့ ၆ လမှာ တာဝန်ထမ်းဆောင်မှုက အနားပေးလိုက်တဲ့ လေယာဉ်တင်သင်္ဘော Virrat ကို ဒီဇင်ဘာ ၁၇ ရက်နေ့မှာ အွန်လိုင်းက လေလံတင်လိုက်ပါတယ်။

Metals and Scrap Trading Corporation (MSTC) ကုမ္ပဏီက ဆောင်ရွက်တဲ့ အွန်လိုင်းလေလံကို နေ့လည် ၁၂ နာရီ ၁၆ မိနစ်မှာ စတင်ခဲ့တာပါ။

လေယာဉ်တင်သင်္ဘော Virrat ဟာ ကမ္ဘာမှာ သက်တမ်းအရင့်ဆုံးတာဝန်ထမ်းဆောင်တဲ့ စစ်သင်္ဘောတစ်စီး အဖြစ် ဂင်းနစ်စံချိန်တင်ထားနိုင်တဲ့ သင်္ဘောလည်းဖြစ်ပါတယ်။

မူလ ဗြိတိန်တော်ဝင်ရေတပ်မှာ HMS Hermes အမည်နဲ့ ၁၉၅၉ ခုနှစ်က စတင်တပ်တော်ဝင်ခဲ့တဲ့ အဆိုပါလေယာဉ်တင်သင်္ဘောဟာ ၁၉၈၇ ခုနှစ်မှာတော့ အိန္ဒိယရေတပ်မှာ စတင်တာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပါတယ်။

အိန္ဒိယစစ်တပ်အတွက် နှစ် ၃၀ နီးပါးတာဝန်ထမ်းဆောင်ပြီးနောက်မှာတော့ Virrat လေယာဉ်တင်သင်္ဘောကို အိန္ဒိယရေတပ်က အနားပေးခဲ့တာဖြစ်ပါတယ်။

Ref; newindianexpress.com

#PeopleMedia #International


Share this post