• Follow Us on

Home ကမ္ဘာ့အကြီးဆုံး သယ်ယူပို့ဆောင်ရေးရဟတ်ယာဉ် အများအပြား ရုရှားထုတ်လုပ်မည်

ကမ္ဘာ့အကြီးဆုံး သယ်ယူပို့ဆောင်ရေးရဟတ်ယာဉ် အများအပြား ရုရှားထုတ်လုပ်မည်

Share this post

နိုင်ငံတကာ၊ နိုဝင်ဘာ ၂၅ (People Media)

 

ရုရှားနိုင်ငံသည် ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းလောက်တွင် ကမ္ဘာ့အကြီးဆုံး သယ်ယူပို့ဆောင်ရေးရဟတ်ယာဉ်ဟု ခေါ်ဆိုနိုင်မည့် Mi-26T2V ရဟတ်ယာဉ်အများအပြားကို ထုတ်လုပ်ရန် စီစဉ်နေကြောင်း Russian Helicopters ကုမ္ပဏီက TASS သတင်းဌာနသို့ပြောသည်။

 

ကမ္ဘာ့အကြီးဆုံး သယ်ယူပို့ဆောင်ရေးရဟတ်ယာဉ်ဟု ယူဆထားကြသည့် Mi-26T2V ရဟတ်ယာဉ်သည် ရ ဟတ်ယာဉ်အမှုထမ်း ငါးဦးနှင့်အတူ အလေးချိန် တန် ၂၀ (၁၈၁၄၄ ကီလိုဂရမ်) သယ်ဆောင်နိုင်သည်။ အဆိုပါ ရဟတ်ယာဉ်တွင် နေ့ဘက်နှင့် ညဘက်စစ်ဆင်ရေးများတွင် အလိုအလျောက်ထိန်းချုပ်နိုင်သော NPK90-2V avionics suite တစ်စုံတပ်ဆင်ထားသည်။

 

ကုမ္ပဏီအနေဖြင့် ရဟတ်ယာဉ်၏ နောက်ဆုံးအဆင့်အစိတ်အပိုင်းများတပ်ဆင်သည့်အဆင့်ကိုရောက်ရှိနေပြီဖြစ် ပြီး စမ်းသပ်ပျံသန်းမှုများမှာ ပြီးဆုံးခါနီးပြီဖြစ်ကြောင်း Russian Helicopters ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် အန်းဒရီးဘိုကင်စကီးကပြောသည်။

 

“Mi-26T2V ရဟတ်ယာဉ် စမ်းသပ်ပျံသန်းမှုတွေကို လက်စသတ်ဖို့ နည်းနည်းပဲကျန်ပါတော့တယ်။ ဒီနှစ်ကုန်ခါ နီးမှာ စမ်းသပ်ပျံသန်းမှုအားလုံး အပြီးသတ်ဆောင်ရွက်နိုင်မယ်လို့ ကျွန်တော်တို့မျှော်လင့်ထားပါတယ်။” ဟု အန်းဒရီးဘိုကင်စကီးကပြောသည်။ ပထမအသုတ် ရဟတ်ယာဉ်များကို ရုရှားလက်နက်ကိုင်တပ်ဖွဲ့များထံ ပေးပို့ ပြီးဖြစ်ကြောင်း ၎င်းကဖြည့်စွက်ပြောသည်။

 

ရဟတ်ယာဉ်များကို အများအပြားထုတ်လုပ်သည့်အချိန်တွင် ရုရှားကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ၁၀ စင်း ထက်မနည်း ဝယ်ယူထားမည်ဆိုသည့်သတင်းများထွက်ပေါ်လျက်ရှိသည်။

 

Mi-26T2V ရဟတ်ယာဉ်သည် တပ်ဖွဲ့ဝင် ၈၂ ဦးအထိတင်ဆောင်နိုင်ရန်၊ တိုက်ခိုက်ရေးယာဉ်ကြီးများကို သယ် ဆောင်နိုင်ရန်နှင့် အခြားစစ်လက်နက်ပစ္စည်းများတင်ဆောင်နိုင်ရန် ဒီဇိုင်းရေးဆွဲထုတ်လုပ်ထားသည့် အဆင့်မြှင့် တင်ထားသော ရဟတ်ယာဉ်အကြီးစားဖြစ်သည်။

 

Mi-26T2V ရဟတ်ယာဉ်ဘီးတွင် ဘီးတစ်စုံ၌ ဘီးနှစ်လုံးစီတပ်ဆင်ထားပြီး ရဟတ်ယာဉ်၏ ပင်မပန်ကာတွင် ဒ လက်ရှစ်ခါခုပါဝင်ကာ လေအေးပေးစနစ်နှင့် ကုန်တင်ခန်းအပူအချိန်စနစ်တို့ကို အဆင့်မြှင့်တင်ထားသည်။ ၎င်း အပြင် Mi-26T2V ရဟတ်ယာဉ်သည် လေကြောင်းရန်ကာကွယ်ရေးစနစ်ကို ကာကွယ်ထားသည့် defensive aids suite ကိုလည်း ထည့်သွင်းတပ်ဆင်ထားကြောင်းသိရသည်။

 

Ref: Russia to Mass Produce ‘World’s Heaviest’ Military Transport Helicopter

 

#PeopleMedia

 

(unicode)


…………………………………………………………..

 


 


 


 


 


 


 


 


 

Ref: Russia to Mass Produce ‘World’s Heaviest’ Military Transport Helicopter

 

#PeopleMedia


Share this post