• Follow Us on

Home ကမ္ဘာ့ကော်ဖီဈေးကွက်၌ မြန့်မာကော်ဖီသည် အဆင့်အတန်းရှိရှိဖြင့် ခိုင်ခိုင်မာမာရပ်တည်နိုင်ရေး ရည်မှန်းချက် ထားလုပ်ဆောင်ရန် န-စ-ကဥက္ကဋ္ဌပြောကြား

ကမ္ဘာ့ကော်ဖီဈေးကွက်၌ မြန့်မာကော်ဖီသည် အဆင့်အတန်းရှိရှိဖြင့် ခိုင်ခိုင်မာမာရပ်တည်နိုင်ရေး ရည်မှန်းချက် ထားလုပ်ဆောင်ရန် န-စ-ကဥက္ကဋ္ဌပြောကြား

Share this post

နေပြည်တော်၊ စက်တင်ဘာ ၁၈ (People Media)

 

ကမ္ဘာ့ကော်ဖီဈေးကွက်တွင် မြန့်မာကော်ဖီသည် အဆင့်အတန်းရှိရှိဖြင့် နေရာတစ်ခုတွင် ခိုင်ခိုင်မာမာ ရပ်တည် နိုင်ရေးရည်မှန်းချက်ထား လုပ်ဆောင်ရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်က ပြောသည်။

 

န-စ-ကဥက္ကဋ္ဌသည် ယမန်နေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့အတွင်း၌ အားကစားကဏ္ဍ၊ စီးပွားရေးကဏ္ဍနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာတို့တွင် မြှင့်တင်ဆောင်ရွက်ပေးနိုင်မည့်အခြေအနေများကို လိုက် လံကြည့်ရှုစစ်ဆေးမှုအပြီးတွင် ပြောကြားခဲ့သည်။

 

မိမိတို့နိုင်ငံ၌ ကော်ဖီစိုက်ဧက ၃ သောင်းကျော်ရှိပြီး ဒေသအလိုက်ခွဲ၍ Robusta နှင့် Arabica ကော်ဖီမျိုးတို့ကို စိုက်ပျိုးသည်ဟု သိရှိရကြောင်း၊ ကော်ဖီစိုက်ပျိုးခြင်းလုပ်ငန်းသည် အရင်းအနှီးများပြီး ကာလရှည်လုပ်ငန်း ဖြစ်သည့်အတွက် အောင်မြင်အောင်လုပ်ဆောင်ရမည်ဖြစ်ပြီး ပြည်တွင်း၊ ပြည်ပဈေးကွက်များကို အမြဲမပြတ် လေ့လာနေရန်လိုကြောင်း၊ အထွက်နှုန်းကောင်းမွန်ရန်၊ Quality Product ဖြစ်ရန်၊ ဈေးကွက်ရရှိရန် လိုအပ် မည်ဖြစ်ကြောင်း၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဆိုသည်။

 

အနံ့၊ အရသာနှင့် အရောင် ကောင်းမွန်ရမည်ဖြစ်ပြီး ဈေးကွက်လိုအပ်ချက်နှင့် ဒေသအလိုက် ကြိုက်နှစ်သက် သည့် အမျိုးအစားများကို လေ့လာဆန်းစစ်၍ ခွဲခြားဖြန့်ချိရန်လိုကြောင်း၊ လုပ်ငန်းတစ်ခုဆောင်ရွက်ရာတွင် သုတေသနနှင့် ဖွံ့ဖြိုးမှု Research and Development ရှိရမည်ဖြစ်ပြီး သုတေသနလုပ်ငန်းများကို မဖြစ် မနေလုပ်ဆောင်ရန်လိုကြောင်း န-စ-ကဥက္ကဋ္ဌက ဆက်လက်ပြောသည်။

 

ပထမအဆင့်အနေဖြင့် ကုန်ကြမ်းများကို တင်ပို့ရောင်းချပြီး ဒုတိယအဆင့်အနေဖြင့် ကုန်ချောများကို ထုတ်လုပ်ကာ အရည်အသွေးမြင့်ကုန်ချော ထုတ်ကုန်များကို ပြည်ပသို့ တင်ပို့ရောင်းချနိုင်ရေး စဉ်းစား ဆောင်ရွက်ရန်လိုကြောင်း၊ မျိုးကောင်းမျိုးသန့်ရရှိရေး၊ နည်းစနစ်ကျနရေး၊ ဈေးကွက်ရရှိရေးနှင့် အရင်းအနှီး လိုအပ်ချက်တို့အတွက် နိုင်ငံတော်မှ ကူညီဆောင်ရွက်ပေးမည်ဖြစ်သဖြင့် လုပ်ငန်းရှင်များအနေဖြင့် အရည် အသွေးမြင့်သည့် ကော်ဖီထုတ်ကုန်များရရှိရေး ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ နောင်တွင် လုပ်ငန်း ရှင်များ ကိုယ်တိုင်သုတေသနပြု၊ မျိုးကောင်းမျိုးသန့်ထုတ်လုပ်ခြင်းနှင့် ဈေးကွက်မြှင့်တင်ရေး ဆောင်ရွက်ရ မည်ဖြစ်ကြောင်း၊ ကမ္ဘာ့ကော်ဖီဈေးကွက်တွင် မြန့်မာကော်ဖီသည် အဆင့်အတန်းရှိရှိဖြင့် နေရာတစ်ခုတွင် ခိုင်ခိုင်မာမာ ရပ်တည်နိုင်ရေး ရည်မှန်းချက်ထား လုပ်ဆောင်ရမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောကြားခဲ့သည်။

 

#PeopleMedia #နစက

 

(unicode)


……………………………………………………………………….

 


 


 


 


 


 


 



Share this post