• Follow Us on

Home ကမၻာႏွင့္ ရင္ေဘာင္တန္းၿပီး မီခ်င္တယ္ဆိုလွ်င္ ေျပးမွရမည္ဟု ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစု ၾကည္ေျပာ

ကမၻာႏွင့္ ရင္ေဘာင္တန္းၿပီး မီခ်င္တယ္ဆိုလွ်င္ ေျပးမွရမည္ဟု ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစု ၾကည္ေျပာ

Share this post

ကမၻာႏွင့္ ရင္ေဘာင္တန္းၿပီး မီခ်င္တယ္ဆိုလွ်င္ ေျပးမွရမည္ျဖစ္ၿပီး အျခားသူမ်ားလို လမ္းေလွ်ာက္လွ်င္ ေနာက္ မွာက်န္ရစ္ခဲ့မွာျဖစ္ေၾကာင္း စစ္ကိုင္းတိုင္းေဒသႀကီး၊ ဒီပဲယင္းၿမိဳ႕ႏွင့္ ေရႊဘိုၿမိဳ႕တြင္ မတ္လ ၁၁ ရက္ေန႔ ေဒသခံ ျပည္သူမ်ားႏွင့္ေတြ႕ဆံုပြဲတြင္ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္မွ ေျပာၾကားခဲ့ျခင္းျဖစ္ သည္။

၎မွဆက္လက္၍ စစ္ၿပီးကာလ လြတ္လပ္ေရးမရခင္အခ်ိန္တုန္းက ေဖေဖေျပာခဲ့တဲ့ စကားရွိပါတယ္။

ကၽြန္မတို႔ဟာ စစ္အတြင္းမွာ အင္မတန္မွ အထိနာခဲ့လို႔ တျခားႏိုင္ငံေတြနဲ႔ ရင္ေဘာင္တန္းရင္ တျခားႏိုင္ငံေတြ လမ္းေလွ်ာက္ေနတဲ့အခ်ိန္မွာ ကၽြန္မတို႔ႏိုင္ငံက ေျပးမွျဖစ္မယ္ဆိုၿပီး ေျပာခဲ့ပါတယ္။

ကၽြန္မတို႔ဆိုရင္ အေရွ႕ေတာင္အာရွေဒသမွာ ဖြံ႕ၿဖိဳးမႈအနည္းဆံုးႏုိင္ငံထဲမွာ ပါေနပါတယ္။

ဒါေၾကာင့္ ကၽြန္မတို႔ဟာ ကမၻာနဲ႔ရင္ ေဘာင္တန္းၿပီးေတာ့ မီခ်င္တယ္ဆိုရင္ ေျပးမွရမယ္။

တျခားသူေတြလို လမ္းေလွ်ာက္လို႔ ကၽြန္မတို႔ေနာက္က က်န္ရစ္ခဲ့မွာပါဟုလည္း ထည့္သြင္းေျပာၾကားခဲ့သည္။

ပညာေရးဘက္တြင္လည္း တိုးတက္လာေစရန္အတြက္ အင္မတန္မွႀကိဳးစားခဲ့ၿပီး၊ ယခုေလးႏွစ္အတြင္းမွာ ျမန္မာႏိုင္ငံရဲ႕ တကၠသိုလ္ေတြသည္ ကမၻာ့အဆင့္ႏွင့္ ႏိႈင္းလွ်င္ အဆင့္နိမ့္ေနေသးၿပီး ျပည္သူေတြအေနႏွင့္ ႀကိဳးစားဖို႔လိုေၾကာင္း ႏိုင္ငံေတာ္အတိုင္ပင္ခံမွ အထက္ပါအတိုင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။

Photo – MOI

#PeopleMedia

(Unicode)
ကမ္ဘာနှင့် ရင်ဘောင်တန်းပြီး မီချင်တယ်ဆိုလျှင် ပြေးမှရမည်ဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်ပြော
…………………………………………………………

ကမ္ဘာနှင့် ရင်ဘောင်တန်းပြီး မီချင်တယ်ဆိုလျှင် ပြေးမှရမည်ဖြစ်ပြီး အခြားသူများလို လမ်းလျှောက်လျှင် နောက် မှာကျန်ရစ်ခဲ့မှာဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နှင့် ရွှေဘိုမြို့တွင် မတ်လ ၁၁ ရက်နေ့ ဒေသခံ ပြည်သူများနှင့်တွေ့ဆုံပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှ ပြောကြားခဲ့ခြင်းဖြစ် သည်။

၎င်းမှဆက်လက်၍ စစ်ပြီးကာလ လွတ်လပ်ရေးမရခင်အချိန်တုန်းက ဖေဖေပြောခဲ့တဲ့ စကားရှိပါတယ်။

ကျွန်မတို့ဟာ စစ်အတွင်းမှာ အင်မတန်မှ အထိနာခဲ့လို့ တခြားနိုင်ငံတွေနဲ့ ရင်ဘောင်တန်းရင် တခြားနိုင်ငံတွေ လမ်းလျှောက်နေတဲ့အချိန်မှာ ကျွန်မတို့နိုင်ငံက ပြေးမှဖြစ်မယ်ဆိုပြီး ပြောခဲ့ပါတယ်။

ကျွန်မတို့ဆိုရင် အရှေ့တောင်အာရှဒေသမှာ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံထဲမှာ ပါနေပါတယ်။

ဒါကြောင့် ကျွန်မတို့ဟာ ကမ္ဘာနဲ့ရင် ဘောင်တန်းပြီးတော့ မီချင်တယ်ဆိုရင် ပြေးမှရမယ်။

တခြားသူတွေလို လမ်းလျှောက်လို့ ကျွန်မတို့နောက်က ကျန်ရစ်ခဲ့မှာပါဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။

ပညာရေးဘက်တွင်လည်း တိုးတက်လာစေရန်အတွက် အင်မတန်မှကြိုးစားခဲ့ပြီး၊ ယခုလေးနှစ်အတွင်းမှာ မြန်မာနိုင်ငံရဲ့ တက္ကသိုလ်တွေသည် ကမ္ဘာ့အဆင့်နှင့် နှိုင်းလျှင် အဆင့်နိမ့်နေသေးပြီး ပြည်သူတွေအနေနှင့် ကြိုးစားဖို့လိုကြောင်း နိုင်ငံတော်အတိုင်ပင်ခံမှ အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

Photo – MOI

#PeopleMedia


Share this post