• Follow Us on

Home ကယန်းဒေသတည်ငြိမ်အေးချမ်းမှုကို လေးစားတန်ဖိုးထားပေးနိုင်ရန် ကယန်းပြည်သစ်ပါတီ မေတ္တာရပ်ခံ

ကယန်းဒေသတည်ငြိမ်အေးချမ်းမှုကို လေးစားတန်ဖိုးထားပေးနိုင်ရန် ကယန်းပြည်သစ်ပါတီ မေတ္တာရပ်ခံ

Share this post

နေပြည်တော်၊ အောက်တိုဘာ ၇ (People Media)

ကယန်းဒေသ တည်ငြိမ်အေးချမ်းမှုကို လေးစားတန်ဖိုးထားပေးနိုင်ရန် ကယန်းပြည်သစ်ပါတီ မေတ္တာရပ်ခံ ကြောင်း သဘောထားကို ထုတ်ပြန်လိုက်သည်။

၁၉၉၄ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့တွင် ဘာသာရေးခေါင်းဆောင်အကြီးအကဲတို့မှ ကြားဝင်ညှိနှိုင်းပေးမှုကြောင့် ကယန်းပြည်သစ်ပါတီနှင့် နိုင်ငံတော် ငြိမ်းဝပ်ပိပြားမှု တည်ဆောင်ရေးအဖွဲ့ (နဝတ)တို့သည် အပစ်အခတ်ရပ်စဲ ၍ ဒေသဖွံဖြိုးရေးလုပ်ငန်းများ လက်တွဲပူးပေါင်းဆောင်ရွက်ရန်အတွက် နှစ်ဖက်သဘောတူ တည်ဆောင်သွား မည်ဖြစ်ကြောင်း တိုင်းသိပြည်သိ ကမ္ဘာသိ ထုတ်ဖော်ကြေညာခဲ့ကြောင်း သိရသည်။

ထိုနေ့ရက်မှစ၍ ဤသဘောထား ထုတ်ပြန်ကြေညာသည့် နေ့ရက်အထိ ကယန်းပြည်သစ်ပါတီ အခြေပြုသည့် တိုင်းနှင့်ပြည်နယ် (၄)ခုထိ နယ်မြေအတွင်း နိုင်ငံတော်အစိုးရအဆက်ဆက်တို့နှင့် လက်တွဲပူးပေါင်းပြီး ဒေသ ဖွံဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိနေစဉ် ၂၀၁၉ခုနှစ် ဒီဇင်ဘာလတွင် ကိုဗစ်-၁၉ ကူးစက်ရောဂါကို ရင်ဆိုင်ရသည့်အပြင် ၂၀၂၀ရွေးကောက်ပွဲနောက်ပွဲ နိုင်ငံရေးမတည်ငြိမ်မှုများမှတဆင့် ပြည်တွင်းစစ်ပွဲ ပဋိပက္ခအထိ ဖြစ်ပေါ်ခဲ့မှုများကြောင့် ကယန်းဒေသကျေးရွာများသို့ စစ်ဘေးရှောင်ပြည်သူအများအပြားတို့က နေထိုင်ခဲ့ကြရာ ကယန်းဒေသအတွင်းမှာ အထွေထွေလူနေမှု အခက်အခဲများ ကြီးမားစွာဖြစ်တည်လျက်ရှိ ကြောင်း သိရသည်။

သို့ဖြစ်ပါသောကြောင့် တိုင်းပြည်အပေါ် မိကောင်းခင်စိတ်ရှိသူများ၊ ကယန်းအမျိုးသား ပြည်သူလူထုအပေါ် စိတ်ကောင်းစေတနာကောင်းရှိသူများနှင့် ကယန်းပြည်သစ်ပါတီ၏ မိတ်တွေကောင်းများတို့သည် လက်ရှိ ကယန်းဒေသ၏ တည်ငြိမ်အေးချမ်းမှုအား လေးစားတန်ဖိုးထားပေးကြရန် ကယန်း
ပြည်သစ်ပါတီမှ အထူး မေတ္တာရပ်ခံအပ်ကြောင်း သဘောထား ထုတ်ပြန်လိုက်သည်။

Photo – UKSY

#PeopleMedia #ကယန်းပြည်သစ်ပါတီ
(unicode)
ကယန်းဒေသတည်ငြိမ်အေးချမ်းမှုကို လေးစားတန်ဖိုးထားပေးနိုင်ရန် ကယန်းပြည်သစ်ပါတီ မေတ္တာရပ်ခံ
…………………………………………………………………………..

နေပြည်တော်၊ အောက်တိုဘာ ၇ (People Media)

ကယန်းဒေသ တည်ငြိမ်အေးချမ်းမှုကို လေးစားတန်ဖိုးထားပေးနိုင်ရန် ကယန်းပြည်သစ်ပါတီ မေတ္တာရပ်ခံ ကြောင်း သဘောထားကို ထုတ်ပြန်လိုက်သည်။

၁၉၉၄ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့တွင် ဘာသာရေးခေါင်းဆောင်အကြီးအကဲတို့မှ ကြားဝင်ညှိနှိုင်းပေးမှုကြောင့် ကယန်းပြည်သစ်ပါတီနှင့် နိုင်ငံတော် ငြိမ်းဝပ်ပိပြားမှု တည်ဆောင်ရေးအဖွဲ့ (နဝတ)တို့သည် အပစ်အခတ်ရပ်စဲ ၍ ဒေသဖွံဖြိုးရေးလုပ်ငန်းများ လက်တွဲပူးပေါင်းဆောင်ရွက်ရန်အတွက် နှစ်ဖက်သဘောတူ တည်ဆောင်သွား မည်ဖြစ်ကြောင်း တိုင်းသိပြည်သိ ကမ္ဘာသိ ထုတ်ဖော်ကြေညာခဲ့ကြောင်း သိရသည်။

ထိုနေ့ရက်မှစ၍ ဤသဘောထား ထုတ်ပြန်ကြေညာသည့် နေ့ရက်အထိ ကယန်းပြည်သစ်ပါတီ အခြေပြုသည့် တိုင်းနှင့်ပြည်နယ် (၄)ခုထိ နယ်မြေအတွင်း နိုင်ငံတော်အစိုးရအဆက်ဆက်တို့နှင့် လက်တွဲပူးပေါင်းပြီး ဒေသ ဖွံဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိနေစဉ် ၂၀၁၉ခုနှစ် ဒီဇင်ဘာလတွင် ကိုဗစ်-၁၉ ကူးစက်ရောဂါကို ရင်ဆိုင်ရသည့်အပြင် ၂၀၂ဝရွေးကောက်ပွဲနောက်ပွဲ နိုင်ငံရေးမတည်ငြိမ်မှုများမှတဆင့် ပြည်တွင်းစစ်ပွဲ ပဋိပက္ခအထိ ဖြစ်ပေါ်ခဲ့မှုများကြောင့် ကယန်းဒေသကျေးရွာများသို့ စစ်ဘေးရှောင်ပြည်သူအများအပြားတို့က နေထိုင်ခဲ့ကြရာ ကယန်းဒေသအတွင်းမှာ အထွေထွေလူနေမှု အခက်အခဲများ ကြီးမားစွာဖြစ်တည်လျက်ရှိ ကြောင်း သိရသည်။